
MPT “ရွှေအိပ်မက်” အစီအစဉ် ၏ ကံထူးရှင် (၇) ဦး ထွက်ပေါ်လာပြီဖြစ်
11 Dec 2020ရန်ကုန် ၂၀၂ဝပြည့်နှစ်၊ ဒီဇင်ဘာလ ၁၁ရက်
MPT “ရွှေအိပ်မက်အစီအစဉ်” ၏ ကံထူးရှင်များ ရွေးချယ်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့ က အွန်လိုင်း (MPT Facebook Page နှင့် MPT ရွှေအိပ်မက် Facebook Page) မှ တစ်ဆင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဆန်ကာတင်စာရင်းဝင် ဦးရေ (၇၀၀၀) ကျော်ထဲမှ ကံထူးရှင် (၇) ဦးအား MPT မှ တာဝန်ရှိသူများက သက်ဆိုင်ရာအိပ်မက်အမျိုးအစားအလိုက် ကံထူးရှင် အသီးသီးကို ရွေးချယ်ပေးခဲ့ပါသည်။
ကံထူးရှင်များရွေးချယ်ရာတွင် – လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်)၊
ရပ်ရွာအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ခြင်း၊ မိသားစု ဆိုသည့် အိပ်မက်အမျိုးအစား (၃) မျိုးမှ အိပ်မက်အမျိုးအစား (၁) ခုလျှင် ကံထူးရှင် (၂) ဦးစီရွေးချယ်ပေးခဲ့ဖြစ်ပြီး ကျန်သည့် ကံထူးရှင် (၁) ဦးအား အမျိုးအစား (၃) မျိုးလုံးမှ ရွေးချယ်ခဲ့ပါသည်။
“အနာဂတ်တွေ ပုံဖော်ဖို့ ရွှေအိပ်မက်နဲ့ ရှယ်လန်းစို့” အစီအစဉ်ကို လတ်တလောတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများအားလုံးအတွက် ပျော်ရွှင်မှုနဲ့ မျှော်လင့်ချက်များကို ယူဆောင်လာနိုင်ရန်၊ အိမ်မှာနေပြီး တီထွင်ဖန်တီးမှုများ၊ အိပ်မက်များကို ဖြည့်ဆည်းပေးနိုင်ရန် နှင့် ခိုင်မာသောလူ့အဖွဲ့အစည်းများ ဖော်ဆောင်နိုင်ရန်အတွက် MPT အနေဖြင့် ရွှေအိပ်မက်အစီအစဉ်မှ တစ်ဆင့် ကူညီပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစီအစဉ်၏ ကံစမ်းမဲကာလကို စက်တင်ဘာလ (၁၇) ရက်မှ အောက်တိုဘာလ (၇) ရက်နေ့အထိ သတ်မှတ်ကျင်းပခဲ့ပါသည်။
“ရွှေအိပ်မက်” အစီအစဉ်၏ ကံထူးရှင် ရွေးချယ်ပွဲ အခမ်းနားတွင် ကံထူးသွားကြသော ကံထူးရှင် (၇) ဦးမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
စဉ် | အိပ်မက်အမျိုးအစားများ | ကံထူးရှင်အမည် | Lucky နံပါတ် | နေရပ်လိပ်စာ | ဖုန်းနံပါတ် |
---|---|---|---|---|---|
၁ | မိသားစုအတွက် | ကိုအာကာမြင့်အောင် | ၁၆၉၄ | စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ | ၀၉-၄၅၃၉၁၀xxx |
၂ | မိသားစုအတွက် | ကိုစိုင်းအောင်လှိုင်မင်း | ၀၇၉၆ | မဟာအောင်မြေမြို့နယ်၊မန္တလေးတိုင်းဒေသကြီး။ | ၀၉-၂၆၁၂၅၉xxx |
၃ | လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်) | ကိုဆန်းလင်းအောင် | ၆၃၆၂ | မင်းလှမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။ | ၀၉-၄၂၁၈၉၁xxx |
၄ | လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်) | ကိုကျော်ရဲအောင် | ၅၈၄၇ | မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး။ | ၀၉-၄၀၂၆၇၁xxx |
၅ | ရပ်ရွာအဖွဲ့အစည်းများ အတွက် ကူညီထောက်ပံ့ခြင်း | မနိုင်းစိမ်း | ၇၀၅၃ | မင်းတပ်မြို့၊ ချင်းပြည်နယ်။ | ၀၉-၂၆၈၂၄၇xxx |
၆ | ရပ်ရွာအဖွဲ့အစည်းများ အတွက် ကူညီထောက်ပံ့ခြင်း | ကိုသန်းဇော်ဦး | ၇၂၃၀ | လှိုင်သာယာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး။ | ၀၉-၄၂၉၁၁၄xxx |
၇ | လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်) | သန်းသန်းချစ် | ၆၀၂၈ | ဟဲဟိုးမြို့၊ ရှမ်းပြည်နယ်တောင်ပိုင်း။ | ၀၉-၄၂၈၃၈၄xxx |
ဆက်လက်ပြီး ကံထူးရှင် (၇) ဦး၏ အိပ်မက်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အကြောင်းအရာများကို MPT ရွှေအိပ်မက် Facebook Page စာမျက်နှာ နှင့် MPT Facebook Page စာမျက်နှာများတွင် ဖော်ပြပေးသွားမည်ဖြစ်သည်။