×

MPT CONTINUES RENOVATING LANDMARK CLOCK TOWER AT SITTWE

15 Dec 2015

[:en](Yangon, December 15, 2015) MPT, Myanmar’s first and leading telecommunications company, has donated 310 Lakh to renovate the ancient and beautiful clock tower at Sittwe, which was built in 1887 as a birthday present to the British Queen Victoria. These renovations mean that the clock, which is an important landmark for the Rakhine people, will chime again for the first time in 20 years. The clock is being unveiled with an opening ceremony today, Arakan State Day.

The clock has been renovated structurally and mechanically as well as musically, and will now play a traditional Rakhine melody. This activity is part of MPT’s ongoing commitment to ‘Moving Myanmar Forward,’ with MPT’s CSR program also including the recent candle, shawl and financial donations for religious festivals throughout the month of November, and the forthcoming Vanity Number Auction, from which all proceeds will be going towards helping provide electricity to Myanmar people living in rural areas. The auction will be held in Yangon on December 19th.

Mr. Yoshiaki Benino, Chief Operating Officer of MPT-KSGM Joint Operation, said “MPT is committed to improving the lives of the Myanmar people, by helping promote development, and also by preserving landmarks that are important culturally to Myanmar. This clock tower has stood for 128 years, and we hope that as a result of these renovations, it stands for another 128!”[:my]ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ၁၈၈၇ ခုနှစ်တွင် ဗြိတိသျှဘုရင်မ ဗစ်တိုးရီးယား၏ မွေးနေ့အထိမ်းအမှတ် အဖြစ် တည်ဆောက်ခဲ့သည့် စစ်တွေမြို့ရှိ မြို့ဂုဏ်ဆောင် နာရီစင်ကြီးအား သိန်း ၃၁၀ အကုန်အကျခံ၍ ပြင်ဆင်ရန်လှူဒါန်းခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ဤပြုပြင်မှုသည် ရခိုင်လူမျိုးများနှင့် စစ်တွေမြို့၏ အရေးကြီးသောအထိမ်းအမှတ်ဖြစ်သည့် နာရီစင်ကြီးကို နှစ်ပေါင်း ၂၀ အတွင်း ပြန်လည်အလုပ်လုပ်နိုင်ရန် ပြုပြင်ခြင်းဖြစ်သည်။ ယနေ့ ရခိုင်အမျိုးသားနေ့တွင် နာရီစင်ကြီး ပြင်ဆင်မှုအား အခမ်းအနားဖြင့် ဖွင့်လှစ်မည်ဖြစ်သည်။

နာရီစင်ကြီးအား စက်ပိုင်းဆိုင်ရာပြုပြင်ခြင်း နှင့် ကိုယ်ထည်ပိုင်းဆိုင်ရာ ပြင်ဆင်ခြင်းအပြင် နာရီစင်အသံပိုင်းစနစ်ပြင်ဆင်ခြင်းအတွက်လည်း ရခိုင်ရိုးရာတေးသံများလည်း ထည့်သွင်းထားရှိမည်ဖြစ်သည်။ ဤသို့ပြင်ဆင်ခြင်းအား လှူဒါန်းမှုသည်၊ နိုဝင်ဘာလ ရိုးရာပွဲတော်များအတွင်း ဆီမီးများ ဘုရားပူဇော်သည့်သဘက်များနှင့် ငွေလှူဒါန်းမှုများပြုလုပ်ခြင်း၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်  နံပါတ်အလှများ လေလံတင်ရောင်းချငွေဖြင့် ကျေးလက်ဒေသများရှိ မီးမရရှိသောနေရာများသို့ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များလှူဒါန်းခြင်းစသည့် လူမှုအကျိုးပြုလုပ်ငန်းများသို့ MPT ၏ “ရှေ့သို့လှမ်းချီမြန်မာပြည်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ပရဟိတလုပ်ငန်းများလုပ်ဆောင်ခြင်းဖြင့် လှူဒါန်းဆောင်ရွက်ခြင်းဖြစ်သည်။

MPT-KSGM Joint Operation ၏ Chief Operating Officer ဖြစ်သူ Mr. Yoshiaki Benino က “မြန်မာပြည်သူပြည်သားတွေ ဘဝတွေတိုးတက်ဖို့ လုပ်ဆောင်ရင်း မြန်မာလူမျိုးတို့အတွက် ရိုးရာဓလေ့အရ အရေးကြီးတဲ့ အထိမ်းအမှတ်တွေကိုလည်း ထိန်းသိမ်းမှုတွေ MPTက လုပ်ဆောင်ပေးချင်ပါတယ်၊ ဒီနာရီစင်ကြီးက ဒီဒေသမှာ ရှိနေခဲ့တာ နှစ်ပေါင်း ၁၂၈ နှစ်ရှိပါပြီ၊ ခုလိုပြင်ဆင်ထိန်းသိမ်းခြင်းအားဖြင့် နောက်ထပ်နှစ်ပေါင်း ၁၂၈ နှစ်ထက်မက ရပ်တည်နေဖို့ မျှော်လင့်ပါတယ်”။[:]