×

MPT to welcome New Year at Minder Field with all Myanmar people

24 Dec 2015

[:en]Yangon, Myanmar, December 24, 2015 –Myanma Posts and Telecommunications (MPT), the first and leading telecommunications operator in Myanmar, announced today that it will celebrate the New Year countdown on December 31 with a concert and fireworks at Minder Field in Yangon. Open to everyone for free, this event will bring MPT and the Myanmar people together, to welcome in 2016.
On December 31, festivities arranged by MTP will start from 7 pm, with a music concert at Yangon Minder Field featuring many famous artists, including performances from Yan Yan Chan, G-tone, Ar T, Wai La, Aung Htet, Thar Gan, Lil’ Z, Chan Aye Win, Bo Lay, Ni Ni Khin Zaw, Wyne Lay, Jenevy, and Eaint Chit.
Following the concert, when the party is in full swing, there will be the excitement and enjoyment filled countdown to midnight. And, when the clock strikes 12, the people will be treated to a breathtaking fireworks display, to celebrate the turn of the year into 2016 with sparkles and light.
“The New Year celebrations at Minder Field are now becoming a popular Myanmar lifestyle. MPT has been with the Myanmar people for more than 130 years and we are thrilled to celebrate another year with everyone, and spend this special moment with all the Myanmar people. Together, we will celebrate the New Year. And for 2016, MPT will have many more exciting news to connect all the Myanmar people,” said Mr. Koichi Kawase, Chief Commercial Officer of MPT-KSGM Joint Operation.
The event will be broadcast live on MRTV-4, Channel – 7, 4HD and for Tunes for those who can’t join the event in person. Minder Field is a 6.4-hectare site in Myoma Ground which is located about two kilometer from the Shwedagon Pagoda, the city’s famous landmark.[:my]ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဒီဇင်ဘာလ ၃၁ ရက်၏ နှစ်သစ်ကူးညတွင် ရန်ကုန်မြို့မိုင်တာကွင်း၌ နှစ်သစ်ကူးကြိုဆိုပွဲကို ဂီတဖျော်ဖြေပွဲများ မီးရှူးမီးပန်းများဖြင့် ကျင်းပမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။ ၂၀၁၆ ခုနှစ်ကို မြန်မာပြည်သူပြည်သားများနှင့် အတူတကွပျော်ရွှင်ဆင်နွှဲနိုင်ရန်အတွက် ပါဝင်လိုသူတိုင်း ဝင်ကြေးအခမဲ့ဖြင့်ပါဝင်နိုင်မည်ဖြစ်သည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့၏ ည ၇ နာရီမှစ၍ ရန်ကုန်မြို့ မိုင်တာကွင်း၌ MPT မှစီစဉ်ထားသော ပျော်ရွှင်စရာအစီအစဉ်များကို စတင်မည်ဖြစ်ပြီး ဂီတဖျော်ဖြေမှုများကို နာမည်ကျော်တေးသံရှင်များဖြစ်သည့် ရန်ရန်ချန်း၊ ဂျီ-တုန်း၊ အားတီ၊ ဝေလ၊ အောင်ထက်၊ သားဂန်း၊ Lil’Z၊ ချမ်းအေးဝင်း၊ ဘိုလေး၊ နီနီခင်ဇော်၊ ဝိုင်းလေး၊ ဂျနဗီနှင့် အိမ့်ချစ်တို့မှ ဖျော်ဖြေမည်ဖြစ်သည်။

ဖျော်ဖြေပွဲများပြုလုပ်ကာ ပျော်ရွှင်မှုများရရှိလာသည်နှင့်အမျှ သန်းခေါင်ယံအချိန်တွင် စိတ်လှုပ်ရှားမှုနှင့် တက်ကြွမှုများဖြင့် နှစ်သစ်ကိုကြိုဆိုနိုင်မည်ဖြစ်သည်။ ၁၂ နာရီထိုးသည့်အချိန်တွင် ပါဝင်ဆင်နွှဲသူများသည် လှပဆန်းကြယ်သော မီးရှူးမီးပန်း များကို ကြည့်ရှုခံစားကာ ၂၀၁၆ နှစ်သစ်ကို အလင်းရောင်များ ပျော်ရွှင်မှုများဖြင့် ကြိုဆိုနိုင်မည်ဖြစ်သည်။

“နှစ်သစ်ကူးညကြိုဆိုပွဲတွေက မြန်မာပြည်မှာလည်း နောက်ပိုင်းခေတ်စားလာတဲ့ ဓလေ့တစ်ခုဖြစ်နေပါပြီ၊ မြန်မာ့ဆက် သွယ်ရေးဟာ မြန်မာပြည်သူတွေအတွက် နှစ်ပေါင်း ၁၃၀ ကျော် ဝန်ဆောင်မှုပေးလာခဲ့ပြီး အခုလည်း အားလုံးနဲ့အတူ နှစ်သစ်ကူးကြိုဆိုပွဲကို ဆင်နွှဲချင်ပါတယ်၊ ၂၀၁၆ မှာလည်း မြန်မာပြည်သူတွေအချင်းချင်းဆက်သွယ်နိုင်ဖို့ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အစီအစဉ်အသစ်တွေကို လုပ်ဆောင်ပေးသွားမှာပါ”ဟု MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က ပြောသည်။

ပွဲတော်ကို ကိုယ်တိုင် လာရောက်ဆင်နွှဲနိုင်ခြင်းမရှိသူများအတွက် MRTV-4, Channel – 7, 4HD နှင့် for Tunes တီဗွီများမှလည်း တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။ မိုင်တာကွင်းသည် ၆.၄ ဟက်တာ အကျယ်အဝန်းရှိသော မြို့မကွင်းဖြစ်ပြီး ရန်ကုန်မြို့၏ အထိမ်းအမှတ်ဖြစ်သည့် ရွှေတိဂုံစေတီတော်နှင့်လည်း ၂ ကီလိုမီတာသာ ကွာဝေးသည်။

[:]