MPT Myanmar | Moving Myanmar ForwardTROUBLESHOOTING TEST - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt myanmar

MPT ၏ အိမ်သုံးအင်တာနက် ဝန်ဆောင်မှု

ဝိုင်ဖိုင် username နှင့် password ပြောင်းရန် လမ်းညွှန်

HUAWEI ONU သုံးစွဲသူများအတွက်,

သုံးစွဲသူမှ ဝိုင်ဖိုင် username နှင့် password ကို ပြောင်းလဲလိုလျှင် ကျေးဇူးပြု၍ hotline no 2800 သို့ ဖုန်းခေါ်ဆိုမှု ပြုလုပ်ပေးပါ။ MPT နည်းပညာ အဖွဲ့မှ သုံးစွဲသူထံသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုမည် ဖြစ်ပြီး သုံးစွဲသူအနေဖြင့် အောက်ပါ လုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။

STEP-1

FTTH ဝန်ဆောင်မှု၏ LAN network (သို့) wireless network ကို ချိတ်ဆက်ပေးပါ။

ကျေးဇူးပြု၍ uername နှင့် password ပြောင်းရန် FTTH ဝန်ဆောင်မှု၏ LAN network (သို့) wireless network ကို ချိတ်ဆက်ပေးပါ။

ONU Log-in page သို့ သွားပါ။

Web browser ကို ဖွင့် ၍ 192.168.100.1 ကို ရိုက်ထည့်ပါ။

STEP-2

Username နှင့် password ရိုက်ထည့်ပါ။

MPTမှ သုံးစွဲသူကို username နှင့် password တစ်ကြိမ် ရိုက်ထည့်ရန် ထောက်ပံ့ပေးမည် ဖြစ်ပါသည်။ ကျေးဇူးပြု ၍ သုံးစွဲသူမှ username နှင့် password ကို ရိုက်ထည့်ပါ။

STEP-3

WLAN Tab ကို ရွေးပါ။

Username နှင့် password အသစ်ပြုလုပ်ရန် “WLAN” tab သို့ သွားပါ။

STEP-4

Wifi username နှင့် password အသစ်ကို ရိုက်ထည့်ပါ။

ဝိုင်ဖိုင် username အသစ်ကို “SSID Name” ထဲတွင် ရိုက်ထည့်ပါ။

ဝိုင်ဖိုင် password အသစ်ကို “WPA PresharedKey:” ထဲတွင် ရိုက်ထည့်ပါ။

STEP-5

Wifi username နှင့် password အသစ်ကို အသုံးပြုပါ။

Wifi username နှင့် password အသစ်ကို အသုံးပြုရန် Apply ကို နှိပ်ပါ။

STEP-6

Wifi-router ကို reboot ပြုလုပ်ပါ။

လူကြီးမင်း ၏ wifi-router တွင် reboot ဖြစ်ရန် power on-off ခလုတ်ကို ၂ ချက်နှိပ်ပေးပါ။

STEP-7

Wifi connection ကို စစ်ဆေးပါ။

လူကြီးမင်း ၏ စက်တွင် ဝိုင်ဖိုင် ကို ချိတ်ဆက်ပြီး အင်တာနက် ပြန်သုံးကြည့်ပါ။

ဝိုင်ဖိုင်နှင့် အင်တာနက် ချိတ်ဆက်ရန် အခက်အခဲ ဖြစ်နေသေးပါက ကျေးဇူးပြု၍ hotline no 2800 သို့ ဖုန်းခေါ်ဆိုမှု ပြုလုပ်ပေးပါ။

HUAWEI ONU  Wifi Setting Guide Click here>>> PDF link