×

ကမ္ဘာနှင့်အဝန်း ဆက်သွယ်ချိတ်ဆက်နိုင်မည့် IP-VPN Global Connection

13 Oct 2017

(ရန်ကုန်၊ ၁၃ ရက်၊ အောက်တိုဘာ၊ ၂၀၁၇) – အထူးလုံခြုံစိတ်ချရမှုရှိပြီး တစ်ကိုယ်ရည်သီးသန့် အသုံးပြုနိုင်မည့်အပြင် ပြောင်းလွယ်ပြင်လွယ်ရှိကာ ဘက်စုံစီမံကွပ်ကဲနိုင်သော ကွန်ရက်ဝန်ဆောင်မှု တစ်ခုဖြစ်သည့် MPT ၏ IP-VPN Global Connection ကိုအသုံးပြုခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ၊ အင်တာပရိုက်လုပ်ငန်းစုများ၊ အစိုးရအဖွဲ့အစည်းများ စသည့်လုပ်ငန်းများ အနေဖြင့် ၎င်းတို့၏လုပ်ငန်း ရုံးခန်းများရှိရာ မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်သို့ ချိတ်ဆက်နိုင်ပြီ ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်ပါသည်။

မြန်မာနိုင်ငံအတွင်း ပထမဆုံးအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည့် MPT ၏ IP-VPN Global Connection သည် တစ်သီးပုဂ္ဂလဖြစ်ပြီး လုံခြံုစိတ်ချရကာ တည်ငြိမ်မှုရှိသော Multi-Protocol Label Switching (MPLS) နည်းပညာကို အခြေပြုထားပါသည်။ ယင်းသို့အခြေပြုထားသည့် နည်းပညာသုံး wide area network (WAN) ဝန်ဆောင်မှုဖြင့် ကုန်းပိုင်းဆက်သွယ်ရေးလမ်းကြောင်း ၄ ခုနှင့် ရေအောက်ဆက်သွယ်ရေး လမ်းကြောင်း ၂ ခု အပေါ်တွင် ရယူဆောင်ရွက် ထားသောကြောင့် စီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုသူများအနေဖြင့် နိုင်ငံတကာနှင့် ချိတ်ဆက်ခြင်းတွင် လုံခြံုစိတ်ချ ခိုင်မာမှုရှိသည့် IP-VPN စနစ်ကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။

ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် ၎င်းတို့၏ မြန်မာနိုင်ငံရှိ ပြည်တွင်းဒေတာကွန်ရက်မှတစ်ဆင့် နိုင်ငံရပ်ခြားရှိ နေရာဒေသများသို့ “ တစ်နေရာထဲတွင်အပြီးမှာယူခြင်း” နှင့် “ တစ်နေရာထဲတွင်အပြီးငွေပေးချေခြင်း” စနစ် ကို အသုံးပြုပြီး လွယ်ကူစွာကွန်ရက်ချဲ့ထွင်နိုင်မည် ဖြစ်ပါသည်။ ထို့ ကြောင့် နိုင်ငံတွင်းနှင့် နိုင်ငံရပ်ခြားမှ IP-VPN အသုံးပြုမှု ရယူထားသည့် သက်ဆိုင်ရာ access line ဝန်ဆောင်ခများကို တစ်နေရာတည်းတွင် ပေးဆောင်နိုင်မည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ MPT ရဲ့ IP-VPN Global Connection စနစ်က လုံခြံုစိတ်ချရမှုရှိပြီး အရည်အသွေးမြင့် အင်တာနက် နည်းပညာကွန်ရက်တစ်ခုဖြစ်ပြီး ချဲ့ထွင်တာနဲ့ ပြုပြင်ပြောင်းလဲတာတွေကို အလွယ်ကူဆုံးပြုလုပ်နိုင်တဲ့အပြင် သုံးစွဲသူတွေကိုလည်း မြန်နှုန်းမြင့် ကမ္ဘာအနှံ့ကွန်ရက်တစ်ခုကို တစ်နေရာတည်းမှာ အပြီးရယူနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုနိုင်ငံဖြတ်ကျော်ပြီး ကွန်ရက်ချိတ်ဆက်ပေးနိုင်မှုဟာ မြန်မာနိုင်ငံမှာ ပထဆုံး ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ ဝန်ဆောင်မှုတစ်ခုလည်းဖြစ်ပြီး တိုးတက်ကြီးထွားလာနေတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လိုအပ်ချက်တွေကို ခေတ်မီဝန်ဆောင်မှုတွေနဲ့အတူ အထောက်အပံ့ပေးနိုင်ရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဦးတည်ချက်နဲ့အညီ အခုလို ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။” ဟု ပြောကြားသည်။

MPT က နိုင်ငံတွင်း IP-VPN ဝန်ဆောင်မှုကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ပထမဆုံးအနေနှင့် တစ်နိုင်ငံလုံးအသုံးပြုနိုင်သော ဝန်ဆောင်မှုတစ်ခု ဖြစ်ခဲ့ကာ ရိုးရှင်းသော ကွန်ရက်တည်ဆောက်ပုံ၊ ထိုစဉ်ကစျေးကွက်အတွင်း အသုံးပြုနေသည့် အငှားကွန်ရက်လိုင်းများထက် ပိုပြီးချိုသာသောစျေးနှုန်းနှင့် မြင့်မားသော လုံခြံုမှုအဆင့်အတန်းတို့ဖြင့် ဆောင်ရွက်ပေးခဲ့ပါသည်။ အသုံးပြုသူများအတွက် ကိုယ်ပိုင်သီးသန့် ကွန်ရက်တစ်ခု ရယူရန်အတွက် ကုန်ကျစရိတ် လျော့ကျသွားခြင်း၊ တစ်နေရာတည်းတွင်ရောင်းချပေးနိုင်သဖြင့် အရှုပ်အရှင်းပိုမိုနည်းပါးသည့်အတွက် စီမံခန့်ခွဲရာတွင် ပိုမိုရိုးရှင်းလွယ်ကူခြင်း၊ ကွန်ရက်တစ်ခုတည်းတွင် ဒေတာကို သယ်ဆောင် အသုံးပြုနိုင်သောကြောင့် အသုံးစရိတ် ပိုမိုတွက်ချေကိုက်ခြင်း၊ စွမ်းဆောင်ရည်ကို စီမံခန့်ခွဲမှုနှင့် သတင်းပေးပို့မှု ပိုမိုကောင်းမွန်ခြင်း စသော အကျိုးအမြတ်များကို ခံစားခဲ့ရပါသည်။

MPT သည် ယခုအခါ ၎င်း၏ IP-VPN ကွန်ရက်ဆက်သွယ်မှုကို နိုင်ငံတကာအဆင့် ဝန်ဆောင်မှုသို့ မြှင့်တင်နိုင်ခဲ့ပြီး ကွန်ရက်ပြတ်တောက်ခဲ့ပါက သုံးစွဲသူထံ ငွေပြန်အမ်းမည့် အချက်များပါဝင်သော ဝန်ဆောင်မှုအဆင့် သဘောတူညီချက် (SLA)အပြင် သုံးစွဲသူများ ပိုမိုအကျိုးသက်ရောက်မှုရှိစေရန် ပြည်ပသို့ ဆက်သွယ်မှု တိုးချဲ့ကာ မြန်မာကုမ္ပဏီများကို ကမ္ဘာ့စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ရန်အတွက် အားပေးထောက်ပံ့လျက် ရှိပါသည်။

MPT ၏ နိုင်ငံတကာသို့ ချိတ်ဆက်နိုင်မည့် ဆက်သွယ်မှုအသစ် IP-VPN Global Connectivity အကြောင်း ထပ်မံသိရှိလိုပါက [email protected] သို့မဟုတ် Hotline +959426000323 တို့ကိုခေါ်ဆိုပြီး B2B အရောင်းဌာနမှတစ်ဆင့် MPT စီးပွားရေးလုပ်ငန်း ဌာနခွဲသို့ ဆက်သွယ်နိုင်ပါသည်။