GENERAL » ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ အတွက်သာ ရည်ရွယ်သော ဆင်းမ်ကတ်များ
ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအတွက်သာရည်ရွယ်သော ဆင်းမ်ကတ်များ
1. ယခုအသစ်ထွက်ရှိမည့် MPT's Tourist SIM card အားမည်သည့်နေရာတွင် ဝယ်ယူရရှိနိုင်မည်နည်း?
ရန်ကုန် လေဆိပ်၊ ရန်ကုန်, မန္တလေး, နေပြည်တော်,ပုဂံ နှင့် အင်းလေးဒေသများမှ အထင်ကရ ဟိုတယ်များနှင့် နိုင်ငံခြားသားဧည့်သည်များ သွားရောက် တတ်သည့် နေရာများတွင် ၀ယ်ယူရရှိနိုင်ပါသည်။
2. အကယ်၍မြန်မာပြည်သို့နောက်တစ်ခေါက်ပြန်လာသောအခါ ပထမအသုံးပြုခဲ့သော ဖုန်းကတ်ကိုပဲ သုံးလျှင်ရနိုင်ပါသလား?
အကယ်၍ သက်တမ်းမကုန်ခင် ရက် ၉၀ အတွင်း ဆိုပါက အသုံးပြုနိုင်ပါသည်။
3. အသုံးပြုနိုင်ရန်ဘယ်လို activate လုပ်ရပါ့မလဲ?
ပထမဆုံး ဖုန်းခေါ်ဆိုကြည့်ပါ (သို့) *124# ရိုက် ပြီး ခေါ်လိုက်ပါ။
4. ဖုန်းကဒ်ထဲတွင် ငွေဖြည့်ထားမထား ဘယ်လိုသိရှိနိုင်ပါမလဲ?
Activate ပြုလိုက်ပြီးသောအခါ အသင့်ဖြည့်ပြီးသော ငွေကျပ် ၅၀၀၀နှင့် အင်တာနက်အသုံးပြုရန် 1.5 GB မှာ အဆင်သင့် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။
5. ရရှိထားသော အသင့်ဖြည့်ပီးသော ငွေကျပ် ၅၀၀၀ နှင့်အင်တာနက် အသုံးပြုရန်ရရှိသော 1.5GB အတွက် ဘယ်အချိန်အထိ ခံစားခွင့်ရှိပါသနည်း?
ဖုန်းကဒ် စတင်အသုံးပြုချိန်မှစ၍ ၁၀ရက်မြောက်နေ့ ည ၁၁နာရီ ၅၉မိနစ် ၅၉စက္ကန့်အထိ အသုံးပြုခွင့်ရရှိပါမည်။ ၁၁ရက်မြောက်နေ့မှစ၍ ထိုဖုန်းကဒ်မှာ ဆွေသဟာ အစီအစဉ် အနေဖြင့် ဆက်လက်အသုံးပြုနိုင်မှာ ဖြစ်ပါသည်။
6. အကယ်၍ ပထမ ၁၀ရက်အတွင်းငွေထပ်မံဖြည့်ပါက မည်သည့်အချိန်အထိ သုံးစွဲခွင့်ရမည်နည်း?
ငွေထပ်ဖြည့်မည့် ပမာဏကို မူတည်၍ အသုံးပြုခွင့် ကုန်ဆုံးရက်များကို ရရှိမှာ ဖြစ်ပါသည်။ အသင့်ဖြည့်ပြီးသော ငွေကျပ်၅၀၀၀ နှင့် အင်တာနက် အသုံးပြုခွင့် 1.5GB ကတော့ ၁၀ရက်သာ ရရှိမည် ဖြစ်ပါသည်။
7. အကယ်၍ ငွေဆက်လက်၍ ထပ်မံမဖြည့်ပါက ထိုဖုန်းကဒ်မှာ ဆက်သွယ်ခွင့်ပိတ်သွားမည်လား?
အကယ်၍ ငွေဆက်လက်၍ထပ်မံ မဖြည့်ပါက ရက်ပေါင်း ၉၀ ကျော်သောအခါ ထိုဖုန်းကဒ်မှာ အသုံးပြုခွင့် ပိတ်သွားမည် ဖြစ်ပါသည်။
8. ငွေလက်ကျန်ရှိမရှိမည်သို့စစ်ဆေးရမည်နည်း?
*124#ရိုက် ပြီး ခေါ်ဆိုခြင်းဖြင့်သော် လည်းကောင်း၊ 1331 သို့ BAL ရိုက်ပြီးပေးပို့ခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။