×

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအတွက်သာရည်ရွယ်သော ဆင်းမ်ကတ်များကိုMPT မှ စတင်ရောင်းချ

30 Nov 2015

[:my]ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် –ရှေ့ဆောင်အစီအစဉ်သစ် တစ်ခုအနေဖြင့်  မြန်မာနိုင်ငံသို့လာရောက်သော ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအတွက် ရည်ရွယ်သည့် သီးသန့်ဆင်းမ်ကတ်များကို ထုတ်လုပ်ရောင်းချသော အစီအစဉ်ကို မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ကစတင်လိုက်ပြီဖြစ်သည်။ မြန်မာနိုင်ငံသို့ လာရောက်သောကမ္ဘာလှည်ခရီးသွားဧည့်သည်များအနေဖြင့် ဖုန်းခေါ်ဆိုမှု နှင့် အင်တာနက်အသုံးပြုမှုအတွက်ပါ ငွေကြိုတင်ဖြည့်သွင်းထားသည့် တယ်လီဖုန်းဆင်း(မ်)ကတ်များကို ဝယ်ယူအသုံးပြုနိုင်တော့မည်ဖြစ်သည်။

ကမ္ဘာတဝှမ်းတွင် ခေတ်စားလာသော “ အမြဲချိတ်ဆက်နေရမည်” ဟူသည့် ခရီးသွားများအတွက် အဓိကအချက်သည် ဆက်သွယ်ရေးအော်ပရေတာများအတွက် စိန်ခေါ်မှုအသစ်တစ်ခုဖြစ်လာခဲ့သည်။ မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT က သီးသန့်ဝန်ဆောင်မှုတစ်ခုကိုယခုကဲ့သို့ ရှေ့ပြေးစတင်လိုက်ခြင်းဖြစ်သည်။ ဤဆင်းမ်ကတ်အသစ်များအတွက် ဈေးနှုန်းမှာ တစ် သောင်းကျပ်သာကျသင့်မည်ဖြစ်ပါသည်။ အဆိုပါ ဆင်းကတ်တွင်

  • အင်တာနက်ကို 1.5 GB အထိအသုံးပြုနိုင်ခြင်း။
  • ဖုန်းခေါ်ဆိုမှုနှင့် စာတိုပေးပို့မှုအတွက် အသုံးပြုရန် လက်ကျန်ငွေ ၅ ထောင်ကျပ် ပါဝင်မည်ဖြစ်သည်။ (ပြည်တွင်းဖုန်းခေါ်ဆိုမှုများနှင့် စာတိုပေးပို့မှုတို့ကိုဆွေသဟာအစီအစဉ်မှ ဈေးနှုန်းများအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပြီး နိုင်ငံတကာသို့လည်း ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်သည်။)

“ ခရီးသွားရာသီစတင်လာတာနဲ့ တစ်ကမ္ဘာလုံးကနေရောက်လာမယ့် သန်းပေါင်းများစွာသောခရီးသွားတွေကို ကြိုဆိုဖို့ မြန်မာနိုင်ငံကအဆင်သင့်ဖြစ်နေပါပြီ” ဟုMPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ပြောသည်။ “ ဒီနေ့ခေတ်မှာကမ္ဘာလှည်ခရီးသွားဧည့်သည် တော်တော်များများက အင်တာနက်ကိုအမြဲသုံးတဲ့သူတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာအနေနဲ့ ဒီလိုရှေ့ဆောင်အစီအစဉ်သစ်တစ်ခုအနေဖြင့် ယခုလိုဝန်ဆောင်မှုတွေကို စတင်ရင်းလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့မှာတာဝန်ရှိတယ်လို့ ခံယူထားပါတယ်။ ငွေကြိုဖြည့်ပေးထားတဲ့ ဆင်း(မ်)ကတ်တွေကို ရောင်းချပေးရင်း ခရီးသွားဧည့်သည်တွေကို အတွေ့အကြုံအသစ်တွေ ခံစားစေလိုပါတယ်။ မြန်မာပြည်ကိုလာရောက်လည်ပတ်တဲ့ ဧည့်သည်တိုင်းက မြန်မာပြည်ရဲ့အကြီးဆုံး ဆက်သွယ်ရေးကွန်ရက်ဖြစ်တဲ့ MPT ကွန်ရက်ကိုချိတ်ဆက်ပြီးတနိုင်ငံလုံးအနှံ့ ခရီးသွားလာရင်းအဆင့်မြင့် 3G နည်းပညာတွေကိုခံစားအသုံးပြုနိုင်မှာပါ” ဟု Mr. Koichi Kawase က ဆက်လက်ပြောကြားသည်။

MPT ၏ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအတွက်ထုတ်လုပ်ရောင်းချသည့် ဆင်းမ်ကတ်၏ အင်တာနက်ဒေတာ 1.5 GB နှင့် ဖုန်းငွေ ၅ ထောင်ကို ၁၀ ရက်အတွင်းအသုံးပြုနိုင်မည်ဖြစ်သည်။ သတ်မှတ်ရက်ကုန်ဆုံးချိန်တွင် ဆက်လက်အသုံးပြုလိုပါကဆွေသဟာဆင်းမ်ကတ်များအသုံးပြုသကဲ့သို့ ကြိုတင်ငွေဖြည့်ကတ်ဝယ်ယူကာ ဖြည့်စွက်အသုံးပြုနိုင်သည်။ လက်ရှိတွင် MPT ၏ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအတွက် ဆင်း(မ်)ကတ်များကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ MPT အရောင်းကောင်တာတွင် အဆင်ပြေလွယ်ကူစွာဝယ်ယူနိုင်မည်ဖြစ်သည်။

မကြာမီအချိန်အတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် အဝင်အထွက်များသည့် ဒေသများရှိဟိုတယ်များနှင့် ခရီးသွားဝန်ဆောင်မှု ကိုယ်စားလှယ်များထံတွင်ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

MPT သည် သုံးစွဲသူများ၏ အကြံပေးမှုများနှင့် တုံ့ပြန်မှုများကိုအလေးထားဆောင်ရွက်လျက်ရှိသည်။ သုံးစွဲသူများအားဝန်ဆောင်မှုပေးခြင်းနှင့် တုံ့ပြန်မှုများကိုနားထောင်ခြင်း၊ လူမှုကွန်ရက်များတွင် MPT အကြောင်းအသိပေးခြင်းနှင့် အကြံပေးမှုများကိုဆောင်ရွက်လျက်ရှိခြင်းနှင့် လှူဒါန်းမှုများအားလုပ်ဆောင်ခြင်းစသည်တို့ကို ပြုလုပ်ရင်း မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိပါသည်။[:]