×

ကံထူးရှင် အယောက် ၂၀ အား MPT ၏ သုံးစွဲသူပေါင်း သန်း ၂၀ ပြည့် ကံစမ်းမဲအစီအစဉ် အဖြစ် ဆုမဲများကျပ် သိန်း ၂၀ တန်ဖိုးရှိ ဖုန်းငွေဖြည့်ခြင်းချီးမြှင့်

10 Jun 2016

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်) — မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း MPT ၏ သုံးစွဲသူ သန်း ၂၀ ပြည့် ကံစမ်းမဲအစီအစဉ်မှ ကျပ် သိန်း ၂၀ တန်ဖိုးရှိ ဖုန်းငွေဖြည့်ခြင်း လက်ဆောင် ဆုမဲများ၏ ကံထူးရှင် အယောက် ၂၀ ကိုရွေးချယ်ပြီး ယင်းတို့၏စာရင်းကို ထုတ်ပြန် ကြေညာလိုက်ပြီဖြစ်သည်။

MPT ကို သုံးစွဲသူ သန်း ၂၀ ပြည့်မြောက်ခြင်းအထိမ်းအမှတ်အဖြစ် သုံးစွဲသူ တစ်ယောက်ချင်းစီတိုင်းအား ကျေးဇူး တုံ့ပြန်သည့် အနေဖြင့် MPT သုံးစွဲသူအားလုံးပါဝင်နိုင်သည့် ကံစမ်းမဲအစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို ကံစမ်းမဲအစီအစဉ်တွင် ပါဝင်လိုသူများသည် မေလ ၂၀ မှ ဇွန်လ ၂ ရက်နေ့အတွင်း မိမိတို့၏ ဖုန်းနံပါတ်များကို အခမဲ့ စာတိုပေးပို့ခြင်းဖြင့်စာရင်းသွင်းနိုင်ပြီး ကျပ် သိန်း ၂၀၊ ၂ သိန်း၊ ၂ သောင်း၊ ၂ ထောင်နှင့် ၂ ရာတန်ဖိုးရှိသော ဖုန်းငွေဖြည့်ခြင်းလက်ဆောင် ဆုမဲများကို ရရှိနိုင်မည်ဖြစ်သည်။

ထိုအစီအစဉ်အတွက် MPT ၏ GSM/WCDMA/CDMA ကတ်များဖြင့် ကြိုတင်ငွေပေးချေစနစ်ဖြစ်စေ၊ သှံးစွဲပြီးမှ ငွေပေးချေသည့်စနစ်ဖြင့် ဖြစ်စေ အသုံးပြုသူတိုင်းပါဝင်နိုင်ပြီး မိမိတို့နံပါတ်များကို စာတိုပေးပို့ခြင်းဖြင့် ငွေဖြည့်ပမာဏဆုမဲများ ကံထူးခွင့်ရနိုင်မည်ဖြစ်သည်။ ရရှိသော ဖုန်းလက်ကျန်ငွေများကို MPT နံပါတ်များအချင်းချင်းသို့ ခေါ်ဆိုရာတွင် လည်းကောင်း၊ အင်တာနက်သုံးစွဲရာတွင်လည်းကောင်း (သုံးစွဲမှုကျသလောက် ဝန်ဆောင်ခပေးဆောင်ရသော စနစ်ဖြစ်စေ၊ package များဝယ်ယူ၍ ဖြစ်စေ) အသုံးပြုနိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “ဒီ သုံးစွဲသူ သန်း ၂၀ ပြည့်မြောက်ခြင်း မှတ်တိုင်သစ်အဖြစ် ပြုလုပ်တဲ့ ကံစမ်းမဲအစီအစဉ်ဟာ ကျွန်တော်တို့ MPT သုံးစွဲသူတိုင်း အတွက်ဖြစ်ပြီး လူတိုင်းကလည်း စိတ်ဝင်စားစွာ ပါဝင်တာတွေ့ရတဲ့အတွက် တကယ်ကို ဝမ်းသာစရာဖြစ်ခဲ့ပါတယ်၊ MPT ကနေပြီးတော့ ဆုမဲပေါက်သွားတဲ့ ကံထူးရှင်တွေအတွက် ဂုဏ်ယူပါတယ်၊ ဒီအစီအစဉ်မှာပါဝင်ခဲ့တဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်၊ ရှေ့သို့လှမ်းချီ မြန်မာပြည် ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်နဲ့အညီ ရှေ့ဆက်ပြီးတော့ လည်း စိတ်ဝင်စားစရာကောင်းတဲ့ ပရိုမိုးရှင်းတွေနဲ့ ငွေကုန်ကြေးကျသက်သာမယ့် အစီအစဉ်တွေကို ပြုလုပ်ပေးပြီး သုံးစွဲသူတွေရဲ့ အစဉ်တစိုက်အားပေးမှုကို ကျေးဇူးတင်တဲ့အနေနဲ့ ဂုဏ်ပြုပေးသွားဦးမှာပါ” ဟု ပြောသည်။

ဖုန်းလက်ကျန်ငွေ ကျပ် ၂ သန်းဆုကို ဆွတ်ခူးသွားသည့် ကံထူးရှင်များမှာ —
(၁) မန္တလေး မဟာအောင်မြေ မြို့နယ်မှ မချို (09-2053XXX)
(၂) ဟဲဟိုးမြို့မှ ကိုကျော်မျိုးငြိမ်း (09-428333XXX)
(၃) အင်္ဂပူမြို့နယ်မှ ဦးကံထွန်း (09-250119XXX)
(၄) အမ်းမြို့မှ ကိုထွန်းအောင်ကျော် (09-250060XXX)
(၅) လမ်းမတေ်ာမြို့နယ်မှ ကိုဇော်လင်း (09-450050XXX)
(၆) မုဒုံမြို့မှ မမာလာယု (09-425321XXX)
(၇) ရွှေဘိုမြို့မှ ဦးခင်ဇော် (09-256298XXX)
(၈) ××××× မြို့နယ်မှ ××××××× (09-255926XXX)
(၉) ယင်းမာပင်မြို့နယ်မှ ဦးခင်မောင်ညွန့် (09-256468XXX)
(၁၀) မင်းလှမြို့နယ်မှ မတင်မာမြင့် (09-254840XXX)
(၁၁) ဟိုပင်မြို့နယ်မှ မသင်းသင်းကြူ (09-259663XXX)
(၁၂) တောင်ကြီးမြို့မှ ကိုသက်လွင်ဦး (09-253294XXX)
(၁၃) အင်္ဂပူမြို့နယ်မှ ကိုခင်မောင်ဆွေ (09-253466XXX)
(၁၄) ဘိုကလေးမြို့မှ ဦးကျင်ဟင်း (09-252480XXX)
(၁၅) ××××× မြို့နယ်မှ ××××××× (09-260305XXX)
(၁၆) ကော့ကရိတ်မြို့မှ ကိုစောပေါ်ဦးကျော်အဲ (09-260948XXX)
(၁၇) ××××× မြို့နယ်မှ ××××××× (09-440441XXX)
(၁၈) ××××× မြို့နယ်မှ ××××××× (09-450275XXX)
(၁၉) မင်းလှမြို့မှ ကိုရဲဝင်းနိုင် (09-450507XXX)
(၂၀) အင်းလေးမြို့မှ မဝေနုအေး (09-451798XXX) တို့ဖြစ်သည်။

ကံထူးသည့် ဖုန်းနံပါတ်များအားလုံးထံသို့ SMS ပေးပို့ပြီးဖြစ်ကာ ကံထူးသူ ၂၀ ထဲမှ ၄ ဦးကို ဖုန်းဖြင့်ဆက်သွယ်နေဆဲ ဖြစ်ပြီး ၎င်းတို့ဆုမဲပေါက်သည့်အကြောင်းကို ဆက်သွယ် အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။ ဆုမဲပေါက်သူများအနေဖြင့် မိမိတို့ မည်သည့်ငွေဖြည့်ပမာဏဆုမဲကို ဆွတ်ခူးရရှိသည် ဆိုသည့်အကြောင်း SMS တွင် အသေးစိတ် ရှင်းပြထားမည်ဖြစ်ကာ SMS ရရှိပြီး ၂၄ နာရီအတွင်း မိမိတို့ ရရှိသည့် ဆုမဲပမာဏကို ဖုန်းလက်ကျန်ငွေအဖြစ် အလိုအလျောက်ဖြည့်သွင်း ပေးသွားမည် ဖြစ်သည်။