×

“ကြင်ကြင်နာနာ” ပက်ကေ့ချ်၏ ဒေတာလွှဲပြောင်းခြင်း လုပ်ဆောင်ချက်တွင် Data Carry Plus ပက်ကေ့ချ်ကို လွှဲပြောင်းပေးနိုင်ပြီဖြစ်

14 Mar 2022

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်)-MPT သည်မကြာသေးမီကထွက်ရှိထားသော “ကြင်ကြင်နာနာ” ပက်ကေ့ချ်၏ဒေတာလွှဲပြောင်းခြင်းလုပ်ဆောင်ချက်အောက်တွင်အသုံးပြုရန်အတွက် Data Carry Plus ပက်ကေ့ချ်ကိုမိတ်ဆက်လိုက်ကြောင်းယနေ့ထုတ်ပြန်လိုက်သည်။ MPT အနေဖြင့်သုံးစွဲသူများ၏အဆင်ပြေချောမွေ့မှုသည်ကျွန်တော်တို့၏လုပ်ငန်းဆောင်ရွက်မှုအတွက်အလွန်အရေးကြီးသောအချက်ဖြစ်ပါသည်။ MPT သည်သုံးစွဲသူများ၏လိုအပ်ချက်များကိုအနီးစပ်ဆုံးကိုက်ညီမှုရှိအောင်ဖြည့်ဆည်းပေးလျက်ရှိပြီး၎င်းတို့၏နေ့စဉ်ဘဝများကိုပိုမိုတိုးတက်ကောင်းမွန်စေမည်ဟုယုံကြည်ပါသည်။

“ကြင်ကြင်နာနာ” ပက်ကေ့ခ်ျ၏ ဒေတာလွှဲပြောင်းခြင်းလုပ်ဆောင်ချက်တွင် MPT ၏ လူကြိုက်အများဆုံး ဒေတာပက်ကေ့ချ်ဖြစ်သည့် Data Carry Plus ပက်ကေ့ချ်၏ဒေတာများကို ထည့်သွင်းခြင်းဖြင့် သုံးစွဲသူများသည် ယခုလက်ရှိ “ကြင်ကြင်နာနာ” ပက်ကေ့ခ်ျ၏ဒေတာများ သာမက Data Carry Plus ပက်ကေ့ချ်များမှ ဒေတာပမာဏများကို ၎င်းတို့၏ အဖွဲ့ဝင်များထံ လက်ဆောင်များအဖြစ် လွှဲပြောင်းပေးပြီး မိမိချစ်ခင်ရသူများသို့ ကြင်နာမှုများကို ပြသနိုင်မည် ဖြစ်သည်။

MPT သုံးစွဲသူများသည် Data Carry Plus ပက်ကေ့ချ်များ၏ ဒေတာပမာဏကို မျှဝေရန်အတွက် အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ရန် လိုအပ်ပါသည်။

1. MPT4U အတွင်းရှိ Kyin Kyin Nar Nar ပက်ကေ့ချ် အတွင်းသို့ဝင်ရောက်၍ “Data Transfer”Section အတွင်းသို့ဝင်ရောက်ပါ။ “Kyin Kyin Nar Nar Pack”၏ဘေး တွင်ရှိသော “Down Arrow”

2. Kyin Kyin Nar Nar Pack နှင့် Data Carry Plus Pack အား တွေ့မြင်နိုင်မည် ဖြစ်သည်။

3. Data Carry Plus Pack အားရွေးချယ်၍ပေးပို့လိုသော အဖွဲ့ဝင်နှင့် ဒေတာပမာဏ အားရွေးချယ်ကာ “လွှဲပြောင်းသည်” ကိုနှိပ်ပါ။

4. OTP ရရှိမည်ဖြစ်သည်။

5.မှန်ကန်သော OTP ထည့်သွင်းပြီးနောက်တွင် ပေးပို့မှုအောင်မြင် ကြောင်း တွေံရှိရမည်ဖြစ်သည်။

ဒေတာမျှဝေခံစားနိုင်မည့် “ကြင်ကြင်နာနာ” ပက်ကေ့ချ်များသည် သုံးစွဲသူများမှ ၎င်းတို့၏ မိသားစု၊ သူငယ်ချင်းများနှင့် ချစ်ခင်ရသူများကို အဖွဲ့ဝင်များအဖြစ် သတ်မှတ်ပေးခြင်းဖြင့် ဒေတာမျှဝေပေးခြင်း၊ လက်ဆောင်များပေးအပ်ခြင်းစသည်တို့ကို လုပ်ဆောင်နိုင်သည့် အထူးပေါင်းစပ်ထားသော ပက်ကေ့ချ်များ ဖြစ်ပါသည်။

“ကြင်ကြင်နာနာ” ပက်ကေ့ချ် ဝန်ဆောင်မှုကို ရယူသုံးစွဲသူ (ပိုင်ရှင်) များသည် ပက်ကေ့ချ် အမျိုးအစားအလိုက် အများဆုံး အဖွဲ့ဝင် ၅ ယောက်အထိ ထည့်သွင်းနိုင်ပြီး အဖွဲ့ဝင်အဖြစ် ထည့်သွင်းပြီးပါက အဖွဲ့ဝင်(၁)ဉီးလျှင် ဒေတာ 500MB စီ အလိုအလျောက် မျှဝေပေးသွားမည် ဖြစ်သည်။ ဒေတာများ (ကြင်ကြင်နာနာဒေတာနှင့် Data Carry Plus ပက်ကေ့ချ်မှ ဒေတာပမာဏ 500 MB အထိ) ကို အဖွဲ့ဝင်များသို့ လွှဲပြောင်းရန်အတွက် သုံးစွဲသူများသည် ကြင်ကြင်နာနာ ပက်ကေ့ခ်ျများနှင့် Data Carry Plus ပက်ကေ့ချ်များကို စာရင်းသွင်းရယူရန် လိုအပ်ပါသည်။ ဒေတာလွှဲပြောင်းမှုမှတ်တမ်းကို MPT4U အက်ပလီကေးရှင်းတွင် ကြည့်ရှုစစ်ဆေးနိုင်ပါသည်။

ကြင်ကြင်နာနာ (2,998 Pack) ဝယ်ယူမှု  နှင့် Data Carry Plus မှ ဒေတာလွှဲပြောင်းခြင်း ပုံစံမှာ အောက်ပါ အတိုင်းဖြစ်သည်။

“ကြင်ကြင်နာနာ” ပက်ကေ့ချ်ပိုင်ရှင်များသည် ဆုလက်ဆောင်များ ရရှိခံစားနိုင်ရန် MPT 4U အက်ပလီကေးရှင်း တွင် “ထိပေါက်” ၁ ကြိမ် ကစားခွင့် ရမည် ဖြစ်သည်။

ဆွေသဟာ/ ရှယ်ပြော/ ရွှေစကား ဝန်ဆောင်မှု အစီအစဉ် ရယူသုံးစွဲထားသော MPT GSM/ WCDMA ကြိုတင် ငွေဖြည့်စနစ် သုံးစွဲသူများအားလုံးသည် “ကြင်ကြင်နာနာ” ပက်ကေ့ချ်များကို ရယူနိုင်မည် ဖြစ်သည်။

“ကြင်ကြင်နာနာ” ပက်ကေ့ချ်များကို ရယူနိုင်ရန် သုံးစွဲသူများသည် MPT4U အက်ပလီကေးရှင်းကို iOS အသုံးပြုသူ များအတွက် 1.4.9 version ၊ Android အသုံးပြုသူများအတွက် 4.4.0 version အဖြစ်သို့  အဆင့်မြှင့်တင်ရန် လိုအပ်ပါသည်။ http://bit.ly/DataFreeApp သို့မဟုတ် https://lotaya.mpt.com.mm/event/191 တွင် ဒေါင်းလုတ်ရယူနိုင်မည် (သို့မဟုတ်) USSD ကုဒ် *4040# သို့ ခေါ်ဆို၍ ရရှိလာသည့်လင့်ခ်မှတစ်ဆင့် ဒေတာခကျသင့်ခြင်းမရှိဘဲ ဒေါင်းလုတ်ပြုလုပ်နိုင်မည် ဖြစ်သည်။

MPT သည် ၎င်း၏နေ့စဉ်လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများတွင် သုံးစွဲသူအတွေ့အကြုံများ ဆက်လက် တိုးတက်ကောင်းမွန်လာစေရန် နည်းလမ်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေပြီး မြန်မာပြည်သူ ပြည်သားများ၏ ဒီဂျစ်တယ် လူမှုဘဝတိုးတက်ကောင်းမွန်လာစေရန်နှင့် လိုအပ်သော ဆက်သွယ်ရေး ဝန်ဆောင်မှုများ စဉ်ဆက်မပြတ် ပေးအပ်ရန် အမြဲကြိုးစားလျက်ရှိပါသည်။

သုံးစွဲသူများသည် MPT အကြောင်းကို အသေးစိတ်သိရှိလိုပါက MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်းနှင့် တရားဝင် ဝက်ဘက်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။