
ခေတ်မီအိတ်ချိန်းစက်များလဲလှယ်မည်ဖြစ်သဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များအား ပြောင်းလဲခြင်းအတွက် ထပ်မံကြေညာချက်
23 Oct 2017(ရန်ကုန်၊ ၂၀၁၇၊ အောက်တိုဘာလ ၂၃ ရက်) – MPT အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများကိုပေးနိုင်ရန်အတွက် လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် ပြောင်းလဲတပ်ဆင် ဆောင်ရွက်လျှက် ရှိရာ တောင်ဒဂုံအိတ်ချိန်းနယ်မြေရှိ အိတ်ချိန်းများအား ၂၀၁၇ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့တွင် ပြောင်းလဲတပ်ဆင် ပြုလုပ်မည်ဖြစ်ကြောင်း ဇူလိုင်လ (၃၁) ရက်နေ့က အများပြည်သူသို့ အသိပေး ကြေညာခဲ့ပြီး စွမ်းအင်ဆိုင်ရာအခက်အခဲအချို့ကြောင့် နှောင့်နှေးမှုများရှိခဲ့ပါသဖြင့် သတ်မှတ်ရက်၌ ပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ပါ။ သို့ဖြစ်ပါ၍ ကျန်ရှိနေသေးသော ဒဂုံဆိပ်ကမ်းအိတ်ချိန်း၊ ယုဇန အိတ်ချိန်း နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) အိတ်ချိန်း တို့ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့တွင် ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်ပြီး အော်တိုတယ်လီဖုန်း နံပါတ်များလည်း အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။
အိတ်ချိ််န်းများ | နယ်မြေ | လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ် | အသစ်ပြောင်းလဲမည့် ဖုန်းနံပါတ် |
ဒဂုံဆိပ်ကမ်း အိတ်ချိန်း | ဒဂုံဆိပ်ကမ်းမြို့နယ် (ရန်ကုန် | 01-592xxx | 01-3592xxx |
ယုဇန အိတ်ချိန်း | 01-593xxx | 01-3593xxx | |
ဒဂုံမြို့သစ် (အရှေ့ပိုင်း) အိတ်ချိန်း | ဒဂုံမြို့သစ် (အရှေ့ပိုင်း) (ရန်ကုန်) | 01-2585xxx | 01-3585xxx |
အဆိုပါ နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် MPT မှ မိမိတို့၏ ၀န်ဆောင်မှုကို အသုံးပြုနေသူများအနေဖြင့် ဆက်သွယ်မှု အဆင်ပြေစေရန် Call Forward ၀န်ဆောင်မှုကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အကုန်အထိ အခမဲ့ ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိ နံပါတ် သို့မဟုတ် နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။