×

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်

09 Apr 2020

(ရန်ကုန်၊ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၈ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် တယ်လီဖုန်းနံပါတ်အသစ်များဖြင့် ပြောင်းလဲ တပ်ဆင်ပေးသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီးဖြစ်ပါသဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက် တွင် အော်တိုတယ်လီဖုန်းနံပါတ်များ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ ဇူလိုင်လ (၃၁) ရက်နေ့ အထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

 

နယ်မြေ အိတ်ချိန်း လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ် အသစ်ပြောင်းလဲမည့်

ဖုန်းနံပါတ်

ပဲခူးတိုင်းဒေသကြီး

(အရှေ့ပိုင်း)

ကညွတ်ကွင်း အိတ်ချိန်း ၀၅၄-၅၀xxx ၀၅၄-၂၈၅၀xxx
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ စက်မှုဇုန် အိတ်ချိန်း ၀၆၄-၃၉xxx ၀၆၄-၂၀၃၉xxx
စဥ့်ကူး အိတ်ချိန်း ၀၈၆-၃၅xxx ၀၈၆-၂၂၃၅xxx
လက်ပံလှ အိတ်ချိန်း ၀၈၆-၃၉xxx ၀၈၆-၂၂၃၉xxx
မွန်ပြည်နယ် သိမ်ဇရပ် အိတ်ချိန်း ၀၅၇-၆၂xxx ၀၅၇-၂၀၆၂xxx
ဘီးလင်း အိတ်ချိန်း ၀၅၇-၆၄xxx ၀၅၇-၂၀၆၄xxx
ချောင်းဆုံ အိတ်ချိန်း ၀၅၇-၈၀xxx ၀၅၇-၂၀၈၀xxx
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦး အိတ်ချိန်း ၀၇၁-၄၅xxx ၀၇၁-၂၀၄၅xxx
ရှမ်းပြည်နယ်

(အရှေ့ပိုင်း)

မိုင်းဖြတ် အိတ်ချိန်း ၀၈၄-၆၃xxx ၀၈၄-၂၀၆၃xxx
ရှမ်းပြည်နယ်

(မြောက်ပိုင်း)

သီပေါ အိတ်ချိန်း ၀၈၂-၈၀xxx ၀၈၂-၂၉၈၀xxx