
ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်
25 Nov 2020(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၅ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable) အသုံးပြု တယ်လီဖုန်း စနစ်နှင့် ကြိုးမဲ့စနစ်သုံး (Wireless) တယ်လီဖုန်းများဖြင့် ပြောင်းလဲတပ်ဆင်မည် ဖြစ်ပါသဖြင့် အော်တို တယ်လီဖုန်း နံပါတ်များမှာ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။
နယ်မြေ | အိတ်ချိန်း | Migration စတင်ပြုလုပ်မည့် ရက်စွဲ | လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ် | အသစ်ပြောင်းလဲ မည့် ဖုန်းနံပါတ် |
---|---|---|---|---|
ကရင်ပြည်နယ် | သံတောင်ကြီး အိတ်ချိန်း | ၃၀-၁၁-၂၀၂၀ | ၀၅၄-၄၅xxx | ၀၅၄-၄၇၄၅xxx |
သင်္ဃန်းညီနောင် အိတ်ချိန်း | ၃၀-၁၁-၂၀၂၀ | ၀၅၈-၅၅xxx | ၀၅၈-၄၇၅၅xxx | |
ရှမ်းပြည်နယ် (မြောက်ပိုင်း) | မူဆယ် အိတ်ချိန်း | ၃၀-၁၁-၂၀၂၀ | ၀၈၂-၅၀xxx | ၀၈၂-၂၉၅၀xxx |
၃၀-၁၁-၂၀၂၀ | ၀၈၂-၅၁xxx | ၀၈၂-၂၉၅၁xxx | ||
၃၀-၁၁-၂၀၂၀ | ၀၈၂-၅၂xxx | ၀၈၂-၂၉၅၂xxx | ||
တနင်္သာရီတိုင်းဒေသကြီး | သရက်ချောင်း အိတ်ချိန်း | ၃၀-၁၁-၂၀၂၀ | ၀၅၉-၃၅xxx | ၀၅၉-၂၀၃၅xxx |
ကချင်ပြည်နယ် | ဖားကန့် အိတ်ချိန်း | ၃၁-၁၂-၂၀၂၀ | ၀၇၄-၇၀xxx | ၀၇၄-၂၅၇၀xxx |
လုံးခင်း အိတ်ချိန်း | ၃၁-၁၂-၂၀၂၀ | ၀၇၄-၇၂xxx | ၀၇၄-၂၅၇၂xxx | |
ရန်ကုန်တိုင်း ဒေသကြီး | ကွမ်းခြံကုန်း အိတ်ချိန်း | ၃၁-၁၂-၂၀၂၀ | ၀၁-၂၆၅xxx | ၀၁-၈၂၆၅xxx |
နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။