×

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များအား ပြောင်းလဲပါမည်

03 Mar 2022

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ မတ်လ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းMigration စတင်ပြုလုပ်မည့် ရက်စွဲလက်ရှိအသုံးပြု
နေသော ဖုန်းနံပါတ်
အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ်
မန္တလေးတိုင်းဒေသကြီးငါန်းဇွန် အိတ်ချိန်း၁၁-၃-၂၀၂၂၀၆၆-၄၆xxx၀၆၆-၂၀၄၆xxx
နေပြည်တော်လယ်ဝေး အိတ်ချိန်း၁၃-၃-၂၀၂၂၀၆၇-၃၀xxx၀၆၇-၈၀၃၀xxx
စစ်ကိုင်းတိုင်းဒေသကြီးအလုံ အိတ်ချိန်း၁၄-၃-၂၀၂၂၀၇၁-၃၀xxx၀၇၁-၂၀၃၀xxx
ဧရာဝတီတိုင်းဒေသကြီးထူးကြီး အိတ်ချိန်း၁၈-၃-၂၀၂၂၀၄၄-၃၃xxx၀၄၄-၂၀၃၃xxx
အင်္ဂပူ အိတ်ချိန်း၂၀-၃-၂၀၂၂၀၄၄-၃၀xxx၀၄၄-၂၀၃၀xxx
ရှမ်းပြည်နယ်
(မြောက်ပိုင်း)
သိန္နီ အိတ်ချိန်း၃၁-၃-၂၀၂၂၀၈၂-၆၃xxx၀၈၂-၂၉၆၃xxx
နောင်မွန် အိတ်ချိန်း၃၁-၃-၂၀၂၂၀၈၂-၃၅xxx၀၈၂-၂၉၃၅xxx

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။