×

ဂိမ်းချစ်သူများအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံများယူဆောင်လာသည့် “AppTouch” ဂိမ်းဝန်ဆောင်မှု အသစ်ကို MPT မိတ်ဆက်

21 Jun 2019

ကမ္ဘာပေါ်ရှိ လူကြိုက်အများဆုံးဂိမ်းများကို မိမိတို့၏ Android ဖုန်းများပေါ်တွင် AppTouch ဝန်ဆောင်မှုမှ တစ်ဆင့် အသင့်ကစားနိုင်ပြီဖြစ်သဖြင့် မြန်မာလူငယ်များအနေဖြင့်ဂိမ်းကစားမှု အတွ့အကြုံသစ်များ ကိုခံစားနိုင်ပြီ

(ရန်ကုန်၊ ၂၀၁၉ခုနှစ် ၊ ဇွန်လ ၂၁ ရက်)- MPT က ဂိမ်းဝန်ဆောင်မှုအသစ်ဖြစ်သည့် “AppTouch” ဝန်ဆောင်မှုကို Huawei Myanmar နှင့်အတူ ပူးပေါင်း၍ မိတ်ဆက်လိုက်ခြင်းဖြင့် MPT သုံးစွဲသူများအတွက် ဂိမ်းအက်ပလီကေးရှင်းများ အပါအဝင် အဆင်မြှင့်တင်ထားသည့် ဒီဂျစ်တယ်ဖျော်ဖြေရေးဆိုင်ရာ ဝန်ဆောင်မှု အစီအစဉ်များကို ဆောင်ရွက်လိုက်ပြီဖြစ်သည်။ ယခု ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် နိုင်ငံတစ်ဝှမ်းမှ MPT သုံးစွဲသူများအတွက် ပျော်ရွှင်ဖွယ်ကောင်းသည့် ဂိမ်းအစီအစဉ်များအားလုံးကို ဈေးနှှုန်းသက်သာစွာဖြင့် ဝန်ဆောင်မှု တစ်ခုတည်းတွင် အသုံးပြုနိုင်မည် ဖြစ်သည်။
AppTouch ဝန်ဆောင်မှုတွင် Android မိုဘိုင်းလ်ဖုန်းများအတွက် လိုင်စင်ရယူထားပြီးဖြစ်သည့် ဒေါင်းလုတ်ယူနိုင်သော အရည်အသွေးမြင့်နာမည်ကျော် ဂိမ်း အစီအစဉ်များကို ထည့်သွင်းပေးထားသဖြင့် MPT သုံးစွဲသူများအနေဖြင့် Action ၊ Casual and Puzzle ၊ Chess and Cards ၊ Music ၊ Racing ၊ Role Playing ၊ Sports နှင့် Strategy ဂိမ်းများပါ ဝင်သည့် Android ဂိမ်းပေါင်း ၂,၀၀၀ ကျော်ကို ကစားနိုင်မည် ဖြစ်သည်။
ဂိမ်းကစားခြင်းကို အထူးနှစ်သက်သော မြန်မာလူငယ်များအနေဖြင့် နာမည်ကျော်ဂိမ်းများကို ဈေးနှုန်း သက်သာသည့် စာရင်းသွင်းခနှုန်းထားဖြင့် ကစားနိုင်ကြတော့မည် ဖြစ်သည်။ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် သုံးစွဲသူများအနေဖြင့် နာမည်ကျော် ဂိမ်းများဖြစ်သည့် Legacy of Discord ၊ Mounment Valley ၊ Piano Tiles 2 ၊ Legend of Lords ၊ Monsu 2 နှင့် Subway Surfers ကဲ့သို့သော ဂိမ်းများကို ရယူနိုင်မည် ဖြစ်ပြီး၊ Football Champions 2019 ၊ Need for Speeds ၊ Dancer Ball ၊ Helix Jump ၊ BIKE BLAST ၊ ChooChoo Heroes ၊ Ninja Arashi နှင့် Beasts Evolved ကဲ့သို့သော ဂိမ်းများကိုလည်း ကျသင့်သလောက်ပေး အစီအစဉ် (Pay per Download(PPD)) ဖြင့် ကြိုက်သလောက် ဒေါင်းလုတ်ဆွဲကာ ကစားနိုင်မည် ဖြစ်သည်။
MPT သုံးစွဲသူများအနေဖြင့် AppTouch ဝန်ဆောင်မှုကို ၎င်း၏ ဝက်ဘ်ဆိုက် ဖြစ်သည့် (http://apptouch.vip) မှ လည်းကောင်း ၊ http://apptouch.vip ၏ အောက်ခြေ တွင်ပြထားသည့် AppTouch application ခလုတ် ကိုနှိပ်ပြီး အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူကာ မိုဘိုင်းလ်ဖုန်းမျက်နှာပြင်တွင် ပေါ်လာသည့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ခြင်း ဖြင့်လည်းကောင်း၊ လိုတရဝက်ဘ်ပေါ်တယ် https://lotaya.mpt.com.mm/event/228 မှတစ်ဆင့် ရယူနိုင်ပါသည်။
AppTouch ဝန်ဆောင်မှုကို ရယူရန်အတွက် သုံးစွဲသူများအနေဖြင့် တစ်ရက်စာအတွက် စာရင်းသွင်းရယူရန် 8550 သို့ “GD” သို့မဟုတ် “ON” ဟု စာတို (SMS) ပေးပို့ခြင်း၊ တစ်ပတ်စာအတွက် စာရင်းသွင်းရယူရန် 8550 သို့ “GW” ဟု စာတို (SMS) ပေးပို့ခြင်းနှင့် တစ်လစာအတွက် စာရင်းသွင်းရယူရန် 8550 သို့ “GM” ဟု စာတို (SMS) ပေးပို့ခြင်းတို့ဖြင့် စာရင်းသွင်းရယူနိုင်မည်ဖြစ်ပြီး တစ်ရက်စာအတွက် ၉၉ ကျပ်၊ တစ်ပတ်စာအတွက် ၄၉၉ ကျပ်နှင့် တစ်လစာအတွက် ၉၉၉ ကျပ် ကျသင့်မည် ဖြစ်သည်။ စာရင်းသွင်းရယူထားခြင်း မဟုတ်သည့် သုံးစွဲသူများအနေဖြင့်လည်း ၎င်းဝန်ဆောင်မှုတွင် ပါဝင်သည့် ဂိမ်းများကို ဝယ်ယူလိုပါက ဒေါင်းလုတ်တစ်ကြိမ်ဆွဲတိုင်း အနည်းဆုံး ၃၀၀ ကျပ်မှစ၍ အများဆုံး ၃၂,၀၀၀ ကျပ် အထိ ကျသင့်မည် ဖြစ်သည်။ စာရင်းသွင်းရယူထားသည့် သုံးစွဲသူများသည် VIP အသုံးပြုသူများ အဆင့်ရရှိမည်ဖြစ်ပြီး AppTouch တွင် ပါဝင်သည့် ဂိမ်းများအားလုံးကို ရယူဆော့ကစားနိုင်မည် ဖြစ်ပြီး၊ VIP အသုံးပြုသူများ အနေဖြင့် အက်ပလီကေးရှင်းအတွင်း ဝယ်ယူမူများအားလုံးတွင်လည်း လျော့ဈေးရရှိမည် ဖြစ်သည်။
MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှလည်း “အခုလို AppTouch ဝန်ဆောင်မှုနဲ့အတူ MPT ရဲ့ အကျယ်ပြန့်ဆုံး နဲ့ အမြန်ဆုံးကွန်ရက်ပေါ်က တစ်ဆင့် မိုဘိုင်းလ်ဂိမ်းတွေကစားရတာကို ကြိုက်နှစ်သက်တဲ့ လူငယ်တွေအတွက် အမျိုးအစားစုံလင်လှပြီး စိတ်လှုပ်ရှားစရာအပြည့်နဲ့ ဂိမ်းကစားမှုအတွေ့အကြုံတွေကို ဂိမ်းရယူကစားတဲ့ လူငယ်တွေ အတွက် ဆောင်ကျဉ်း ပေးသွားမှာဖြစ်ပါတယ်။ မိုဘိုင်းလ်နည်းပညာကမ္ဘာထဲမှာ ဒီဂျစ်တယ်ဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေက အချိန်နဲ့အမျှပြောင်းလဲနေတယ်ဆိုတာကို MPT အနေနဲ့ နားလည်ထားပြီး ဒီနည်းပညာ အပြောင်းအလဲ တွေနဲ့ သုံးစွဲသူတွေကို အမြဲတမ်းနီးစပ်နေအောင် လုပ်ပေးနိုင်ဖို့ ကျွန်တော်တို့ MPT အနေနဲ့ အစဉ်တစိုက် ကြိုးပမ်းနေပါတယ်။ Android အသုံးပြုသူတွေအနေနဲ့လည်း MPT မှာသာ ရရှိနိုင်ပြီး စာရင်းသွင်းရယူနိုင်တဲ့ စိတ်ဝင်စားစရာပက်ကေ့ချ်တွေ ဖန်တီးပေးထားတာကြောင့် ပိုပြီးစုံလင်လှတဲ့ ရွေးချယ်စရာတွေကို ရနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောကြားသွားခဲ့ပါသည်။
သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် MPT က ၎င်း ဝန်ဆောင်မှုကို ရယူသုံးစွဲသူများအတွက် အထူးပရိုမိုးရှင်းအစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက် မှ သြဂုတ်လ ၂၀ ရက် အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ဝန်ဆောင်မှုရယူထားသော သုံးစွဲသူများအနေဖြင့် အထူးပရိုမိုးရှင်းအစီအစဉ် ကာလ ၂ လအတွင်း ရွှေဒင်္ဂါး ပြား၂ ဆု၊ Huawei Y7 Prime (၂) လုံး နှင့် ၃, ၀၀၀ ကျပ်တန် MPT ငွေဖြည့် ကတ်ပေါင်း ၆၀ တို့ကို ကံထူးနိုင်ခွင့် ရနိုင်မည် ဖြစ်သည်။ အသေးစိတ် အချက် အလက်များနှင့် စည်းမျဉ်း၊ စည်းကမ်းများကို https://lotaya.mpt.com.mm/event/228 တွင် ကြည့်ရှုနိုင်ပါသည်။
MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) AppTouch ဝန်ဆောင်မှုနှင့် ပတ်သက်၍ ဖုန်းနံပါတ် ၀၉-၈၉၈၉၈၈၀၈၄ သို့ ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) MPT ၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mptofficialpage/ (သို့မဟုတ်) MPT ၏ တရားဝင်ဝက်ဘ်ဆိုက် ဖြစ်သည့် www.mpt.com.mm သို့ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။