(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁၀ ရက်) မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT က သုံးစွဲသူများအတွက် လူသိများထင်ရှားသော တေးသံသာ ဂီတဝန်ဆောင်မှု မှတစ်ဆင့် မြန်မာတေးသီချင်းချစ်မြတ်နိုးသူများအတွက် မိမိကြိုက်နှစ်သက်ရာအဆိုတော်များ၏ Exclusive သီချင်းအသစ်များ နှင့် ထင်ပေါ်ကျော်ကြားသည့် မြန်မာတေးသီချင်းများကို သီးသန့်ဦးဦးဖျားဖျား နားဆင် ခံစားနိုင်ရန် အထူးဝန်ဆောင်မှုတစ်ခုဖြစ်သည့် တေးသံသာ Data Pack ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန် ကြေညာလိုက်သည်။
၂၀၁၉ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် “တေးသံသာ” Music App သည် MPT သုံးစွဲသူများအား မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံးတေးသီချင်းများကို နားဆင်ခံစားနိုင်ရန်နှင့် တက်သစ်စလူငယ်များ၏ တေးသီချင်းအသစ်များ ကို ရှာဖွေခြင်းများ၊ အရည်အသွေးမြင့် တေးသီချင်းများကို ဒေါင်းလုတ်ဆွဲပြီး နားဆင်နိုင်မည် ဖြစ်သည့်အပြင် Mega Stars မှ ထွက်ရှိသော အနုပညာရှင်များ၏ သီးသန့် အထူးသီးသန့် ဂီတဗွီဒီယိုစုစည်းမှုများနှင့် ဂီတဖျော်ဖြေပွဲ တိုက်ရိုက်ထုတ်လွှင့်မှုများကိုလည်း ကြည့်ရှုခံစားနားဆင်နိုင်မည့် အတွေ့အကြုံကောင်းများကို ပေးအပ်ခဲ့ပါသည်။
MPT သည် မြန်မာနိုင်ငံ၏ ပြည်တွင်းတေးဂီတထုတ်လုပ်ရေး ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည့် “တေးသံသာ” Music App နှင့် လက်တွဲကာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေကြောင့် အိမ်မှာပင်နေရသည့် သုံးစွဲသူများအတွက် သက်သာသောနှုန်းထားများဖြင့် Premium ဒီဂျစ်တယ် ဖျော်ဖြေရေး အတွေ့အကြုံများကို ပေးအပ်လျက်ရှိသည်။
“ကျွန်တော်တို့နဲ့ “တေးသံသာ” Music App တို့စတင်ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အချိန် ၂၀၁၉ ခုနှစ်ကတည်းက ရည်ရွယ်ခဲ့တဲ့အတိုင်း ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် Music Streaming နဲ့ ဒီဂျစ်တယ် ဖျော်ဖြေရေး ဝန်ဆောင်မှုတွေကို အကောင်းဆုံး ပေးအပ်နိုင်ဖို့ပဲဖြစ်ပါတယ်။ အခုဆိုရင် တေးသံသာ Data Pack အသစ်နဲ့အတူ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ တေးသံသာ ဂီတဝန်ဆောင်မှုကို Premium Level အဖြစ်၊ အကန့် အသတ်မရှိ နားဆင်နိုင်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေကြောင့် အိမ်မှာနေရတဲ့ကာလတွေမှာ တစ်မူထူးခြားတဲ့ ဒီဂျစ်တယ်အတွေ့အကြုံကောင်းတွေကို ရရှိခံစားနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကတိအတိုင်း ဆက်လက် ဆောင်ရွက်နေပါတယ်။ တခြားတစ်ဖက်က ကြည့်မယ်ဆိုရင်လည်း စိန်ခေါ်မှုတွေနဲ့ တွေ့ကြုံနေရတဲ့ ဒီလိုအချိန်မှာ မြန်မာနိုင်ငံရဲ့ ဂီတနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပါတယ်”ဟု MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr. Tetsunori Nagashima က ပြောကြားခဲ့သည်။
MPT သည် တေးသံသာ Music App တွင် Premium တေးသီချင်းများကို တေးသံသာ Data Pack ၀ယ်ယူလိုက်ရုံဖြင့် အခမဲ့နားဆင်နိုင်ရန် ဆောင်ရွက်ပေး နေသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးအော်ပရေတာဖြစ်သည်။ သုံးစွဲသူများအနေဖြင့် အောက်ဖော်ပြပါဇယားတွင် ပါရှိသည့်အတိုင်း USSD (သို့မဟုတ်) MPT4U App ကို အသုံးပြု၍ တေးသံသာ Data Pack ကို လွယ်ကူစွာ ဝယ်ယူနိုင်ပါသည်။