×

ဂီတအနုပညာကို ချစ်မြတ်နိုးသော မြန်မာပရိတ်သတ်များအတွက် “တေးသံသာ” Music App ကို စတင်မိတ်ဆက်

26 Oct 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် East Boy Co., Ltd နှင့် ပူးပေါင်း၍ သုံးစွဲသူများအတွက် လူကြိုက်များသော မြန်မာတေးသီချင်းများကို ပိုမိုလွယ်ကူစွာ ရယူခံစားနားဆင်နိုင်စေရန် နှင့် အမျိုးအစား စုံလင်စွာ ရွေးချယ်နိုင်ရန်အတွက် “တေးသံသာ” Music App ကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန် ကြေညာလိုက်သည်။ MPT သုံးစွဲသူများအနေဖြင့် “တေးသံသာ” ဂီတအက်ပလီကေးရှင်းတွင် မည်သည့် Media တွင်မှ မဖော်ြပရသေးသော မြန်မာတေးသီချင်းအသစ်များ၊ သီချင်းကောင်းများအား အထူးသီးသန့်အနေဖြင့် နားဆင်ခံစားနိုင်မည် ဖြစ်သည်။
“တေးသံသာ” Music App ကို Google Play Store (သို့မဟုတ်) Apple store တို့မှ ဒေါင်းလုတ်ရယူကာ တေးသီချင်းအတွေ့အကြုံသစ်များကို နားဆင်ခံစားနိုင်မည် ဖြစ်သည်။ အဆိုပါဝန်ဆောင်မှုတွင် Free User နှင့် Premium User ဟူ၍ အမျိုးအစားနှစ်မျိုး ခွဲခြားသတ်မှတ်ထားသည်။ Free User များအနေဖြင့် သတ်မှတ်ထားသော တေးသီချင်းများကိုသာ နားဆင်နိုင်မည်ဖြစ်ပြီး Premium User များအနေဖြင့် Premium account ဖြင့် နောက်ဆုံးထွက်ရှိထားသော တေးသီချင်းများကို တစ်ရက်လျှင် ၉၉ကျပ်နှုန်းဖြင့် နားဆင်ခံစားနိုင်မည်ဖြစ်သည်။ MPT သုံးစွဲသူများသည် အရည်အသွေးမြင့် တေးသီချင်းများကို ဒေါင်းလုတ်ဆွဲပြီး နားဆင်နိုင်မည် ဖြစ်သည့်အပြင် Mega Stars မှ ထွက်ရှိသော အနုပညာရှင်များ၏ အထူးသီးသန့် ဂီတဗွီဒီယိုစုစည်းမူများ၊ ဂီတဖျော်ဖြေပွဲ တိုက်ရိုက်ထုတ်လွှင့်မှုများကိုလည်း နားဆင်ခံစားနိုင်မည်ဖြစ်သည်။ Apple ဖုန်းအသုံးပြုသူများအတွက် Premium ဝန်ဆောင်မှုကို မကြာမီအသုံးပြုနိုင်မှာဖြစ်ပါတယ်။ တေးသံသာ အက်ပလီ ကေးရှင်းတွင်ပါဝင်သော Premium တေးသီချင်းများအား အခြားသော မည်သည့်ဝန်ဆောင်မှုတွင်မရရှိနိုင်ပါ။
“ဂီတအပေါ်ထားရှိတဲ့ မြတ်နိုးမှုတွေကို ကျွန်တော်တို့ရဲ့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေကို မျှဝေပေးရတာ အရမ်းဝမ်းသာ ပျော်ရွှင်မိပါတယ်။ အခုလိုမျိုး “တေးသံသာ” ဂီတဝန်ဆောင်မှုအသစ်တစ်ခုနဲ့ မိတ်ဖက်အဖြစ် လက်တွဲဆောင်ရွက်လိုက်ခြင်းအားဖြင့် ကျွန်တော်တို့အနေနဲ့ တီထွင်ဖန်တီးလိုတဲ့ မြန်မာအနုပညာရှင်တွေကို အားပေးကူညီရာရောက်သလို တေးသီချင်းချစ်သူတွေအားလုံးကလည်း သူတို့ကြိုက်တဲ့ အဆိုတော်တွေရဲ့ ဖန်တီးမှု တေးသီချင်းတွေကို အပြည့်အဝ နားဆင်ခံစားနိုင်မယ့် အခွင့်အရေး ပေးလိုက်နိုင်တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို အသစ်ထွက်ရှိလာတဲ့တေးသီချင်းတွေနဲ့ ဂန္တဝင်သီချင်းတွေကို အကန့်အသတ်မရှိ နားဆင်နိုင်ခွင့် ပေးအပ်လိုက်ခြင်းက မြန်မာနိုင်ငံရဲ့ ဂီတနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကို မြှင့်တင်ပေးတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြားသည်။
““တေးသံသာ” Music App ကို လုပ်မယ်လို့စဉ်းစားတဲ့အခါမှာ ကိုယ်တိုင်ကလည်း အနုပညာကို ဝါသနာပါတဲ့အချက်က အဓိက ဖြစ်ပါတယ်။ ဒါကြောင့် သူများတွေနဲ့ မတူအောင်လည်း ကြိုးစားထားပါတယ်။ ၁၀၀% မြန်မာနိုင်ငံသားပိုင် ဖြစ်ပြီးတော့ နိုင်ငံတကာက မြန်မာလူမျိုးတွေလည်း နားဆင်လို့ရအောင် ဆောင်ရွက်ထားပါတယ်။ ပထမဆုံးနဲ့ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်တဲ့ MPT နဲ့ သီးသန့် လက်တွဲခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ဒီ “တေးသံသာ” အက်ပလီကေးရှင်း ထဲမှာ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် တေးသီချင်းတွေကို တင်ဆက်ထားပါတယ်။ ထပ်ပြီးတော့လည်း အသစ်အသစ်သော ရသမျိုးစုံ ပေးစွမ်းနိုင်တဲ့ သီချင်းအသစ်တွေကို တင်ဆက်နိုင်ဖို့ ဆောင်ရွက်ထားပါတယ်။ ဒီ အက်ပလီကေးရှင်း ဖြစ်မြောက်လာအောင် ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ လည်း တစ်ထောင့်တစ်နေရာကနေပြီးတော့ ပါဝင်ကူညီပေးကြဖို့နဲ့ ဒီအက်ပလီကေးရှင်း အောင်အောင်မြင်မြင်ရပ် တည်နိုင်အောင် ကျွန်တော်တို့ဘက်မှ ကြိုးစားသွားပါ့မယ်” ဟု East Boy Co., Ltd ၏ CEO ဖြစ်သူ ဦးညီသူရ က ပြောကြားခဲ့သည်။
“တေးသံသာ” Music App ဝန်ဆောင်မှုသည် မြန်မာဂီတဝါသနာရှင်များအားလုံး၏ ဒီဂျစ်တယ်နည်းပညာဘဝကို တိုးတက်ကောင်းမွန်စေရန်၊ မြန်မာ့ဂီတနှင့် ဖျော်ဖြေရေးနယ်ပယ်ကို အားပေးအ‌ထောက်အကူပြုနိုင်ရန် ရည်ရွယ်ပါသည်။
MPT သုံးစွဲသူများ အနေဖြင့် “တေးသံသာ” Music App ၏ လုပ်ဆောင်ချက်အားလုံးကို သိရှိလိုပါက Google Play Store (သို့မဟုတ်) Apple Store တို့မှ ဝင်ရောက်၍ ဒေါင်းလုတ်ရယူ အသုံးပြုနိုင်ပါသည်။ သုံးစွဲသူများအနေဖြင့် အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူပြီးပါက MPT ဆင်းမ်ကတ်နံပါတ်ဖြင့် စာရင်းသွင်းရန် လိုအပ်ပါသည်။ Preminum ဝန်ဆောင်မှုအား အသုံးပြုလိုပါက 8734 သို့ ON ဟု SMS (စာတို) ပေးပို့နိုင်ပါသည် (သို့မဟုတ်) တေးသံသာ အက်ပလီကေးရှင်းမှတစ်ဆင့် ရယူနိုင်ပါသည်။
MPT ၏ ထုတ်ကုန်အသစ်များနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ၁၀၆ သို့ ခေါ်ဆိုနိုင်၍ သော်လည်းကောင်း၊ MPT ၏ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာ https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။