
စာပေချစ်မြတ်နိုးသူများအတွက် MPT နှင့် ဝန်ဇင်း Mobile App တို့မှ “ဖတ်ညွှန်းဒိုင်ယာရီ” စာညွှန်းပြိုင်ပွဲအား ကျင်းပ
29 Jun 2020(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက်) – MPT သည် ဝန်ဇင်း Mobile App နှင့်ပူးပေါင်း၍ စာပေချစ်မြတ်နိုးသူများအတွက် ဆန်းသစ်သော စာဖတ်ညွှန်းရေးသားမှုပြိုင်ပွဲတစ်ခုဖြစ်သည့် “ဖတ်ညွှန်းဒိုင်ယာရီ” စာညွှန်းပြိုင်ပွဲကို ဇူလိုင် (၁) ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။ ဤစာညွှန်းပြိုင်ပွဲသည် မြန်မာနိုင်ငံတစ်ဝန်းရှိ စာဖတ်ပရိသတ်များ တိုးတက်မြင့်မားလာစေရန်၊ စာပေ တတ်မြောက်ရေးကိုမြှင့်တင်နိုင်ရန်နှင့် နိုင်ငံ၏မျိုးဆက်သစ် ရွက်ပုန်းသီးလူငယ်စာရေးဆရာများကို ရှာဖွေဖော် ထုတ်နိုင်ရန်ရည်ရွယ်၍ ပဏာမခြေလှမ်းသစ်အဖြစ် အစပျိုးလိုက်ခြင်းပင် ဖြစ်သည်။
“ဖတ်ညွှန်းဒိုင်ယာရီ”စာညွှန်းပြိုင်ပွဲသည် နိုင်ငံတစ်ဝန်းရှိ စာပေချစ်မြတ်နိုးသူများအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းသော အတွေ့အကြုံသစ်များစွာကို ယူဆောင်လာနိုင်မည်မှာ အသေအချာပင် ဖြစ်သည်။ ပြိုင်ပွဲဝင်များသည် နာမည်ကျော်စာရေးဆရာ (၄)ဦး၏ စာအုပ်ပေါင်း (၂၀)အနက်မှ မိမိတို့၏ ကြိုက်နှစ်သက်ဆုံး စာအုပ်ကို ရွေးချယ်ပြီး ထိုစာအုပ်အား ဖတ်ရှုမှုအပေါ်တွင် မိမိကိုယ်ပိုင်အမြင်နှင့် ပြန်လည်သုံးသပ်ချက်များအား စာပိုဒ်တိုဖြင့် ရှင်းလင်းထိမိစွာ ရေးသားဖော်ပြရမည် ဖြစ်သည်။
ထို့နောက် ပြိုင်ပွဲဝင်များသည် မိမိကိုယ်တိုင်ရေးသားထားသော ဖတ်ညွှန်းများကို မိမိ၏ ကိုယ်ပိုင် Facebook Account တွင် သက်ဆိုင်ရာ Hashtag (#(AuthorName)ReviewDiary #MPTWunZinn) အားအသုံးပြုပြီး အောက်ပါ အချိန်ဇယားအတိုင်း Public ဖြင့် ပို့စ်တင်ရမည်ဖြစ်သည်။
ထို့နောက် “ဖတ်ညွှန်းဒိုင်ယာရီ” စာညွှန်းပြိုင်ပွဲ၏ Facebook Group ဖြစ်သည့် http://bit.ly/ReviewDiaryFB ကို ဝင်ရောက်ရန်လိုအပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်သူရဲ့ အချက်အလက်တချို့ကို Google Form မှတစ်ဆင့် တောင်းခံမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အနေဖြင့် မေးထားသော အချက်အလက်များကို ပြည့်စုံစွာ ဖြည့်သွင်း ပြီးပါက မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် အောင်မြင်စွာပြီးဆုံးမည်ဖြစ်သည်။
စာရေးဆရာအမည် | အချိန် | ပြိုင်ပွဲစာရင်းဝင် စာအုပ်များ | Hashtag |
အကြည်တော် | ဇူလိုင်လ (၁)ရက် မှ (၁၀)ရက် | ၁။ ဘီလူး ၂။ ရွှေမိုးသည်း ၃။ ပြုံးရွှင်သည် ငိုတတ်သည် ၄။ယောက္ခမနှင့်တစ်ထောင့်တစ်ည ၅။ ဇော်က ကနေသည် | #AKyiTawReviewDiary #WunZinnMPT |
စံပယ်ဖြူနု | ဇူလိုင်လ (၁၁)ရက် မှ (၂၀)ရက် | ၁။ အလွမ်းဆိုင် ၂။ လှပ်၍လွင့်သော ကမ္ဘာ ၃။ ခေတ်ရယ် အချစ်ရယ် ၄။ မြောက်ဖျားက အလွမ်းရာသီ ၅။ အယ်နီ | #SabalPhyuNuReviewDiary #WunZinnMPT |
မစန္ဒာ | ဇူလိုင်လ (၂၁)ရက် မှ (၃၀)ရက် | ၁။ အရိပ် ၂။ ဆဋ္ဌဂံ ၃။ ဟိုဘက်ကမ်းက လွမ်းပုံပြင် ၄။ ဂျီဟောသူ ၅။ ဘဝအိပ်မက် ပန်းအိပ်မက် | #MaSandarReviewDiary #WunZinnMPT |
သိုးဆောင်း | ဇူလိုင်လ (၃၁)ရက် မှ ဩဂုတ်လ (၉)ရက် | ၁။ ဤအရပ်တွင် မိုးညိုခဲ့သည် ၂။ လက်ညှိုးထိုး၍ ပန်းဝေသီ ၃။ သိသောသူမည်ကား ကြားပါစေ ၄။ အကြင်သူသည် ၅။ ပဉ္စလက်ရွာ | #ThoeSaungReviewDiary #WunZinnMPT |
“ဒီပြိုင်ပွဲဟာ စာဖတ်ခြင်းက စာပေတတ်မြောက်ရေးနဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည်တွေကို တိုးတက်စေပြီး စာရေးခြင်းက စာနာနားလည်နိုင်တဲ့စွမ်းရည်ကို တိုးတက်စေတယ်ဆိုတဲ့ အချက်တွေကို သက်သေပြလိုက်တာပါ။ အခုလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလနဲ့ ပုံမှန်အခြေအနေသစ်မှာ အထူးသဖြင့် စာပေချစ်မြတ်နိုးသူ လူငယ်တွေအတွက် စာဖတ်ခြင်းနဲ့စာရေးခြင်းကို ပိုမိုအားပေးလိုခြင်းပဲဖြစ်တယ်။ မြန်မာနိုင်ငံမှာဆိုရင် မျိုးဆက်သစ်လူငယ်တွေကနေ ထက်မြက်တဲ့ စာရေးဆရာတွေ အများကြီးပေါ်ထွက်လာတာကို မျက်ဝါးထင်ထင် မြင်တွေ့နေရပြီး ကျွန်တော်တို့ကျင်းပလိုက်တဲ့ “ဖတ်ညွှန်းဒိုင်ယာရီ”စာညွှန်းပြိုင်ပွဲက မျိုးဆက်သစ် မြန်မာစာရေး ဆရာတွေ ဖြစ်လာဖို့ အထောက်အပံ့ဖြစ်စေနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု MPT-KGSM Joint Operations မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားခဲ့သည်။
ပြိုင်ပွဲဝင်များအတွက် ဆုလက်ဆောင် စာရင်းများအား အောက်ပါဇယားတွင် ဖော်ပြထားပါသည်။
ဆုအမျိုးအစား | ဆုလက်ဆောင်များ | အရေအတွက် |
“ဖတ်ညွှန်းဒိုင်ယာရီ” စာညွှန်းပြိုင်ပွဲ၏ ပြိုင်ပွဲဝင်များအားလုံး | ၁,၀၀၀ကျပ် ဝန်ဇင်း Credit Code
| ပြိုင်ပွဲဝင်များအားလုံး |
ပထမဆု | 100 GB + ၂သိန်းကျပ် (MPT ငွေဖြည့်ကတ်) + ၃သောင်းကျပ် ဝန်ဇင်း Credit Code + စာရေးဆရာ၏ အမှတ်တရ လက်မှတ်ရေးထိုးထားသောစာအုပ် | ၄ဦး |
ဒုတိယဆု | 50 GB + ၁သိန်းကျပ် (MPT ငွေဖြည့်ကတ်) + ၂သောင်းကျပ် ဝန်ဇင်း Credit Code + စာရေးဆရာ၏ အမှတ်တရလက်မှတ် ရေးထိုးထားသောစာအုပ် | ၄ဦး |
တတိယဆု | 30 GB + ၅သောင်းကျပ် (MPT ငွေဖြည့်ကတ်) + ၁သောင်း ကျပ် ဝန်ဇင်း Credit Code + စာရေးဆရာ၏ အမှတ်တရ လက်မှတ်ရေးထိုးထားသောစာအုပ် | ၄ဦး |
People Choice Award | 50 GB + ၁သိန်းကျပ် (MPT ငွေဖြည့်ကတ်) + ၂သောင်းကျပ် ဝန်ဇင်း Credit Code + စာရေးဆရာ၏ အမှတ်တရလက်မှတ် ရေးထိုးထားသော စာအုပ် | ၄ဦး |
*အကဲဖြတ်သုံးသပ်ခြင်းကို စာညွှန်းရေးသားမှုများနှင့် ဖန်တီးမှုဆိုင်ရာ အရေးအသားများအပေါ် အခြေခံသွား မည်ဖြစ်သည်။ People Choice Award အား Facebook တွင် Like and Share (Facebook Reaction) အများဆုံး ရရှိသည့် အရေအတွက် အပေါ်တွင် မူတည်ပြီး ရွေးချယ်ချီးမြှင့်သွားပါမည်။ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား https://bit.ly/ReviewDiary တွင် (ဇူလိုင်လ (၁) ရက်တွင် စတင်အသုံးပြုနိုင်မည်။) ဝင်ရောက်ကြည့်ရှု လေ့လာနိုင် ပါသည်။
ဝန်ဇင်း Mobile Application အား Android အသုံးပြုသူများ အနေဖြင့် http://bit.ly/wzmpt နှင့် iOS အသုံးပြုသူများ အနေဖြင့် https://bit.ly/wz_mpt တွင် ဒေါင်းလုတ်ပြုလုပ်ကာ ရယူနိုင်ပါသည်။
“ဖတ်ညွှန်းဒိုင်ယာရီ” စာညွှန်းပြိုင်ပွဲ နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပြီး Wun Zinn Mobile Application ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော https://www.facebook.com/wunzinn သို့မဟုတ် ဖုန်းနံပါတ် 01-9339216, 106 သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။