×

စီးပွားရေးလုပ်ငန်းအချင်းချင်း ဆက်သွယ်ရန်အတွက် B2B ဝန်ဆောင်မှုအသစ်ကို MPT Business Brand မှ မိတ်ဆက်

05 Dec 2016

(ရန်ကုန်၊ ဒီဇင်ဘာလ ၅ ရက်၊ ၂၀၁၆ ခုနှစ်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ၎င်း၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကုန်အမှတ်တံဆိပ် အသစ်နှင့်အတူ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွက် သီးသန့်အသုံးပြုနိုင်သော ဝန်ဆောင်မှုများ ဖြစ်သည့် ကြိုးလိုင်းဖုန်း (Fixed Line) နှင့် မိုဘို်င်းအဆင့်မြှင့်တင်ထားသော ၀န်ဆောင်မှုများကို ဆောင်ရွက်ပေး နေပြီဖြစ်ပါသည်။ ကုန်ကျစရိတ်သက်သာစေပြီး မိမိတို့၏ လုပ်ငန်းနှင့် လို်က်လျောညီထွေမှု ရှိစေမည့် ဝန်ဆောင်မှုများဖြင့် သုံးစွဲသူများ၏ စီးပွားရေးဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်စေရန်နှင့် မြန်မာ့ B2B (စီးပွားရေးလုပ်ငန်း အချင်းချင်း) စျေးကွက်ကို ပြန်လည်တည်ဆောက်နိုင်ရာမှာ ကူညီဆောင်ကျဉ်းပေးနိုင်မည် ဖြစ်ပါသည်။

စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုများအတွက် MPT စီးပွားရေးလုပ်ငန်းဆိုင်ရာ ကုန်အမှတ်တံဆိပ်ဖြင့် မိတ်ဆက်သည့် အထူးဝန်ဆောင်မှုတွင် ဖောက်သည်များ သို့မဟုတ် ဝန်ထမ်းများနှင့် အမြဲအဆက်အသွယ် ပြုလုပ်နေရသည့် ဒေတာသုံးစွဲမှုနှင့် ဖုန်းဆက်သွယ်ချိန် များပြားသော ကုမ္ပဏီလုပ်ငန်းများအတွက် B2B Mobile Package နှင့် B2B Data Plan တို့ ပါဝင်မည်ဖြစ်သည်။

သီးသန့်အဖွဲ့လိုက် သုံးစွဲလိုသူများအတွက် ရည်ရွယ်သည့် B2B CUG ဝန်ဆောင်မှု ကိုလည်း ရရှိနိုင်မည်ဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှုကိုရယူထားပါက အဖွဲ့ဝင်အချင်းချင်း စာတိုပေးပို့မှု၊ ဖုန်းခေါ်ဆိုမှုများကို အခမဲ့ပြုလုပ်နိုင်မည် ဖြစ်သည့်အပြင် အဖွဲ့၏ လိုအပ်ချက်အလိုက် အချင်းချင်းဆက်သွယ်ရာတွင် အကန့်အသတ်မရှိ သုံးစွဲနိုင်မည် ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းအချင်းချင်းဆက်သွယ်ရန် သီးသန့်ဝန်ဆောင်မှုများကို ပေးစွမ်းသည့် ဝန်ဆောင်မှု အသစ်များထဲတွင် ဖောက်သည်များကို ဝန်ဆောင်မှု ပေးရန်အတွက် Mobile Remote Access ခေါ် ဘဏ်များနှင့် ကုန်စည်သယ်ယူပို့ဆောင်မှုများတွင်အသုံးပြုနိုင်သော ဝန်ဆောင်မှုနှင့် Mobile Enablement Packages များလည်း ပါဝင်သည့် တတိယအဖွဲ့အစည်းများကို ဝန်ဆောင်မှုပေးနိုင်သည့် B2B2C ဝန်ဆောင်မှုများ ဖြစ်ပါသည်။ အဆိုပါ တစ်စုတစ်စည်းတည်း အသုံးပြုနိုင်သည့် ဝန်ဆောင်မှုများကို ဥပမာပေးရပါက ကုမ္ပဏီများသည် ဖောက်သည်များနှင့် ဝန်ထမ်းများထံသို့ အသိပေးစာ၊ သတိပေးနှိုးဆော်စာ သို့မဟုတ် အရောင်းဌာန ဆိုင်ရာ အချက်အလက်များကို ပေးပို့သည့် ပို့စာ စသည့် ဖိုင်ဆိုက်ကြီးသည့်စာတို ပေးပို့ခြင်းများ၊ ဆက်သွယ်မှုများ၊ အချက်အလက်မျှဝေ ပေးပို့ခြင်းများကို လုံခြုံစိတ်ချရသည့် ကွန်ရက်ကို အသုံးပြုကာ ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ပါသည်။

MPT ၏ အထူး B2B ဝန်ဆောင်မှုသစ်ကို ဒီဇင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့ထိ နိုဗိုတယ် ဟိုတယ်တွင် ကျင်းပပြုလုပ်မည့် Myanmar Communicast 2016 ပွဲတွင် စတင်မိတ်ဆက်သွားမည်ဖြစ်ပါသည်။

အဆိုပါ ဝန်ဆောင်မှုပုံစံ တစ်ခုစီတိုင်းတွင် စီးပွားရေးလုပ်ငန်းအမျိုးအစားတိုင်း၏ လိုအပ်ချက်များနှင့် ကိုက်ညီနိုင်မည့် ရွေးချယ်စရာများလည်း ပါဝင်မည်ဖြစ်သည်။ ယင်းဝန်ဆောင်မှုများကို ရယူထားခြင်းဖြင့် ကုန်ကျစရိတ်များ လျှော့ချနိုင်မည်ဖြစ်ပြီး MPT ၏ ကျယ်ပြန့်လှသည့် ကွန်ရက်လွှမ်းခြုံနိုင်မှုဖြင့် အသုံးပြုပေးပို့နိုင်မည် ဖြစ်သည်။

အသေးစိတ်အချက်အလက်များနှင့် စည်းကမ်းချက်များအတွက် [email protected] သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။

 

mpt-news

လက်ရှိ ဝန်ဆောင်မှုများဖြစ်သည့် မြေအောက်ဖိုက်ဘာအင်တာနက်လိုင်းများနှင့် IP-VPN ကို ထပ်တိုးချဲ့ထား သော ရွေးချယ်နိုင်သည့် အမျိုးအစားများအပြင် MPT ကွန်ရက်တွင်း သီးသန့် B2B ဝန်ဆောင်မှုကို MPT ၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကုန်အမှတ်တံဆိပ်အောက်မှသာ ဆောင် ရွက်သွားမည်ဖြစ်သည်။

MPT မှ Chief Commercial Officer MPT-KSGM ဖြစ်သူ Mr Koichi Kawase က အဆိုပါတိုးတက်မှုနှင့် ပတ်သက်၍ “စီးပွားရေးလုပ်ငန်းဆိုင်ရာ အမှတ်တံဆိပ်သစ်ဖြစ်တဲ့ MPT Business Brand ကို စတင်ခြင်းနဲ့ သီးသန့်ဝန်ဆောင်မှုတွေကို မိတ်ဆက်ခြင်းဟာ ကျွန်တော်တို့ရဲ့ B2B မိုဘိုင်းအင်တာနက် စျေးကွက်ကို ဦးဆောင်ဖို့ နည်းဗျူဟာရဲ့ နောက်တစ်ဆင့် ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကို မြန်မာပြည်ကအကြီးမားဆုံး ကွန်ရက်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ကွန်ရက်အပေါ်မှာအခြေခံပြီး အထူးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါဟာ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတွေအတွက် ကိုက်ညီမှုရှိတဲ့ ဝန်ဆောင်မှုတွေပဲ ဖြစ်ပါတယ်”

“ကမ္ဘာ့ဘဏ်ရဲ့ ပြောကြားချက်အရ မြန်မာ့စီးပွားရေးဟာ ၂၀၁၆-၂၀၁၇ မှာ ရ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာဖို့ မျှော်မှန်း ထားတယ်လို့ဆိုပါတယ်။ ဒီတိုးတက်မှုနဲ့အညီ စီးပွားရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ရာမှာ အကူအညီ တစ်ခုဖြစ်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။