×

ဆိုရှယ်မီဒီယာသုံးစွဲမှု အထူးနှစ်ခြိုက်သူများအတွက် MPT က Social Packs ကို ပိုမိုကောင်းမွန်သည့် နှုန်းထားအသစ်သို့ ပြောင်းလဲသတ်မှတ်

25 Jun 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် ဇွန်လ၂၅ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က Facebook, Messenger, Viber, LINE နှင့် Instagram တို့အပါအဝင် သုံးစွဲသူများကြိုက်နှစ်သက်သည့် ဆိုရှယ်မီဒီယာများကို သက်သာသည့်ဈေးနှုန်းဖြင့် သုံးစွဲနိုင်စေရန် Social Packs နှုန်းထားအသစ်များကို ယနေ့ ထုတ်ပြန်လိုက်သည်။ ဈေးနှုန်းအသစ်ပြောင်းလဲထားသည့် Social Packs တွင် အနည်းဆုံးနှုန်းထားအဖြစ် 190MB လျှင် ၁၉၉ ကျပ်သာ ကျသင့်ကာ နှစ်ရက်တာအထိ အသုံးပြုခွင့်ရရှိမည့် ပက်ကေ့ချ် မှစတင်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှအရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “တစ်နိုင်ငံလုံးဖြန့်ကျက်ထားတဲ့ ကျွန်တော်တို့ MPT ရဲ့ LTE+ ကွန်ရက်ပေါ်မှာ မြန်နှုန်းမြင့် အင်တာနက်ကို အသုံးပြုနေကြတဲ့ သုံးစွဲသူတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ ဆိုရှယ်မီဒီယာသုံးစွဲသူပမာဏက တစ်နေ့ထက်တစ်နေ့ တိုးမြင့်လာနေပါပြီ။ အစဉ်တစိုက်အားပေးလာကြတဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်ဖို့အတွက် ကျွန်တော်တို့ MPT အနေနဲ့ သုံးစွဲသူတွေအကြိုက်နဲ့ ကိုက်ညီတဲ့အရာတွေ၊ လူကြိုက်များတဲ့ကဏ္ဍတွေကို စိတ်ဝင်တစား အသုံးပြုမှုအပေါ်ကို လိုက်ပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ဆိုရှယ်မီဒီယာ အတွေ့အကြုံတွေကို ပိုပြီးခံစားနိုင်စေမယ့် သက်သာတဲ့နှုန်းထားနဲ့ ဒီ Social Packs တွေကြောင့် သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့သူငယ်ချင်း၊ မိသားစုတွေနဲ့ ဆက်သွယ်တဲ့နေရာမှာ အရင်ကထက် ပိုပြီး အဆင်ပြေတော့မှာ ဖြစ်လို့ MPT အနေနဲ့ အထူးပဲ ကျေနပ်ဝမ်းသာဖြစ်မိပါတယ်” ဟု ပြောကြားခဲ့သည်။

MPTသုံးစွဲသူများအနေဖြင့် ဆိုရှယ်မီဒီယာအက်ပလီကေးရှင်းများအတွက် သက်သာသောနှုန်းထားဖြင့် သတ် မှတ်ထားသော ဒေတာပမာဏများအလိုက် ၂ ရက်၊ ၇ ရက်၊ ၃၀ ရက် ပက်ကေ့ချ်များအဖြစ် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ အဆိုပါပက်ကေ့ချ်အသစ်များက ဆိုရှယ်မီဒီယာသုံးစွဲသူများအတွက် ကျေနပ်မှု ပိုမိုပေးစွမ်းနိုင်မည်ဖြစ်ပြီး MPT ၏ နိုင်ငံတစ်ဝှမ်းကျယ်ပြန့်စွာ ချိတ်ဆက်ထားသော ကွန်ရက်ပေါ်မှတစ်ဆင့် ၎င်းတို့စိတ်ကြိုက် အက်ပလီကေးရှင်းများကို ရယူသုံးစွဲနိုင်မည်ဖြစ်သည်။

MPT GSM/WCDM၊ ဆွေသဟာ၊ ရှယ်ပြော၊ ရွှေစကား သုံးစွဲသူများ ရယူနိုင်မည့် Social Packs အသစ်များ

Social Packsဈေးနှုန်း (ကျပ်) (ကုန်သွယ်ခွန်ပါဝင်ပြီး)ဒေတာပမာဏ (MB) ပက်ကေ့ချ် တစ်ခုချင်းစီ ရယူရန်တိုက်ရိုက် ရယူရန်
၂ ရက်စာ ပက်ကေ့ချ်၁၉၉ ကျပ်190 MB*3001# သို့ ခေါ်ဆိုပါ 

*3333# သို့ ခေါ်ဆိုပါ

 

၇ ရက်စာ ပက်ကေ့ချ်၉၉၉ ကျပ်950 MB*3002# သို့ ခေါ်ဆိုပါ
ရက် ၃၀ စာ ပက်ကေ့ချ်၂,၉၉၉ ကျပ်2,850 MB*3003# သို့ ခေါ်ဆိုပါ

*သတ်မှတ်ထားသည့် ဒေတာပမာဏထိ အသုံးပြုပြီးပါက ပုံမှန်နှုန်းထား (PAY-AS-You-Go) သို့မဟုတ် Data Pack နှုန်းထားများဖြင့် ကောက်ခံသွားမည်ဖြစ်သည်။

MPT ၏ Social Packs အသစ်များနှင့် အခြားသော ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုပါ Call Center နံပါတ် ၁၀၆ သို့မဟုတ် တရားဝင် Facebook Page www.facebook.com/mptofficialpage/ တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။