×

ဆုမဲပေါင်း ၈ သောင်းကျော်ပါဝင်သည့် MPT နှင့် LINE တို့၏ ကံစမ်းမဲအစီအစဉ်စတင်

01 Oct 2015

[:my]အောက်တိုဘာလအတွင်း LINE အမှတ်တံဆိပ်ပါ MPT ဖုန်းငွေဖြည့်ကတ်များဖြင့် ငွေဖြည့်ပြီး MPT ၏ data packages များနှင့် ဘန်ကောက်မြို့သို့ အလည်အပတ်ခရီးစဉ်များပါဝင်သည့် ကံစမ်းမဲအစီအစဉ်တွင်ပါဝင်ကံစမ်းနိုင်မည်ဖြစ်သည်။

ရန်ကုန်၊ မြန်မာ။ ၂၀၁၅ ခုနှစ် အေက်တိုဘာလ ၁ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က အောက်တိုဘာလတစ်လလုံးတွင် LINE နှင့်ပူးပေါင်း၍ အထူးကံစမ်းမဲ အစီအစဉ် တစ်ရပ်ပြုလုပ်မည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

ဤကံစမ်းမဲအစီအစဉ်သည် ၂၀၁၅ ဇူလိုင်လက စတင်ခဲ့သော MPT နှင့် LINE တို့ ပူးပေါင်းမှုအစီအစဉ်၏ နောက်ဆက်တွဲဖြစ်သည်။ ဇူလိုင် ၂၉ ရက်မှ စက်တင်ဘာ ၃၀ အထိ MPT သုံးစွဲသူများက LINE ကို အင်တာနက်နှုန်းထားအခမဲ့ဖြင့် သုံးစွဲနိုင်ရန် အစီအစဉ်ပြုလုပ်ပေးထားခဲ့သည်။

LINE တွင် MPT Official Account ကိုလည်း ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်အသုံးပြုရန်မိတ်ဆက်ထားပြီး ယခုချိန်တွင် အသုံးပြုသူပေါင်း ၃ သိန်းကျော် ရှိနေပြီဖြစ်သည်။ MPT Official Account ကိုအသုံးပြုသူများအနေဖြင့် MPT ၏ နောက်ဆုံးသတင်းများနှင့် အထူးအစီအစဉ်များကိုအချိန်နှင့်တပြေးညီသိရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် MPT အတွက် အထူးသီးသန့် ထုတ်လုပ်ထားသော စတစ်ကာများကိုလည်း ရယူအသုံးပြုနိုင်မည်ဖြစ်သည်။

အသုံးပြုသူများအနေဖြင့် LINE ရုပ်ပုံလေးများပါသော MPT၏ GSM နှင့် WCDMA ငွေဖြည့်ကတ်များကို ဝယ်ယူ၍ ငွေဖြည့်ပါက ကံစမ်းမဲအစီအစဉ်ထဲသို့ အလိုအလျောက် အကျုံးဝင်သွားမည်ဖြစ်သည်။ ဆုမဲများမှာ –

  • လူ ၂ ယောက်စာ ရန်ကုန်-ဘန်ကောက် ၂ ညအိပ် ၃ ရက်ခရီးစဉ် (ဆုမဲ ၁၀ ခု)
  • Samsung Galaxy S6 စမတ်ဖုန်း (ဆုမဲ ၁၀ ခု)
  • ၅ ထောင်ကျပ်တန် City Mart gift voucher (ဆုမဲ ၉၀၀)
  • LINE ရုပ်ပုံပါ မှတ်စုစာအုပ် (ဆုမဲ ၁ သောင်း)
  • 5GB ထိ အခမဲ့အသုံးပြုနိုင်မည့် MPT free data package (ဆုမဲ ၇ သောင်း ၈ ထောင်)

LINE ရုပ်ပုံပါ ငွေဖြည့်ကတ်များကို အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ ဝယ်ယူနိုင်မည်ဖြစ်သည်။ LINE ရုပ်ပုံပါ ငွေဖြည့်ကတ်တစ်မျိုးစီတိုင်းတွင် မတူညီသော QR ကုတ် တမျိုးစီပါမည်ဖြစ်ပြီး ထို ကုတ်ကိုအသုံးပြု၍ LINE sticker များကိုလည်း အခမဲ့ ဒေါင်းလုဒ်ရယူနိုင်မည်ဖြစ်သည်။ မတူညီသော အထူး စတစ်ကာရုပ်ပုံအတွဲ ၄ မျိုးကို MPT အသုံးပြုသူများက ရယူနိုင်မည် ဖြစ်သည်။

MPT နှင့် LINE တို့အတူပူးပေါင်း၍ ရေပန်းစားနေသော messaging application ကို ပိုမိုအသုံးပြုနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။ LINE သည် ကမ္ဘာပေါ်ရှိလူကြိုက်အများဆုံးသောလူမှုကွန်ယက် application များထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး လစဉ် ကမ္ဘာတဝှမ်း အသုံးပြုသူပေါင်း ၂၀၅ သန်း တိုးပွားလျက်ရှိသည်။ အထူးသဖြင့် အာရှဒေသတွင် လူကြိုက်များနေပြီးဂျပန်၊ ထိုင်းနိုင်ငံနှင့် အခြားသောနိုင်ငံများတွင် နံပါတ် ၁ နေရာတွင် ရှိနေသော application တစ်ခုဖြစ်သည်။

MPT x LINE ကံစမ်းမဲအစီစဉ်သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိဖြစ်ပြီး MPT ၏ GSM နှင့် WCDMA ကြိုတင်ငွေဖြည့်အသုံးပြုသူများအတွက်ဖြစ်သည်။ မှတ်ပုံတင်စာရင်းသွင်းခြင်းများ ပြုလုပ်ရန် မလိုအပ်ဘဲ LINE ပုံပါသော MPT ငွေဖြည့်ကတ်ကို ဝယ်ယူငွေဖြည့်လိုက်ရုံသာဖြစ်သည်။ LINE ကို ဒေါင်းလုဒ်ရယူလိုပါက www.line.me/my. တွင်ရယူနိုင်ပါသည်။[:]