×

ဇာတ်လမ်းတိုများကို ဖတ်ရှုရန် နှစ်သက်သူများအတွက် အပြန်အလှန်ပြောဆို နေသကဲ့သို့ ဖတ်ရှုနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Chat Tin Zat Lan (ချက်တင်ဇာတ်လမ်း) ဝန်ဆောင်မှုကို MPT က စတင်

24 Jul 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၄ရက်)- သုံးစွဲသူများ၏ ဒီဂျစ်တယ်အသုံးပြုမှု အတွေ့အကြုံကောင်းများ ပေးစွမ်းနိုင်ရန်အတွက် ၎င်းတို့နှင့်ကိုက်ညီပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ဝန်ဆောင်မှုများကို အမြဲပေးအပ်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် ဇာတ်လမ်းတိုများကို နှစ်သက်သော်လည်း အချိန်ရှားပါးပြီး၊ စာဖတ်ရန်အချိန်မပေးနိုင်သူများအတွက် Chat Tin Zat Lan (ချက်တင်ဇာတ်လမ်း) ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန် ကြေညာလိုက်သည်။
ဆန်းသစ်ပြီး အများနှစ်သက်သော ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Chat Tin Zat Lan (ချက်တင်ဇာတ်လမ်း) ဝန်ဆောင်မှုကို နိုင်ငံပေါင်း ၄၅ နိုင်ငံတွင် မိုဘိုင်းလ်နည်းပညာများနှင့် ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီဖြစ်သည့် UPSTREAM ကုမ္ပဏီနှင့် ပူးပေါင်း၍ဆောင်ရွက်ခြင်းဖြစ်ကာ လွယ်လွယ်ကူကူ ဖတ်ရှုနိုင်သည့် ဇာတ်လမ်းတို များကို တင်ဆက်ပေးထားခြင်း ဖြစ်သည်။ အမြဲတမ်းသွားလာလှုပ်ရှားနေသူများနှင့် အချိန်မအားလပ်ဘဲ အလုပ်အလွန်များသူတို့အတွက် အလွယ်တကူ ဖတ်ရှုနိုင်ရန် အထူး စီစဉ်ထားသည့် အဆိုပါဝန်ဆောင်မှုတွင် ဇာတ်လမ်းတို များစွာကို မည့်သည့်အချိန်၊ နေရာ၌မဆို လွယ်လင့်တကူ ဖတ်ရှုနိုင်မည် ဖြစ်သည်။

Chat Tin Zat Lan ဝန်ဆောင်မှုမှတစ်ဆင့် ဖတ်ရှုသူများသို့ စိတ်လှုပ်ရှားဖွယ်၊ စိတ်ဝင်စားဖွယ် ပြည်တွင်းနှင့် နိုင်ငံတကာ ရသများကို ခံစားစေနိုင်မည့် ဇာတ်လမ်းတိုများကို ဆောင်ကျဉ်းပေးသွားမည် ဖြစ်သည်။ ၎င်းဝန်ဆောင်မှုတွင် စိတ်လှုပ်ရှားစရာများနှင့် သည်းထိတ်ရင်ဖိုခံစားရမည့် ဇာတ်လမ်းတိုများကို အပြန်အလှန် ပြောဆိုနေသကဲ့သို့ ဖတ်ရှုနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ဇာတ်လမ်းတိုများကို ဖတ်ရှုရန်အတွက် သုံးစွဲသူများအနေဖြင့် စာအုပ်များကဲ့သို့ စာမျက်နှာများ လှန်သွားရန်မလိုအပ်ဘဲ မိုဘိုင်းလ်ဂိမ်း ကစားသကဲ့သို့ပင် မိုဘိုင်းလ်ဖုန်းမျက်နှာပြင်ကို ထိတွေ့ကာ next button (နောက်တစ်ခု) ဖြင့် ဇာတ်လမ်းအဆုံးအထိ ဖတ်ရှုနိုင်မည် ဖြစ်သည်။
Chat Tin Zat Lan ဝန်ဆောင်မှုတွင် ကဏ္ဍ ၅ မျိုး ဖြစ်သည့် လျှို့ဝှက်သည်းဖို၊ ချစ်ခြင်းဖွဲ့၊ ဟာသ၊ အလွမ်းအဆွေးနှင့် ဖြစ်ရပ်ဆန်းကြယ်တို့ ပါဝင်မည်ဖြစ်ပြီး အပတ်စဉ်တိုင်းတွင် ဇာတ်လမ်းအသစ်များကို ထပ်မံထည့်သွင်းသွားမည် ဖြစ်သောကြောင့် အသစ်အသစ်သော ဇာတ်လမ်းတိုများကို အမြဲမပြတ် ဖတ်ရှုနိုင်မည် ဖြစ်သည်။ မိမိနှစ်သက်သဘောကျသည့် ဇာတ်လမ်းတိုများကို ထပ်ခါတလဲလဲ ဖတ်ရှုမည်ဆိုလျှင်လည်း ဝန်ဆောင်ခအပြင် နောက်ထပ်အခကြေးငွေ ထပ်မံပေးစရာမလိုဘဲ ဖတ်ရှုနိုင်မည့်အပြင် မိမိနှစ်သက်ရာ ဇာတ်လမ်းတိုများအတွက်လည်း ကြိုက်နှစ်သက်မှုအပေါ်မှုတည်၍ အဆင့်သတ်မှတ်ချက်များ ပေးသွားနိုင်မည် ဖြစ်သည်။
Chat Tin Zat Lan (ချက်တင်ဇာတ်လမ်း) ဝန်ဆောင်မှုကို ရယူလိုသည့် MPT သုံးစွဲသူများအနေဖြင့် 8181 သို့ ON ဟု SMS (စာတို) ပေးပို့၍ သော်လည်းကောင်း Lo Ta Ya Portal https://lotaya.mpt.com.mm/event/244 မှတစ်ဆင့် စာရင်သွင်း ပြုလုပ်၍ သော်လည်းကောင်း ရယူနိုင်ပြီး တစ်ရက်လျှင် ၉၉ ကျပ် (အခွန်ပါဝင်ပြီး) ကျသင့် မည် ဖြစ်သည်။
MPT-KSGM Joint Operations မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ် ဖြစ်သူ Mr. Reizo Umeda မှလည်း Chat Tin Zat Lan (ချက်တင်ဇာတ်လမ်း) portal ဝန်ဆောင်မှု အသစ်နှင့် ပတ်သက်၍ ပြောကြားခဲ့ရာတွင် “MPT အနေနဲ့ မြန်မာပြည်သူတွေအတွက် သူတို့ဘဝရဲ့ဆောင်ရွက်မှုတွေတိုင်းမှာ ပါဝင်နိုင်စေဖို့၊ သူတို့အတွက်လို အပ်တဲ့၊ ကိုက်ညီတဲ့ အစီအစဉ်သစ်တွေ ပေးနိုင်ဖို့အတွက် အမြဲတမ်းကြိုးစားနေပါတယ်။ ဒီ Chat Tin Zat Lan (ချက်တင်ဇာတ်လမ်း) ဝန်ဆောင်မှုကလည်း အဲဒီလိုအစီအစဉ်သစ်တွေထဲက တစ်ခုပဲဖြစ်ပါတယ်။ အချိန်တိုလေး အတွင်းမှာ ဖတ်ရှုသူတွေရဲ့ စိတ်ကို ကြည်နူးအောင်၊ စိတ်လှုပ်ရှားလာအောင်၊ အတွေးအမြင်သစ်တွေ ပွင့်လင်းလာအောင် လုပ်ပေးနိုင်မယ့် ဇာတ်လမ်းတိုလေး တွေကို တင်ဆက်ထားပြီးတော့ ဘယ်အချိန်၊ ဘယ်နေရာမှာမဆို လွယ်လွယ်ကူကူ ဖတ်ရှုနိုင်အောင် ရည်ရွယ်ဆောင်ရွက် ပေးထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ MPT ကို သုံးစွဲသူတွေရဲ့ ဘဝအတွေ့အကြုံတိုင်းကို တန်ဖိုးထားတဲ့အတွက် ဘယ်လိုအချိန် နေရာမျိုးမှုာမဆို အတွေ့အကြုံသစ်တွေ ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
Chat Tin Zat Lan (ချက်တင်ဇာတ်လမ်း) ဝန်ဆောင်မှု အပါအဝင် MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍၎င်း၊ MPT ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သည့် https://www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင်ဝက်ဘ်ဆိုက် ဖြစ်သည့် www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။