×

တက္ကသိုလ်ကျောင်းများတွင် စျေးရောင်းပွဲတော်နှင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းများ MPT မှ ကျင်းပဆောင်ရွက်

12 Dec 2016

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၂ ) – MPT သည် အထူးစျေးရောင်းပွဲတော်နှင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ ၀န်ဆောင်မှုများကို ရန်ကုန်မြို့ရှိ တက္ကသိုလ်ကျောင်း ၁၆ ခု၌ ယခုလအတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ဆေးတက္ကသိုလ် (၁) (၂)၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့တွင် အစပြုကာ အခြားသောတက္ကသိုလ်ကျောင်းများတွင်ပါ MPT သည် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဆင်းမ်ကတ်များအားလုံးကို ၂၀၁၇ ခုနှစ် မတ်လနောက်ဆုံး မတိုင်မီ မှတ်ပုံတင်ရမည်ဟူသော လမ်းညွှန်ချက် နှင့်အညီ ကျောင်းသားကျောင်းသူများအား ၄င်းတို့၏ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းများ ဆောင်ရွက်နိုင်ရန် အားပေးကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ ဤကဲ့သို့ တက္ကသိုလ်ကျောင်းများ၌ ဆင်းမ်ကတ်မှတ်ပုံ တင်ခြင်းဆိုင်ရာ ၀န်ဆောင်မှုများ လိုက်လံဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသားကျောင်းသူများသည် ဆင်းမ်ကတ်မှတ်ပုံတင်ရန် အတွက် MPT ၏ အမှတ်တံဆိပ် အရောင်းဆိုင်များ၊ အခြားမိုဘိုင်းဖုန်းဆိုင်များသို့ တကူးတကသွားရောက်ရန် မလိုအပ်တော့ဘဲ မိမိတို့လက်တကမ်းမှာပင် ပိုမိုလွယ်ကူလျင်မြန်စွာ ဆောင်ရွက်လာ နိုင်မည်ဖြစ်သည်။ ဆင်းမ်ကတ် မှတ်ပုံတင်ရာတွင် မိမိတို့၏ မှတ်ပုံတင်မူရင်း သို့မဟုတ် ကျောင်းသားကတ်ပြသရန်လိုအပ်မည်ဖြစ်သည်။
ပွဲအတွင်း ငွေဖြည့်ကတ် သို့မဟုတ် MPT ဆင်းမ်ကတ်တစ်ကတ် ၀ယ်ယူသော ကျောင်းသားကျောင်းသူများကို
အမှတ်တရလက်ဆောင်များအဖြစ် တီရှပ်၊ MPT Cup နှင့် ငွေဖြည့်ကတ်အပိုဆု စသည့် အပိုလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် ထီး၊ မျက်နှာသုတ်ပုဝါနှင့် USB စတစ် အစရှိသည်တို့ကိုလည်း ရယူနိုင်မည် ဖြစ်သည်။

MPT-KSGM ၏ Chief Commerical Officer ဖြစ်သူ Mr Koichi Kowase က “MPT အသုံးပြုသူ ကျောင်းသားကျောင်းသူများ ဆင်းမ်ကတ်မှတ်ပုံတင်နိုင်ဖို့အတွက် ဒီလိုပျော်စရာကောင်းပြီး အကျိုးရှိစေမယ့် ပွဲတွေကို စီစဉ်ပေးရတာဘဲဖြစ်ပါတယ်။ နီးစပ်ရာတက္ကသိုလ်သို့လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒါဟာ MPT က ဆောင်ရွက်နေတဲ့ ကျယ်ပြန်တဲ့ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့ သုံးစွဲသူများအားလုံး မတ်လ မတိုင်မီ မှတ်ပုံတင်ပြီးစီးနိုင် မှာဖြစ်ပါတယ်။”ဟုပြောကြားခဲ့ပါသည်။

ကျောင်းသားကျောင်းသူများသည် ၄င်းတို့တက္ကသိုလ်တွင် ပေးအပ်သွားမည့် အဆိုပါ၀န်ဆောင်မှုနှင့် အကြောင်းအမျိုးမျိုးကြောင့် လွဲချော်သွားခဲ့ပါလျှှင်လည်း MPT အမှတ်တံဆိပ် အရောင်းဆိုင်များ၊ သတ်မှတ်ထားသော CB ဘဏ်နှင့် KBZ ဘဏ်ခွဲများ၊ အွန်လိုင်းနှင့် အခြားသောနေရာများတွင် မှတ်ပုံတင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက MPT ၏ ၀က်ဘ်ဆိုဒ်တွင် ၀င်ရောက် လေ့လာနိုင်ပါသည်။

တက္ကသိုလ်အမည်နေ့ရက်မြို့နယ်အချိန်
နည်းပညာတက္ကသိုလ် (မှော်ဘီ)၂၃.၁၂.၂၀၁၆မှော်ဘီ၊ ရန်ကုန်နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ
နည်းပညာတက္ကသိုလ် (သန်လျင်)၂၉.၁၂.၂၀၁၆သန်လျင်၊ ရန်ကုန်နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၂၇.၁၂.၂၀၁၆လှိုင်သာယာ၊ ရန်ကုန်နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၂၂.၁၂.၂၀၁၆သန်လျင်၊ ရန်ကုန်နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ
ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၁၆.၁၂.၂၀၁၆ကမာရွတ်၊ ရန်ကုန်နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၁၂.၁၂.၂၀၁၆ကမာရွတ်၊ ရန်ကုန်နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၁၉.၁၂.၂၀၁၆သန်လျင်၊ ရန်ကုန်နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ