×

တစ်နိုင်ငံလုံးတွင် ရေပန်းစားလူကြိုက်များသည့် The Voice Myanmar ထိပ်တန်းသီချင်းဆိုပြိုင်ပွဲကို MPT ၏ ကူညီပံ့ပိုးမှုဖြင့် ဒုတိယအကြိမ်အဖြစ် မကြာမီ တစ်ကျော့ပြန် ကျင်းပမည်

23 Jan 2019

(ရန်ကုန် ၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်) – သန်းနှင့်ချီသောသီချင်းချစ်သူ ပရိသတ်များ မျှော်လင့်စောင့်စားနေကြသော ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အပြည့်ဖြင့် ခံစားကြည့်ရှုရမည့် မြန်မာနိုင်ငံ၏ အကောင်းဆုံး ထိပ်တန်းသီချင်းဆိုပြိုင်ပွဲ The Voice Myanmar အစီအစဉ်သစ်ကို ၂၀၁၉ ခုနှစ်အတွက် လာမည့်ဖေဖော်ဝါရီလတွင် ပြသတော့မည်ဖြစ်ပြီး အရည်အသွေးရှိသည့် ပြိုင်ပွဲဝင်များကို စတင်ရွေးချယ်တော့မည်ဖြစ်သည်။ ပြိုင်ပွဲတွင် နိုင်ငံကျော်အဆိုတော်များဖြစ်ကြသော နီနီခင်ဇော်၊ ရန်ရန်ချမ်း၊ ဟန်ထူးလွင်တို့အပြင် အဆိုတော် R ဇာနည်မှလည်း ယခုနှစ်၏ အကဲဖြတ်ဒိုင်လူကြီး အသစ်အနေဖြင့် Season အသစ်တွင် ဝင်ရောက်အကဲဖြတ်ရွေးချယ်ပြီး လေ့ကျင့်ပံ့ပိုးမှုများ ပြုလုပ်ပေးသွားမည် ဖြစ်သည်။

MPT အနေဖြင့် ယခုအစီအစဉ်တွင် အဓိကကူညီပံ့ပိုးသူ Main Sponsor အဖြစ် Forever BEC-Tero နှင့်ထပ်မံ အတူပူးပေါင်းဆောင်ရွက်ခွင့်ရရှိသည့်အပေါ် အထူးပင်ဂုဏ်ယူဝမ်းမြောက်ဂုဏ်ယူလျှက်ရှိပြီး အဆို ပြိုင်ပွဲကို လာမည့် ဖေဖေါ်ဝါရီလ ၂၄ ရက် မှ ဇွန်လ ၁၆ ရက်နေ့အထိ MRTV-4 Free to Air ရုပ်သံလိုင်းမှတစ် ဆင့် အပတ်စဉ် တနင်္ဂနွေနေ့ည ၉ နာရီတိုင်း ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ ယခုနှစ်အတွက် ပြိုင်ပွဲဝင်ရန်လျှောက်ထားသူ ဦးရေ ၈,၀၀၀ ရှိပြီး Blind Auditions အတွက် ၎င်းတို့အတွင်းမှ ပြိုင်ပွဲဝင် ၄၈ ဦးကို Battle Round အဆင့်အတွက် ဆက်လက်ရွေးချယ်သွားမည် ဖြစ်သည်။ ၎င်းတို့အနက်မှ ၂၄ ဦးမှာ နောက်ဆုံးအဆင့်ယှဉ်ပြိုင်မှုအတွက် ပရိသတ်ရှေ့မှောက်တွင် Grand Prize ဆုအတွက် တိုက်ရိုက် သီဆိုယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

The Voice Myanmar Season-2 တွင် နည်းပြများအဖြစ် ပါဝင်သွားကြမည့် နာမည်ကြီးအဆိုတော်များဖြစ်ကြသော ရန်ရန်ချမ်း၊ နီနီခင်ဇော်၊ ဟန်ထူးလွင်နှင့် R-ဇာနည်

ပွဲစဉ်အစပိုင်းတွင် အသံစွမ်းရည်စစ်ဆေးရန်အတွက် Blind-auditions အစီအစဉ်ကို နိုင်ငံတကာတွင် ကျင်းပ လျက်ရှိသည့် The Voice သီချင်းဆိုပြိုင်ပွဲများနည်းတူ စတူဒီယိုအတွင်း ကြည့်ရှုနေသည့် ပရိသတ်များရှေ့မှောက်၌ သီဆိုယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဘဝအတွက်အရေးပါသည့် အလှည့်အပြောင်းတစ်ခုကို ဖြစ်စေမည့် တေးစီးရီးထုတ်လုပ်မှုစာချုပ်တစ်ခုကိုလည်း Universal Music Group နှင့်အတူ ချုပ်ဆိုခွင့် ရရှိမည်ဖြစ်သည့်အပြင် ငွေကျပ်သိန်း နှစ်ရာကိုလည်း ဆွတ်ခူးရရှိမည်ဖြစ်သည်။ ပြိုင်ပွဲစဉ်တစ်လျှောက်လုံးတွင် သီဆိုယှဉ်ပြိုင်သူများအား သီဆိုယှဉ်ပြိုင်မှု စွမ်းဆောင်ရည် တိုးမြှင့်စေရန် ရည်ရွယ်ချက်ဖြင့် နည်းပြများက လေ့ကျင့်သင်ကြားမှုများ၊ လမ်းညွှန်ပြသမှုများ ပြုလုပ်ဆောင် ရွက်သွားမည်ဖြစ်သည်။ အထူးသဖြင့်လူငယ်များအကြား ရေပန်းစားနှစ်သက်မှု အပြည့်ရရှိထားသော ယခုပြိုင်ပွဲ အစီအစဉ်တွင် မြန်မာနိုင်ငံအဝန်းမှ မတူကွဲပြားသည့် သီဆိုယှဉ်ပြိုင်မှုသဏ္ဍာန်များ၊ ဂီတဖန်တီးပုံဖော်မှုများနှင့် ကိုယ်ပိုင်ဟန်သီဆိုမှုများစွာ၊ ဂီတအမျိုးအစားများစွာကို အားပေးခံစားကြည့်ရှုနိုင်မည်ဖြစ်သည်။

အဓိကပံ့ပိုးကူညီသူအဖြစ်ပါဝင်ထားသည့် မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT အနေဖြင့် သုံးစွဲသူများအတွက် SMS စနစ်ဖြင့် Voting ပေးနိုင်မည့်စနစ်ကို စီစဉ်ဆောင်ရွက်လျက်ရှိနေပြီး *9011# သို့ခေါ်ဆိုခြင်းဖြင့်လည်း online voting portal ဖြစ်သည့် thevoice.mptvote.com ကို အလွယ်တကူဝင်ရောက်ပြီး ၎င်းတို့နှစ်သက်သည့် ပြိုင်ပွဲဝင်များကို မဲပေးနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ စီးပွားရေးရာဌာနကြီးမှ အရာရှိချုပ် Mr. Reizo Umeda က “MPT အနေနဲ့အခု The Voice Myanmar Season 2 အစီအစဉ်ကို Forever BEC-Tero နဲ့အတူ ထပ်မံပြီးတော့ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် အရမ်းပဲဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အခုပြိုင်ပွဲက မနှစ်ကလိုပဲ အောင် မြင်မှုတွေ တေးသီချင်းကောင်းတွများစွာထွက်ပေါ်လာခဲ့သလို အထူးသဖြင့် အဆိုဝါသနာရှင် လူငယ်တွေကြား မှာ အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်ကောင်းတစ်ခုဖြစ်စေမှာဖြစ်တဲ့အပြင်ကိုမှ သူတို့ သဘောကျ နှစ်သက်တဲ့အဆိုရှင်တွေရဲ့ သင်ကြားပြသ၊ ပံ့ပိုးမှုတွေနဲ့အတူ ဒီပြိုင်ပွဲကို ကြည့်ရှုခံစားနိုင်မှာပါ။ ဒီအတွက် ကျွန်တော်တို့အနေနဲ့ ဝါသနာရှင်တွေကို ပိုပြီးလာရောက်ယှဉ်ပြိုင်ကြဖို့ ဖိတ်ခေါ်လိုပါတယ်။ နောက်ဆုံးအနိုင်ရရှိ သူအနေနဲ့ Universal Music Group နဲ့အတူ တေးစီးရီးထုတ်လုပ်ခွင့်ရရှိမှာဖြစ်ပြီးတော့ အနုပညာနယ်ပယ် အတွင်းမှာ ထိပ်တန်းအဆိုရှင်တစ်ဦးအနေနဲ့ အသိအမှတ်ပြု အောင်မြင်နိုင်မယ့် အခွင့်အရေးရရှိမှာဖြစ်လို့ အနုပညာဗီဇရှိတဲ့ ရွက်ပုန်းသီးဝါသနာရှင်လေးတွေ ပါဝင်ယှဉ်ပြိုင်ကြဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ ဒါ့ကြောင့် ပရိသတ်တွေအနေနဲ့ ကိုယ်ရဲ့မိုဘိုင်းလ်ဖုန်း ဒါမှမဟုတ် အွန်လိုင်း Portal ကတစ်ဆင့် voting ပေးခြင်း နှင့် voting ပေးခြင်းစနစ်သစ်ဖြစ်သည့် SMS Voting စနစ်ကို အသုံးပြုပြီး မိမိနှစ်သက်တဲ့အဆိုဝါသနာရှင်တွေကို ရှေ့လမှာကျင်းပမယ့် ပြိုင်ပွဲမှာစတင်ပြီး မဲပေးလိုက် ကြပါစို့။” ဟု ပြောကြားသည်။

ပြီးခဲ့သည့်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် The Voice Myanmar 2018 တွင် နောက်ဆုံးဗိုလ်ဆွဲ အနိုင်ရရှိခဲ့သူ ကိုငွေစိုးမှာ ငွေကျပ် သိန်း ၂၀၀ နှင့်အတူ ၎င်း၏တေးစီးရီအမ်ဘမ်ကို Universal Music တွင် ထုတ်လုပ် ခွင့်ရရှိခဲ့သည်။

အသေးစိတ်ထပ်မံ သိရှိလိုပါက ၁၀၆ သို့တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်သည့်အပြင် www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage သို့ မေးမြန်းခေါ်ဆို နိုင်မည် ဖြစ်သည်။