×

တစ်မိနစ်လျှင် ၆ ကျပ်သာ ကျသင့်မည့် MPT ၏ “ချိုသာ” ဖုန်းခေါ်ဆိုမှု အစီအစဉ်သစ်ကို မိတ်ဆက်

30 Jan 2018

(ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၈) – MPT က အံ့အားသင့်ဖွယ်ရာကောင်းလောက်အောင် သက်သာသော ဖုန်းခေါ်ဆိုခနှုန်းထားအစီအစဉ်သစ် “ချိုသာ” ဝန်ဆောင်မှုကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ MPT ဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုမှုအတွက် ကုန်သွယ်လုပ်ငန်းခွန်အပါအဝင် တစ်မိနစ်လျှင် ၆ ကျပ်သာ ကျသင့်မည်ဖြစ်ပြီး စျေးကွက်တွင်းရှိ တစ်ပတ်စာဝယ်ယူသုံးစွဲရသော Voice Pack များထဲတွင် စျေးနှုန်း အချိုသာဆုံးလည်း ဖြစ်ပါသည်။

ယခုအစီအစဉ်သစ်မှာ မိုဘိုင်းဖုန်းနှင့် ကြိုးဖုန်းလိုင်းများ အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် နေထိုင်ကြသည့် MPT သုံးစွဲသူများအချင်းချင်း ဆက်သွယ်ခေါ်မှုအတွက် ပိုမိုအဆင်ပြေ သက်သာစေမည် ဖြစ်ပါသည်။ “ချိုသာ” အစီအစဉ်ကို တစ်ကြိမ်ရယူပြီးပါက ရ ရက်သက်တမ်းအတွင်း ၂၃၅ မိနစ်စာ ဖုန်းပြောဆိုနိုင်မည်ဖြစ်ပြီး ယင်းအတွက် အခွန်အပါအဝင် အသုံးပြုခ ၁၅၀၀ ကျပ်သာ ကုန်ကျမည်ဖြစ်ပါသည်။ ထို့အပြင် လက်ရှိ ဝန်ဆောင်မှုပေးနေသည့် တစ်ရက်တာ နှင့် သုံးရက်တာသက်တမ်းရှိ Voice Pack များအပြင် “ချိုသာ”အစီအစဉ်က MPT သုံးစွဲသူများအတွက် အသက်သာဆုံးသော နှုန်းထားနှင့် သုံးစွဲသူများကို စိတ်ကျေနပ်မှု အပြည့်အဝပေးစွမ်းနိုင်မည် ဖြစ်ပါသည်။ ယခုအစီအစဉ်နှင့်အတူ MPT သုံးစွဲသူများအနေဖြင့် ၂၈ သန်း ကျော်သော သုံးစွဲသူများသို့ အကျယ်ပြန့်ဆုံးကွန်ရက်မှ တစ်ဆင့် အလွယ်တကူ ဆက်သွယ်နိုင်မည် ဖြစ်ပါသည်။

အမည်နှုန်းထား (ကျပ်) အခွန်ပါဝင်ပြီး
MPT မှ MPT ဖုန်းသို့ ခေါ်ဆိုချိန် (မိနစ်)သက်တမ်း
ချိုသာ၁၅၀၀ကျပ်၂၃၅ မိနစ်၇ရက်

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့အနေနဲ့ ချိုသာ အစီအစဉ်သစ်ကို မိတ်ဆက်လိုက်နိုင်တဲ့အတွက် တကယ့်ကိုပဲ ပျော်ရွှင်မိပါတယ်။ ကိုယ်ချစ်ရတဲ့သူတွေရဲ့အသံကို စဉ်ဆက်မပြတ်ကြားနေနိုင်ဖို့ ဖုန်းခေါ်ဆိုခ တစ်မိနစ်ကို ၆ ကျပ်ပဲကျသင့်မယ့် ဒီအစီအစဉ်သစ်က အသုံးပြုသူတွေရဲ့ ဖုန်းခတွေကို အလွန်ပဲသက်သာသွားစေမှာဖြစ်သလို ချစ်သူများနေ့မှာ အနေဝေးနေကြရမယ့် ချစ်သူတွေ၊ အိမ်နဲ့ဝေးနေရတဲ့ မိသားစုတွေအတွက်လည်း ပိုပြီးနွေးထွေးပြည့်စုံသွား စေမယ်လို့လည်း ထင်ပါတယ်။ မြန်မာနိုင်ငံက ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာရဲ့ ကြည်လင်ပြတ်သားတဲ့ ဖုန်းခေါ်ဆိုမှု ကွန်ရက်ပေါ်မှာ နေ့စဉ်နဲ့အမျှ ဖုန်းခေါ်ဆိုခြင်းကို ပြုလုပ်နိုင်ပါပြီ။ ဒါကြောင့် အခုအစီအစဉ်သစ်က သုံးစွဲသူတွေကို ကျေနပ်အားရစေလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ပြောကြားပါသည်။

MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှုအတွက် အစီအစဉ်သစ်ဖြစ်သည့် “ချိုသာ” ဝန်ဆောင်မှုကို MPT ၏ GSM နှင့် WCDMA ဖုန်းသုံးစွဲသူများ အနေဖြင့် ၂၀၁၈ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ စတင်ရယူအသုံးပြုနိုင်မည်ဖြစ်ပြီး ၄င်းအစီအစဉ်ကို ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့အထိ ရယူသုံးစွဲနိုင်မည်ဖြစ်ပါသည်။ ယခု အစီအစဉ်ကို ရယူအသုံးပြုလိုသူများ အနေဖြင့် *106*1*1# သို့ ဖုန်းခေါ်ဆို၍လည်းကောင်း (သို့မဟုတ်) အန်းဒရွိုက် နှင့် iOS များအတွက် ထုတ်လုပ်ထားသည့် MPT4U အက်ပလီကေးရှင်း ပေါ်မှလည်းကောင်း ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ ၄င်းအစီအစဉ်ကို တစ်ပတ်ချင်းစီ သက်တမ်းတိုးအသုံးပြုရန် လိုအပ်မည် ဖြစ်ပါသည်။ အစီအစဉ်နှင့်ပတ်သတ်၍ အသေးစိတ်သိရှိလိုသည်များရှိပါက www.mpt.com.mm (သို့မဟုတ်) နီးစပ်ရာ MPT အမှတ်တံဆိပ် အရောင်းဆိုင်များတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။