×

တစ်လလျှင် ၂ သောင်းကျပ်မှ စတင်ကာ ဒေတာအကန့်အသတ်မရှိ သုံးစွဲနိုင်သော MPT ၏ ADSL အစီအစဉ်သစ်

12 Mar 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် မတ်လ၊ ၁၂ ရက်) – MPT က အိမ်သုံးအင်တာနက် ADSL အစီအစဉ်သစ်ကို များစွာချိုသာသည့် နှုန်းထားများနှင့်အတူ ယခုလာမည့် ၂၀၁၈ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်ကာ သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့သတင်း ထုတ်ပြန်ကြေညာလိုက်သည်။ ယခုလက်ရှိ ရယူအသုံးပြုနေသည့် ADSL အင်တာနက်လိုင်းကို မြန်နှုန်းအသစ်သို့ သိသိသာသာ အဆင်မြှင့်တင် ထားသည့်အပြင် သုံးစွဲသူများအနေဖြင့် အရည်အသွေးမြင့် အင်တာနက်လိုင်းကို သုံးစွဲနိုင်မည့် နေရာ ဒေသအလိုက် စျေးနှုန်းအလွန်သက်သာစွာဖြင့် အကန့်အသတ်မရှိ ရယူ အသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။

ကုန်သွယ်လုပ်ငန်းခွန် ပါဝင်ပြီးဖြစ်သည့် နှုန်းထားအသစ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။(ရန်ကုန်၊ ၂၀၁၈ ခုနှစ် မတ်လ၊ ၁၂ ရက်) – MPT က အိမ်သုံးအင်တာနက် ADSL အစီအစဉ်သစ်ကို များစွာချိုသာသည့် နှုန်းထားများနှင့်အတူ ယခုလာမည့် ၂၀၁၈ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်ကာ သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့သတင်း ထုတ်ပြန်ကြေညာလိုက်သည်။ ယခုလက်ရှိ ရယူအသုံးပြုနေသည့် ADSL အင်တာနက်လိုင်းကို မြန်နှုန်းအသစ်သို့ သိသိသာသာ အဆင်မြှင့်တင် ထားသည့်အပြင် သုံးစွဲသူများအနေဖြင့် အရည်အသွေးမြင့် အင်တာနက်လိုင်းကို သုံးစွဲနိုင်မည့် နေရာ ဒေသအလိုက် စျေးနှုန်းအလွန်သက်သာစွာဖြင့် အကန့်အသတ်မရှိ ရယူ အသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။
ကုန်သွယ်လုပ်ငန်းခွန် ပါဝင်ပြီးဖြစ်သည့် နှုန်းထားအသစ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

 

မြန်နှုန်းလစဉ်ကြေး ( ကုန်သွယ်ခွန်ပါပြီး)
1.0Mbps၂၀,၀၀၀ ကျပ်
2.0Mbps၃၉,၀၀၀ ကျပ်
3.0Mbps၅၅,၀၀၀ ကျပ်

သုံးစွဲသူများအနေဖြင့် ယခုလက်ရှိအချိန်ထိ ADSL လိုင်းအတွက် နှစ်စဉ်ကြေး ၅၂,၅၀၀ ကျပ်ကို ပေးသွင်း ခဲ့ကြရပါသည်။ သို့ရာတွင် အစီအစဉ်သစ်အရ ယခုနှစ်မှစတင်ကာ နှစ်စဉ်ကြေးပေးသွင်းရန် လိုအပ်တော့မည် မဟုတ်သောကြောင့် အသုံးပြုသူများအတွက် နှစ်စဉ်ကြေးကုန်ကျငွေဖြစ်သည့် ၅၂,၅၀၀ ကျပ်တိတိ သက်သာသွားမည် ဖြစ်ပါသည်။

ထို့အပြင် ADSL အင်တာနက်လိုင်းအား ယခုအချိန်အထိ ရယူအသုံးပြုနေသည့် MPT သုံးစွဲသူများကို
ကျေးဇူးတုန့်ပြန်သောအားဖြင့် 512 Kbps၊ 1.0Mpbs နှင့် 1.5Mpbs မြန်နှုန်းလိုင်းများ ရယူထားသူများ အတွက် ယခင်စျေးနှုန်းဖြင့်နှင့် များစွာကွာခြားမှုမရှိဘဲ အမြန်နှုန်း၂ဆ အထိ တိုးမြှင့်ရရှိနိုင်မည်ဖြစ်ပြီး 2Mbps နှင့် 2.5 Mbps မြန်နှုန်းများ ရယူထားသည့် အသုံးပြုသူများအနေဖြင့်လည်း ယခင်နှုန်းထားထက် များစွာသက်သာသည့် စျေးနှုန်းဖြင့် 3Mbps မြန်နှုန်းအထိ တိုးမြှင့်ရရှိနိုင်မည် ဖြစ်ပါသည်။ MPT ၏ ADSL သုံးစွဲသူများအနေဖြင့် နှစ်စဉ်ကြေး ကောက်ခံခြင်းမရှိတော့သည့် အစီအစဉ်သစ်ကြောင့် တစ်နှစ်တာ ကာလအတွင်းတွင် အင်တာနက်လိုင်းအတွက် ငွေကြေးများစွာကို ပိုမိုချွေတာနိုင်မည်ဖြစ်ပြီး သိသိသာသာ မြင့်မားလာသည့် အမြန်နှုန်းများဖြင့်လည်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။

 

လက်ရှိအမြန်နှုန်းတိုးမြှင့်မည့်အမြန်နှုန်း
512Kbps1.0Mbps
1.0Mbps2.0Mbps
1.5Mbps3.0Mbps
2.0Mbps3.0Mbps
2.5Mbps3.0Mbps

အထက်ပါ အဆင့်မြှင့်တင်မှုလုပ်ငန်းများကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ပြီးဆုံးပါက MPT ၏ တရားဝင်ဝက်ဘ်ဆိုက်နှင့် ဖေ့စ်ဘွတ် စာမျက်နှာများတွင်လည်း ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါသည်။ ယခင်ADSL အစီအစဉ်တစ်ခုစီ အတွက် ပြင်ဆင်ပြောင်းလဲလိုက်သည့် နှုန်းထားနှင့် တစ်နှစ်တာသက်သာမည့် ပမာဏများကိုလည်း အောက်ဖော်ပြပါ ဇယားတွင် ကြည့်ရှုနိုင်ပါသည်။

 

လက်ရှိအမြန်နှုန်းထပ်တိုးရရှိမည့်အမြန်နှုန်းစုစုပေါင်းရရှိမည့်အမြန်နှုန်းအသစ်နှစ်အလိုက်လျှော့ဈေး
512Kbps512Kbps1.0Mbps၂၆,၇၀၀ ကျပ်
1.0Mbps1.0Mbps2.0Mbps၁၂,၉၀၀ ကျပ်
1.5Mbps1.5Mbps3.0Mbps၂၂,၅၀၀ ကျပ်
2.0Mbps1.0Mbps3.0Mbps၂၁၁,၅၀၀ ကျပ်
2.5Mbps512Kbps3.0Mbps၄၀၀,၅၀၀ ကျပ်

MPT ၏ ADSL အစီအစဉ်သစ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိရယူလိုပါက သက်ဆိုင်ရာ မြို့နယ်အလိုက် ဖွင့်လှစ်ထားသော MPTအမှတ်တံဆိပ်စတိုးဆိုင်များတွင် မေးမြန်းခြင်း( သို့) ဖုန်းနံပါတ် (၀၁-၂၃၉၉၁၀၆) သို့ ဆက်သွယ်မေးမြန်းခြင်း (သို့မဟုတ်) http://bit.ly/2I9PFwT သို့ တိုက်ရိုက် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။ အော်တိုတယ်လီဖုန်းဝန်ဆောင်မှုနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မရမ်းကုန်းမြို့နယ် (၈မိုင်) တွင် ဖွင့်လှစ်ထားသော နည်းပညာ ဌာနရုံး (သို့) နီးစပ်ရာ မြို့နယ်အိတ်ချိန်းရုံးများတွင် သွားရောက်မေးမြန်းနိုင်ပါသည်။