×

ထပ်ဆောင်းဝန်ဆောင်မှုအချို့ကြောင့် သက်ရောက်ခံခဲ့့ရသည့် သုံးစွဲသူများအား MPT မှ ဖုန်းငွေပြန်ဖြည့်ပေးမည်

29 Aug 2016

(ရန်ကုန်၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ သုံးစွဲသူများအနေဖြင့် ၎င်းတို့ရယူထားခြင်းမရှိသော ထပ်ဆောင်းဝန်ဆောင်မှုများအတွက် ဝန်ဆောင်ခများ ပေးဆောင်နေရကြောင်း MPT မှ သိရှိခဲ့ကာ ယင်းအတွက်အလေးအနက်ထား ဆောင်ရွက်ခဲ့ပါသည်။ ထိုကိစ္စရပ်ကြောင့် သက်ရောက်မှု ရှိခဲ့သော သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် သင့်လျော်သည့်အချိန်အပိုင်းအခြားအတွင်း ဖုန်းငွေများ ပြန်လည် ဖြည့်သွင်းပေးသွားမည့်အကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ဖုန်းငွေ ပြန်လည် ဖြည့်သွင်းပေးမည့်အစီအစဉ်ကို သတင်းထုတ်ပြန်သည့် နေ့မှစတင်၍လုပ်ဆောင် ပေးသွားမည် ဖြစ်ကာ ငါးရက်မှ ခြောက်ရက်အထိ ကြာမြင့် နိုင်မည်ဖြစ်သည်။

MPT သုံးစွဲသူများအတွက် ထပ်ဆောင်းဝန်ဆောင်မှုများ ပေးခြင်းကို အခြားသောပြင်ပမှ တတိယ အဖွဲ့အစည်းများက ဆောင်ရွက်နေခြင်းဖြစ်သည်။ မည်သည့်အကြောင်းကြောင့် ထိုသို့ ဖြစ်ရသည်ဆိုသည်ကို သေချာစွာ သိရှိနားလည်နိုင်ရန် နှင့် ထပ်မံ၍ အဆင်မပြေမှုများဖြစ်ပွားမှု မရှိစေရန် လတ်တလောတွင် MPT အနေဖြင့် မိမိတို့ ဌာနအတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

ယခုဖြစ်ရပ်ဖြစ်ပေါ်နေသည်ကို သိရှိသည်နှင့် တစ်ပြိုင်နက် MPT သုံးစွဲသူများအား မထိခိုက်စေရန်အတွက် သြဂုတ်လ ၁၀ ရက်နေ့တွင် ထပ်ဆောင်းဝန်ဆောင်မှုများအတွက် ကျသင့်ခနှုန်းထားများ ကောက်ခံခြင်းကို ရပ်ဆိုင်းခဲ့ပြီး ၊ MPT မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်ကာလအတွင်း အားလုံးသော တတိယအဖွဲ့ အစည်းမျာမှ ပေးအပ်လျက်ရှိသည့် ထပ်ဆောင်းဝန်ဆောင်မှုများကို အသစ်ရယူခြင်းနှင့် ပတ်သက်ပြီးလည်း ဆက်လက်ဆောင်ရွက်ခွင့် မပြုခဲ့ပါ။ ထိုအချိန်မှစတင်ကာ ယခုဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်ခြင်းမရှိဟု အတည်ပြုပြီးဖြစ်သည့် ထပ်ဆောင်းဝန်ဆောင်မှုများကိုသာ ပြန်လည်ဆောင်ရွက်ခွင့် ပြုခဲ့ပါသည်။

MPT သုံးစွဲသူများအနေဖြင့် ယင်းဖြစ်ရပ်တွင် မိမိတို့သက်ရောက်ခြင်း ရှိ မရှိနှင့် ဖုန်းငွေ ပြန်လည် ဖြည့်သွင်းပေးမှုကို ရရှိမည့်သူများ အနေဖြင့်လည်း ဖုန်းငွေပြန်လည် ဖြည့်သွင်းပေးမှုကို အတည်ပြုနိုင်ရန် အတွက် MPT ၏ “လိုတရ” ဝက်ဘ်ဆိုက်တွင် အောက်ပါအတိုင်း ကြည့်ရှုစစ်ဆေးနိုင်သည်။

  1. http://lotayamm.com မှတစ်ဆင့် လိုတရ ဝက်ဘ်ဆိုက်ကို သွားပါ။ သတိပြုရန်မှာ မိမိတို့စနစ်မှ သုံးစွဲသူအနေဖြင့် သက်ရောက်မှုခံရသူ ဟုတ်မဟုတ် ကို အတည်ပြုရန် အတွက် MPT ၏ 3G Network ကို အသုံးပြုပြီးသာ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ရမည်ဖြစ်ပါသည်။ သုံးစွဲသူအနေဖြင့် ငွေဖြည့်သွင်း ခြင်းခံရခြင်း ရှိမရှိကို စစ်ဆေးရန် ဝင်ရောက်ခြင်းအတွက် မည်သည့် အင်တာနက် အသုံးပြုခမျှ ကျသင့်မည် မဟုတ်ပါ။.
  2. ဝက်ဘ်ဆိုက် မူလစာမျက်နှာ၏ အပေါ်ဘက် Search Box ၏ အောက်တည့်တည်တွင် “သတင်း အချက်အလက်နှင့် ဖျော်ဖြေရေး ဝန်ဆောင်မှုများအတွက် ငွေပြန်ဖြည့်သွင်းပေးခြင်းဆိုင်ရာ” ဆိုသည့် link ကိုတွေ့ရမည်ဖြစ်ပြီး ယင်း link သို့ဝင်ရမည်ဖြစ်သည်။
  3. အချက်အလက်များကို ရှင်းပြထားသည့် စာမျက်နှာတစ်ခုပေါ်လာပါမည်။ “ဆက်လုပ်ရန်” ကို နှိပ်ရပါမည်။ MPT က ပေးပို့လိုက်သည့် SMS မှ တစ်ဆင့် ဝင်ရောက်လာသည့် သုံးစွဲသူများအတွက် ယခုအဆင့်မှ စပြီး လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်သွားရမည်ဖြစ်ပါသည်။
  4. ပြန်လည်ဖြည့်သွင်းငွေ ရရှိရန် အကျုံးဝင်သည့် သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ ဖုန်းနံပါတ်ကို ဖြည့်သွင်းပေးရန် တောင်းဆိုခံရပါမည်။ (ပြန်လည်ဖြည့်သွင်းငွေ ရယူရန် အကျုံးမဝင်သည့် သုံးစွဲသူများကို လိုအပ်သလို အသိပေးမည်ဖြစ်ပြီး ရှေ့ဆက်ပြီး လုပ်ဆောင်နိုင်မည် မဟုတ်ပါ။)
  5. ထို့နောက် ဖုန်းနံပါတ်ကို ဖြည့်သွင်းပြီး “ဆက်လုပ်ရန်” ဆိုသည်ကို နှိပ်ရပါမည်။
  6. အကျုံးဝင် သည့် ဖုန်းနံပါတ်ကိုဖြည့်လိုက်ပါက ဖုန်းငွေ ပြန်လည်ဖြည့်သွင်းပေးသည် အချက်အလက်များ ပါဝင်သည့် စာမျက်နှာတစ်ခုကိုမြင်တွေ့နိုင်မည်ဖြစ်သည်။

သတိပြုရန်မှာ MPT ၏ ဝန်ဆောင်မှုကို သုံးစွဲသူများအနေဖြင့် မိမိတို့ဖုန်းငွေပြန်လည် ရရှိရန် အကျုံးဝင်ခြင်း ရှိ မရှိ ကို လိုတရတွင် စစ်ဆေးနိုင်မည်ဖြစ်သော်လည်း ဖုန်းငွေမည်သည့်အချိန်တွင် ဖြည့်ပေးမည်ကိုမူရုတ်တရက် စစ်ဆေးနိုင်မည် မဟုတ်ပါ။ MPT အနေဖြင့် ဖုန်းငွေဖြည့်ပေးပြီးလျင်ပြီးချင်း သက်ဆိုင်သည့်အသုံးပြုသူသို့ စာတို(SMS) ကို ပေးပို့ပြီးနောက် စစ်ဆေးနိုင်မည် ဖြစ်ပါသည်။ GSM နှင့် WCDMA အသုံးပြုသူများအနေဖြင့် မိမိတို့ဖုန်းငွေပြန်လည် ရရှိရန် အကျုံးဝင်ခြင်း ရှိ မရှိနှင့် ဖုန်းငွေဖြည့်သွင်းပေးမှုကို အတည်ပြုနိုင်ရန်အတွက် လိုတရ ဝက်ဘ် စာမျက်နှာတွင် စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ CDMA အသုံးပြုသူများအတွက်မူ မိမိတို့ဖုန်းငွေပြန်လည် ရရှိရန် အကျုံးဝင်ခြင်း ရှိ မရှိနှင့် ဖုန်းငွေဖြည့်သွင်းပေးမှုကို အတည်ပြုနိုင်ရန်အတွက် Call Center နံပါတ် 106 သို့ ဆက်သွယ်နိုင်မည် ဖြစ်ပါသည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “MPT ရဲ့ ဝန်ဆောင်မှုကို သုံးစွဲသူတွေ စိတ်ကျေနပ်မှုရရှိဖို့က ကျွန်တော်တို့ရဲ့ ပထမနဲ့ အမြဲတမ်း ဦးစားပေးကိစ္စပါပဲ။ သုံးစွဲသူတွေရဲ့ စဉ်ဆက်မပြတ်အားပေးမှုနဲ့ ယုံကြည်မှုကို အလွန်ပဲ အလေးထားပါတယ်။ ဒီနေ့အချိန်ထိ သုံးစွဲသူတွေရဲ့ အားပေးမှုအတွက်လည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်။ ရယူထားခြင်းမရှိတဲ့ ဝန်ဆောင်မှုများအတွက် ဝန်ဆောင်ခပေးခဲ့ရတဲ့ သုံးစွဲသူများအတွက် ဖုန်းငွေပြန်လည်ဖြည့်သွင်းပေးဖို့ကိုလည်း အမြန်ဆုံး ဆောင်ရွက်သွားနိုင်ဖို့ အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်နေပါတယ်။ အခု ဖြစ်ရပ်အတွက် သုံးစွဲသူတွေ အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပေါ် ကျွန်တော်တို့ MPTအနေနဲ့ အနူးအညွတ်တောင်းပန်ပါတယ်။ အနာဂတ်မှာ အလားတူ ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားခြင်းမရှိအောင်လည်း ကျွန်တော်တို့ဘက်က ဆောင်ရွက်နေပါပြီ” ဟု ပြောကြားသည်။