×

ဒေတာအကန့်အသတ်မရှိ ရယူအသုံးပြုနိုင်မည့် MPT ၏ FTTH အင်တာနက်ကို စမ်းချောင်းမြို့နယ်အပါအဝင် ရန်ကုန်မြို့လယ်နေရာများတွင် ဝန်ဆောင်မှု ချဲ့ထွင်

05 Jul 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၅ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က အိမ်သုံးအင်တာနက်ဝန်ဆောင်မှု (FTTH) ၏ ဆက်လက်တိုးချဲ့သည့် အစီအစဉ်များကို စတင်လိုက်ပြီ ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။ ယခုလိုစတင်ဆောင်ရွက်နိုင်ခြင်းကြောင့် MPT အနေဖြင့် ရန်ကုန်မြို့လယ်ရှိ မြို့နယ်အားလုံးတွင် ခေတ်မီပြီး အရည်အသွေးမြင့်မားသည့် အင်တာနက် အခြေခံ အဆောက်အအုံစနစ်ကို ပေးအပ်လိုက်နိုင်ပြီလည်း ဖြစ်ပါသည်။ ထို့အပြင် သတ်မှတ်ထားသော ပရိုမိုးရှင်းကာလ ဖြစ်သည့် ဇှုလိုင်လ (၂၅) ရက်အတွင်း တပ်ဆင်သော MPT သုံးစွဲသူများ အနေဖြင့် ကနဦးတပ်ဆင်ခ အခမဲ့ ရရှိမည်ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် ဗီဒီယိုများ၊ သီချင်းများ၊ အွန်လိုင်းဂိမ်းများ၊ သတင်းများ၊ ဆိုရှယ်မီဒီယာများနှင့် အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်းများ ဝယ်ယူ/ရောင်းချနိုင်သည့် စီးပွားရေးလုပ်ငန်းများ(e-commerce) တွင် မြင့်မားသည့် အရည်အသွေးရှိသော အကန့်အသတ်မရှိ ဒေါင်းလုတ်ယူရနိုင်မည့် အင်တာနက်ဝန်ဆောင်မှုကို အသုံးပြုနိုင်မည် ဖြစ်သည်။

အသုံးပြုနိုင်မည့် မြို့နယ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

• ရန်ကုန်မြို့လယ်ဧရိယာ

o ပန်းဘဲတန်းမြို့နယ်
o လမ်းမတော်မြို့နယ်
o ကျောက်တံတားမြို့နယ်
o ဗိုလ်တထောင်မြို့နယ်
o ပုဇွန်တောင်မြို့နယ်
o လသာမြို့နယ်
o စမ်းချောင်းမြို့နယ်
o မင်္ဂလာတောင်ညွန့်မြို့နယ်
o ကျောက်မြောင်း
o ယုဇနပလာဇာအနီးတစ်ဝိုက်

ထို့အပြင် MPT မှ ရန်ကုန်၊ မန္တလေးနှင့် အခြားသောဒေသများသို့ ၎င်း၏ FTTH အင်တာနက်စနစ်ကို ချဲ့ထွင်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “MPT အနေနဲ့ ရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့ မြို့လယ်က မြို့နယ်အားလုံးမှာ FTTH အင်တာနက်စနစ်ကို အသုံးပြုနိုင်ဖို့ ပထမဆုံး ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့အတွက် တကယ့်ကိုပဲ ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ဒီလိုဆောင်ရွက်နိုင်မှုဟာ MPT အတွက်သာမက နိုင်ငံရဲ့တိုးတက်လာတဲ့ အွန်လိုင်း သုံးစွဲသူအများစုအတွက်လည်း အရေးပါတဲ့မှတ်တိုင်တစ်ခုဖြစ်သလို မြန်မာနိုင်ငံကိုရှေ့သို့လှမ်းချီစေမယ်ဆိုတဲ့ MPT ရဲ့ ဆောင်ပုဒ်အတွက် ကြိုးပမ်းမှုကိုပြသနိုင်ခဲ့တဲ့ ဥပမာကောင်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ ကျွန်တော်တို့ဟာ ကမ္ဘာ့အဆင့်မီ 3G နဲ့ LTE+ ကွန်ရက်ကို ဂုဏ်ယူစွာနဲ့ ဖြန့်ကျက်ပေးနေတယ်ဆိုတာကို ကျွန်တော်တို့ရဲ့သန်းပေါင်းများစွာသော သုံးစွဲသူအားလုံးက သိရှိထားပြီး ဖြစ်ပါတယ်။ သို့ပေမယ့် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ အများအပြားက အခုထက်ပိုပြီး အင်တာနက်ကို သုံးစွဲခွင့်ရနိုင်ဖို့ အထူးသဖြင့် လူထုကြားမှာ ပျံနှံ့မှုအားကောင်းလာတဲ့ ဖျော်ဖြေရေး ရေစီးကြောင်းတွေ၊ တေးသီချင်းရယူနားထောင်နိုင်တဲ့ အက်ပလီကေးရှင်း တွေနဲ့ အွန်လိုင်းသုံးပြီးကစားရတဲ့ မိုဘိုင်းလ်ဂိမ်းတွေကို ဆော့ကစားနိုင်ဖို့ အင်တာနက်ဒေတာကို တကယ်ပဲ တောင့်တနေကြတာပါ။” ဟု ပြောကြားသည်။

ဆက်လက်၍ Mr. Reizo Umeda က “ခုနကပြောသလို သုံးစွဲသူတွေအတွက် အကန့်အသတ်မရှိ ဒေါင်းလုတ်ရယူဖို့အတွက် ရိုးရှင်းတဲ့လစဉ်ပေးချေမှုကိုစနစ်ကိုသုံးထားတဲ့ MPT ရဲ့ အိမ်သုံးဖိုင်ဘာအင်တာနက် စနစ်အတွက် တစ်လကို ၃၉,၀၀၀ ကျပ်က စတင်ပြီး နှစ်စဉ်ကြေးပေးဖို့မလိုဘဲ စတင်အသုံးပြုနိုင်အောင် ဆောင်ရွက် ပေးလိုက်ပါပြီ။ ဝန်ဆောင်မှုချဲ့ထွင်တဲ့ အထိမ်းအမှတ်အဖြစ် မိတ်ဆက်တဲ့အနေနဲ့ ကနဦးတပ်ဆင်ခ အခမဲ့ပေးခြင်း အရောင်းမြှင့်တင်ရေးအစီအစဉ်ကို စည်းကမ်းသတ်မှတ်ချက်အနည်းငယ်ဖြင့် တစ်လတိုင်တိုင် ဝန်ဆောင်မှုပေး သွားမယ့်အပြင် အခြားစိတ်ဝင်စားစရာ အစီအစဉ်တွေကိုလည်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ပဲ မိမိနဲ့ မိမိရဲ့ မိသားစုတွေအတွက် ပျော်ရွှင်ဖွယ်ရာ အင်တာနက်ချိတ်ဆက်မှုကို ဆောင်ရွက်ပေးလိုက်ပါ” ဟု ပြောကြားသည်။

ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီး အင်တာနက်အစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မြန်နှုန်းကနဦး တပ်ဆင်ခ(ကျပ်)လစဉ်ကြေး (ကျပ်)
2 Mbps၅၀,၀၀၀၃၉,၀၀၀
5 Mbps၅၀,၀၀၀၆၉,၀၀၀
10 Mbps၅၀,၀၀၀၁၀၉,၀၀၀

အဆိုပါဝန်ဆောင်မှုအသစ်များနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက MPT အမှတ်တံဆိပ်စတိုးဆိုင်များတွင် မေးမြန်းခြင်း၊ ဖုန်းနံပါတ် ၁၀၆ (သို့) ၀၁-၂၃၉၉၁၀၆ သို့ ဆက်သွယ်မေးမြန်ခြင်း (သို့) http://mpt.com.mm/mm/home-mm/fixed-line-services-mm/ftth-service-mm/ တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။