×

နယ်စပ်စီးပွားရေး ကုန်သွယ်မှုများနှင့် သက်ဝင်လှုပ်ရှားနေသည့်မူဆယ်မြို့၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် တွန်းအားတစ်ခု ဖြစ်စေမည့် MPT LTE+ ကွန်ရက်

26 Oct 2017

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင်နေထိုင်ကြသည့်ဒေသခံလူမှုအဖွဲ့အစည်းများအနေဖြင့်ယခုအခါ မြန်နှုန်းမြင့်LTE + ကွန်ရက်ကိုအသုံးပြုနိုင်ကြပြီဖြစ်ပြီး ပြည်နယ်နှင့်တိုင်း မြို့ကြီး (၃၀) အပါအဝင်မြို့နယ်ပေါင်း (၈၀) အထိMPT ၏ အနာဂတ်မျိုးဆက်သစ်ကွန်ရက်ကို ဖြန့်ကျက်နိုင်ခဲ့ပြီဖြစ်

(ရန်ကုန် ၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်) – ရှမ်းပြည်နယ် မူဆယ်မြို့ရှိ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအဖွဲ့အစည်းများအနေဖြင့်အောက်တိုဘာ ၂၇ ရက်မှစတင်ကာ 1.8 GHz လှိုင်းနှုန်းစဉ်ကိုအသုံပြုထားသည့် မြန်နှုန်းမြင့် စတုတ္ထမျိုးဆက်ကွန်ရက်ဝန်ဆောင်မှုုဖြစ်သော MPT ၏ LTE+ ကို စတင်အသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။ ပြီးခဲ့သည့်
သြဂုတ်လအတွင်းက LTE+ ကွန်ရက်ကိုစတင်ရရှိခဲ့ကြသည့် ကျိုင်းတုံနှင့် လွိုင်ကော် အစရှိသည့်ဒေသများကဲ့သို့ အိမ်နီးချင်းတရုတ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး တံခါးပေါက်အဖြစ် နာမည်ကျော်သည့် မူဆယ်မြို့မှာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အကျယ်ပြန့်ဆုံးကွန်ရက်ကို အသုံးပြုနိုင်ပြီ
ဖြစ်သည်။

MPT သည်၎င်း၏ဝန်ဆောင်မှုကို ချဲ့ထွင်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် 4×4 MIMO အဆင့်မြင့် နည်းပညာ အသုံးပြုထားသည့် LTE+ ကွန်ရက်ကို နိုင်ငံတစ်ဝန်း ထောက်ပံ့ပေးရန်အတွက် မိုဘိုင်းလ်ကွန်ရက်များကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ယခုကဲ့သို့ မြန်မာနိုင်ငံအတွက်စီးပွားရေးကဏ္ဍ အဓိက တိုးတက်ရာ ဒေသတစ်ခုတွင် LTE+ ကွန်ရက်ကို တိုးချဲ့ထောက်ပံ့ပေးနိုင်ခဲ့သည့် အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့ကြီး (၃၀) မြို့အပါအဝင်မြို့နယ်ပေါင်း (၈၀) အထိဖြန့်ကျက်နိုင်ခဲ့ပြီးဖြစ်သည်။

MPT မှ မူဆယ်မြို့တွင် ကွန်ရက်စတင်ချိတ်ဆက်ပေးနို်င်သည့် အထိမ်းအမှတ်အဖြစ် ဒေသခံများအတွက် စိတ်လှုပ်ရှားဖွယ်ကောင်းသော ပျော်ပွဲရွှင်ပွဲအခမ်းအနားများကို မူဆယ်မြို့တွင် ကျင်းပပေးသွားမည်ဖြစ်သည်။ အဆိုပါ ပျော်ပွဲရွှင်ပွဲအခမ်းအနားများတွင် ဆင်းမ်ကတ်လဲလှယ်ခြင်းများ၊ MPT ဆင်းမ်ကတ်သစ်များ၊ ငွေဖြည့်ကတ်များစသည်တို့ ရောင်းချခြင်းတို့အတွက် အထူးပရိုမိုးရှင်းများ ပေးအပ်ခြင်းနှင့် အခြားသော လက်ဆောင်ပစ္စည်းများ ရရှိနိုင်မည့်ပျော်ရွှင်ဖွယ်အစီအစဉ်များ ပါဝင်သွားမည်ဖြစ်ပါသည်။

MPT- KGSM Joint Operations ၏ Chief Commercial Officer ဖြစ်သူMr. Reizo Umeda က “အခြား 4G ဝန်ဆောင်မှုများထက်မြန်နှုန်း နှစ်ဆပိုမိုပြီး 150 Mpbs အထိရရှိစေမယ့် မျိုးဆက်သစ်4×4 MIMO အဆင့်မြင့် နည်းပညာသုံးထားတဲ့ LTE+ ကွန်ရက်ကို မူဆယ်မြို့မှာ ဖြန့်ကျက်ပေးနိုင်တဲ့အပေါ် ကျွန်တော်တို့ ဝမ်းမြောက်မိပါတယ်။ ဒီLTE+ ကွန်ရက်ကြောင့် မူဆယ်မှာရှိတဲ့ ဒေသခံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဒေတာကိုသုံးပြီး မိုဘိုင်းလ်ဖုန်းခေါ်ဆိုတာနဲ့ အင်တာနက်ဒေတာသုံးစွဲမှု နှစ်ခုစလုံးမှာ သိသိသာသာ ပိုမြန်တဲ့ အမြန်နှုန်းနဲ့ အသုံးပြုနိုင်ပါပြီ။ တရုတ်နိုင်ငံရဲ့အရေးပါတဲ့ စီးပွားရေးတံခါးပေါက်ဖြစ်တာနဲ့အညီ အခုလိုကွန်ရက်ဖြန့်ကျက်မှုကတစ်ဆင့် နာမည်ကျော် နယ်စပ်မြို့ရဲ့ စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေမှာ ဖြစ်သလို မြန်မာနိုင်ငံသားအားလုံးအတွက်တိုးတက်ကောင်းမွန်တဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုကို
ပေးအပ်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကို မီးမောင်းထိုးပြနေတာဖြစ်ပါတယ် ” ဟုပြောကြားသည်။

MPT အနေဖြင့် နိုင်ငံအတွင်းရှိတိုင်းဒေသကြီး နှင့်ပြည်နယ်များတွင်ကွန်ရက်ဖြန့်ကျက်မှုများကို ဆက်တိုက် ဆောင်ရွက်နေသည်နှင့်အညီ LTE+ ကွန်ရက်ကို အောင်မြင်စွာ ဝန်ဆောင်မှုပေးလျှက် ရှိနေပါသည်။ MPT အနေဖြင့် ရှိနှင့်ပြီးသော ဆက်သွယ်ရေးကွန်ရက်တို့ကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်နေခြင်းနှင့် အတူတယ်လီကွန်းဆက်သွယ်ရေးဝန်ဆောင်မှုများကိုတိုးတက်ဆောင်ရွက်ပေးခြင်းဖြင့်ရှေ့သို့လှမ်းချီ မြန်မာပြည်ဟူသည့် ဆောင်ပုဒ်အတိုင်း အနာဂတ်တွင်လည်း LTE+ ကွန်ရက်ကို နေရာအနှံ့အပြားတွင် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။