×

နာမည်ကြီးအနုပညာရှင်များ၏ ဟော့အဖြစ်ဆုံးနှင့် နောက်ဆုံးရ သတင်းများကို သယ်ဆောင်လာပေးမည့် MPT ၏ Cele Club အက်ပလီကေးရှင်းအသစ်

16 Mar 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၆ ရက်)- မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPTက နာမည်ကြီးအနုပညာရှင်များ၊ ထင်ပေါ်ကျော်ကြားသူများ အကြောင်းကို နေ့စဉ်မပြတ်၊ အကန့်အသတ်မရှိ ဖတ်ရှုနိုင်မည့် Cele Club အက်ပလီကေးရှင်းအသစ်ကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ Contents Hub Services ကုမ္ပဏီလီမိတက်နှင့်အတူ ပူးပေါင်းဆောင်ရွက်သည့် အဆိုပါ အက်ပလီကေးရှင်းတွင် ပြည်တွင်းမှ နာမည်ကြီးအနုပညာရှင်များ၏ တစ်နေ့တာလှုပ်ရှားမှုများ၊ Blogs များ၊ ရှိုးပွဲများနှင့် အနုပညာလှုပ်ရှားမှု သတင်း များကို သတင်းဓါတ်ပုံများ၊ ဗီဒီယိုသတင်းများအဖြစ် ဖတ်ရှုခံစား ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

Cele Club မှာ နာမည်ကြီးအနုပညာရှင်များ၏ သတင်းများကို ဖော်ပြပေးမည့် မြန်မာ့ပထမဆုံး အက်ပလီကေး ရှင်း တစ်ခုဖြစ်ပြီး MPT သုံးစွဲသူများအတွက် ၎င်းတို့စွဲလန်းနှစ်သက်သော အနုပညာရှင်များနှင့် ရင်းရင်းနှီးနှီး ဆက်သွယ်နိုင်မည့်အပြင် ဖက်ရှင်မော်ဒယ်လ်များနှင့် အခြားသောအနုပညာရှင်များ၏ နောက်ဆုံးရ သတင်းများ ကိုလည်း မျက်ခြေမပြတ်စောင့်ကြည့်ဖတ်ရှုနိုင်မည် ဖြစ်သည်။ Cele Club အက်ပလီကေးရှင်းကို ရယူလိုသော MPT သုံးစွဲသူများအနေဖြင့် 8441 သို့ “CELE” ဟု စာတိုပေးပို့ရမည် ဖြစ်ပြီး ဒေါင်းလုတ်ပြုလုပ်ရမည့် လင့်ခ်ကို ပြန်လည်ပေးပို့ပေးမည်ဖြစ်သည်။ ထို့အတူ လိုတရဝက်ဘ်ဆိုက် http://cc.lotayamm.com တွင် အခမဲ့ ဒေါင်းလုတ်ရယူနိုင်မည်ဖြစ်ပြီး Google Play Store မှလည်း ရယူနိုင်မည် ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် Celebrity တစ်ဦးအတွက် တစ်ရက်လျှင် ဝန်ဆောင်ခ ၉၉ ကျပ် ၊ Live streaming video တစ်ခုအတွက် ငွေကျပ် ၁၅၈ ကျပ် (ကုန်သွယ်လုပ်ငန်းခွန် ပါဝင်ပြီး) သာ ကုန်ကျမည်ဖြစ်သည်။

ယခု ဝန်ဆောင်မှုတွင် နာမည်ကြီး အနုပညာရှင်များ၏ နေထိုင်မှုပုံစံများနှင့် ၄င်းတို့၏ တစ်နေ့တာ လှုပ်ရှားမှု အကြောင်းများကို MPT က သုံးစွဲသူများအတွက် အလျင်မြန်ဆုံးသော LTE+ 4G ကွန်ရက်ပေါ်မှတစ်ဆင့် သယ် ဆောင်ပေးသွားမည် ဖြစ်သည်။ ထို့အပြင် လက်ရှိတွင် ရေပန်းစားလျက်ရှိသော အနုပညာရှင်များ၏ ဓါတ်ပုံများ၊ ဗီဒီယိုများ၊ ဘလော့ဂ်များ နှင့် ၎င်းတို့၏ တိုက်ရိုက်ဗီဒီယိုထုတ်လွှင့်မှုများကိုလည်း မြင်တွေ့ရမည် ဖြစ်ပါသည်။ မကြာမီကျင်းပပြုလုပ်မည့် အနုပညာပွဲများ၊ ပွဲလက်မှတ်ပရိုမိုးရှင်းများနှင့် ပွဲအစီအစဉ်အကြောင်းအရာများ၊ ဓါတ်ပုံများကို လည်း အချိန်နှင့်တပြေးညီ တင်ဆက်ဖော်ပြပေးနေမည်လည်း ဖြစ်ပါသည်။

အသုံးပြုသူများအနေဖြင့် ယခု Cele Club အက်ပလီကေးရှင်းတွင် လူသိများထင်ရှားပြီး နာမည်ကျော်ကြားသည် ထင်ရှားသူ ၁၀ ဦးဖြစ်သော နီနီခင်ဇော်၊ ခင်ဝင့်ဝါ၊ အေးဝတ်ရည်သောင်း၊ ထွန်းထွန်း၊ ကျော်ကျော်၊ အောင်သူလွင် (Kelvin Kate) ၊ မေရတီဇော်၊ ဖြိုးပပ၊ Tyron နှင့် Russell တို့၏နောက်ဆုံးရအချက်အလက်များနှင့် လှုပ်ရှားမှုများကို စတင်ရယူနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင်လည်း သုံးစွဲသူ ပရိသတ်များအကြိုက် နာမည်ကြီးအနုပညာရှင်များ နှင့်ချိတ်ဆက်ကာ ထပ်တိုးဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Cele Club အက်ပလီကေးရှင်းစတင်မိတ်ဆက်ခြင်း အထိမ်းအမှတ်အနေဖြင့် ၂၀၁၈ ခုနှစ် မတ်လ (၁၆)ရက်မှ မတ်လ (၂၉)ရက် အတွင်း အက်ပလီကေးရှင်းကို ရယူအသုံးပြုသူများအတွက် တစ်ပတ်တာ အခမဲ့ အသုံးပြုခွင့်ကို ပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါကာလအတွင်း စာရင်းသွင်းရယူသူများက ကံစမ်းမဲအစီအစဉ် တွင် အလိုအလျောက်အကျုံးဝင်မည်ဖြစ်ပြီး iPhone X (၁)လုံး၊ Samsung Galaxy S9+ (၃)လုံးနှင့် ၃၀၀၀ ကျပ် တန် MPTငွေဖြည့်ကတ် (၁၀၀) ဆုများကိုပါ ကံစမ်းရရှိနိုင်မည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Rezio Umeda က “ ကျွန်တော်တို့ ရဲ့ MPT အသုံးပြုသူတွေအတွက် အခု မိတ်ဆက်လိုက်တဲ့ Cele Club အက်ပလီကေးရှင်းလောက် အနုပညာတွေနဲ့ နီးနီးကပ်ကပ်ရင်းနှီးတွေ့ဆုံခွင့်ရှိစေမယ့် အရာတစ်ခုမှ မရှိနိုင်တော့ပါဘူး။ သူတို့သဘောကျနှစ်သက်တဲ့ အနုပညာငွေကြယ်ပွင့်တွေအကြောင်းကို ဒီအက်ပလီကေးရှင်းပေါ်ကနေ သက်သာတဲ့ စျေးနှုန်းတစ်ခုနဲ့ရယူပြီး ပျော်ရွှင်ခံစားနိုင်တော့မယ့်အပေါ် ကျွန်တော်တို့အနေနဲ့လည်း ဝမ်းသာပျော်ရွှင် နေမိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ အလွန်လျင်မြန်လှတဲ့ 3G နဲ့ 4G LTE+ ကွန်ရက်အသုံးပြုသူတွေက တစ်နေ့ တစ်ခြား အလျင်အမြန်တိုးတက်များပြားလာနေချိန်မှာ အခုလို Cele Club App ကို စတင် မိတ်ဆက်လိုက်တဲ့အပေါ် ကျွန်တော်တို့ အလွန်ပဲ စိတ်လှုပ်ရှားနေမိပါတယ်။ အနုပညာကို အမှန်တကယ် ချစ်မြတ်နို်းသူတွေအတွက် Fan Club တစ်ခုကို ဖန်တီးပေးတာ ဖြစ်သလို ပရိသတ်တွေအနေနဲ့ post တွေ တင်တာ၊ မေးမြန်းတာတွေနဲ့ သုံးသပ်ချက်၊ ထင်မြင်ချက်တွေကိုလဲ ဒီအက်ပလီကေးရှင်းထဲမှာ ရေးသားနိုင်မှာ ဖြစ်ပါတယ်။” ဟု ပြောကြား သည်။

အလားတူပင် Contents Hub ၏ MD ဖြစ်သူ ဒေါ်မီမီလင်းမောင်ကလည်း “ မတူညီတဲ့ နယ်ပယ်အသီးသီးက အနုပညာရှင်တွေရဲ့ Live video တွေ၊ ဓါတ်ပုံ၊ ဗွီဒီယိုတွေကို ကြိုက်နှစ်သက်ရာ ရွေးချယ်ပြီး စိတ်တိုင်းကျ အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် သုံးစွဲသူမိဘပြည်သူတွေအားလုံးလဲ စိတ်ကျေနပ်နိုင်မယ် လို့ယုံကြည်မိပါတယ်။ ဒီ Cele Club အက်ပလီကေးရှင်းဟာဆိုရင် Social Media တွေဖြစ်တဲ့ Facebook ၊ Youtube နဲ့ တစ်ခြားသော Channel တွေမှာကြည့်ရှုလို့မရနိုင်တဲ့ ဖန်တီးမှုတွေကို ပျော်ပျော်ကြီး ကြည့်ရှုနိုင်မှာဖြစ်ပြီး၊ သုံးစွဲသူတွေ အနေနဲ့ ကျေနပ်နှစ်သက်မယ် ဆိုတာကို ယုံကြည်မိပါတယ်” ဟုပြောကြားခဲ့ပါသည်။

အသေးစိတ် သိရှိလိုသည်များအတွက် MPT Call Centre နံပါတ် 106 သို့လည်ကောင်း၊ ဖုန်းနံပါတ် ၀၉ ၂၅၈၅၃၉၉၅၅ နှင့် ၀၉ ၂၅၈၅၃၉၉၆၆ သို့ ဆက်သွယ် မေးမြန်းနိုင်မည်။