×

နာရီတိုင်းမှာ ၅ မိနစ်စာ

27 Aug 2015

MPT ၏ဆွေသဟာအစီအစဉ်သုံးစွဲသူများသည် ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၈ ရက်၊ သောကြာနေ့မှ စတင်ကာ ၁ နာရီကြာဖုန်းခေါ်ဆိုတိုင်း ပထမ ၅ မိနစ်အတွက်သာ ခေါ်ဆိုခပေးရမည်ဖြစ်ပြီး ကျန် ၅၅ မိနစ်ကို အခမဲ့အသုံးပြုနိုင်မည်ဖြစ်သည်။

၂၀၁၅ ခုနှစ်၊ သြဂုတ်၂၇ ရက်။ ရန်ကုန်၊ မြန်မာ။ ။ မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ တစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ၄င်း၏ဆွေသဟာအစီအစဉ်သုံးစွဲသူအားလုံးအတွက် “၁ နာရီမှာ ၅ မိနစ်စာ” အစီအစဉ်ကို စတင်လိုက်ကြောင်း သြဂုတ်လ ၂၈ ရက်နေ့ သောကြာနေ့မှ စတင်ကာ ကြေငြာခဲ့ပြီး ဤအစီအစဉ်သည်် စက်တင်ဘာလ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့အထိ ခံစားနိုင်မည်ဖြစ်သည်။

သြဂုတ်လ ၂၈ ရက်၊ သောကြာနေ့ (ဝဝးဝ၁နာရီ) မှစတင်ကာ MPT ဆွေသဟာသုံးစွဲသူများသည် ဤအထူးအစီအစဉ်ကို မည်သည့်ထပ်ဆောင်းလျှောက်ထားမှုမှ ပြုလုပ်ရန်မလိုဘဲ အလိုအလျောက်အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။ မိနစ် ၆၀ ဆက်တိုက် ဖုန်းခေါ်ဆိုသူများသည် ပထမဆုံး ၅ မိနစ်အတွက်သာ တစ်မိနစ် ၂၃ ကျပ်နှုန်းဖြင့် ပေးဆောင်ရမည်ဖြစ်ပြီး ကျန်ခေါ်ဆိုချိန် ၅၅ မိနစ်ကို အခမဲ့ရရှိမည်ဖြစ်သည်။ မိနစ် ၆၀ ထက်ကျော်လွန်၍ ဖုန်းခေါ်ဆိုမှုများအတွက် မူလသတ်မှတ်စျေးနှုန်းဖြစ်သည့် တစ်မိနစ် ၂၃ ကျပ်ဖြင့် ဆက်လက်ကောက်ခံမည်ဖြစ်သည်။ ဖုန်းတစ်ကြိမ်ခေါ်ဆိုတိုင်း အခမဲ့ဖုန်းခေါ်ဆိုချိန်ကို ပထမဆုံး ၅ မိနစ်ခေါ်ဆိုပြီးမှသာ စတင်သတ်မှတ်မည်ဖြစ်ပြီး ဖုန်းခေါ်ဆိုမှုတစ်ကြိမ်အတွက် အများဆုံး ၅၅ မိနစ်စာအတွက်သာ အခမဲ့ရရှိမည်ဖြစ်သည်။

“MPT ကို သုံးစွဲသူမိဘပြည်သူတွေအတွက် ဒီလိုထူးခြားတဲ့ အစီအစဉ်လေးတွေကို ပြုလုပ်ပေးရတာ သိပ်ကိုဝမ်းသာမိပါတယ်။ သုံးစွဲသူတွေကို သူတို့ရဲ့ ချစ်ခင်တဲ့သူတွေ မိသားစုဝင်တွေနဲ့ စကားများများပြောဆိုနိုင်အောင် လုပ်ပေးရင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးချင်ပါတယ်။ ဒီအထူးအစီအစဉ်နဲ့ဆိုရင် ကိုယ့်ရဲ့ချစ်ခင်သူတွေ မိသားစုတွေနဲ့ တစ်နာရီကြာအောင် အားရပါးရဖုန်းပြောရင်း တကယ့်ကိုပျော်စရာကောင်းတဲ့ အချိန်တွေကို ရရှိမှာပါ။ တစ်နာရီစာပြောမှ ၁၁၅ ကျပ်ပဲ ကျမှာဖြစ်ပါတယ်။”ဟု MPT-KSGM (KDDI Summit Global Myanmar Co. Ltd.) Joint Operations ၏ CEO ဖြစ်သူ Mr. Takashi Nagashima က ပြောခဲ့ပါသည်။

ဤအထူးအစီအစဉ်သည် GSM/WCDMA ဆွေသဟာအစီအစဉ်အသုံးပြုသူတိုင်းအတွက် အလိုအလျောက် အကျုံးဝင်မည်ဖြစ်ပြီး MPT နံပါတ်အချင်းချင်းသာခေါ်ဆိုနိုင်မည်ဖြစ်သည်။ pre-paid နှင့် post-paid နှစ်မျိုးစလုံးဖြင့် အသုံးပြုနိုင်သည်။ ဤအစီအစဉ်အတွက် ၅၅မိနစ်စာ အခမဲ့ ဖုန်းခေါ်ဆိုမှုကို ညနေ ၆ နာရီမှ ည ၁၀ နာရီအတွင်းကလွဲ၍ နေ့တစ်နေ့၏ ကျန်အချိန်များအတွင် ခေါ်ဆိုနိုင်ပါသည်။ ညနေ၆နာရီမှ ည၁ဝနာရီအတွင်း ဖုန်းခေါ်ဆိုပါက မူလသတ်မှတ်စျေးနှုန်းဖြစ်သည့် တစ်မိနစ်၂၃ ကျပ်ဖြင့် ကောက်ခံမည်ဖြစ်ပါသည်။ အခမဲ့စကားပြောဆိုချိန်များအတွက် တစ်ရက်လျှင် ဖုန်းခေါ်ဆိုမှုကို အကြိမ်အရေအတွက်ကန့်သတ်ထားခြင်းမရှိဘဲ သုံးစွဲသူစိတ်ကြိုက် ဖုန်းခေါ်ဆိုမှုများစွာ ပြုလုပ်နိုင်မည်ဖြစ်သည်။

လက်ရှိတွင် MPT ၏ဝန်ဆောင်မှုကိုအသုံးပြုသူပေါင်း ၁၄ သန်းကျော်ရှိနေပြီး ထိုအသုံးပြုသူထဲမှ ထက်ဝက်ကျော်သည် ဆွေသဟာအစီအစဉ်ကို အသုံးပြုနေကြသည်။ ဆွေသဟာအစီအစဉ် အသုံးပြုသူများသည် တစ်မိနစ်လျှင် ၂၃ ကျပ် ဖြင့် စျေးနှုန်းချိုသာစွာ ဖုန်းခေါ်ဆိုနို်င်မည်ဖြစ်ပြီး ပိုမိုမြန်ဆန်ကောင်းမွန်သော အင်တာနက်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။ ဆွေသဟာအစီအစဉ်ကို အသုံးမပြုရသေးသော GSM/WCDMA အသုံးပြုသူများအနေဖြင့် ဆွေသဟာအစီအစဉ်ကို ရယူလိုပါက ၁၃၃၂ သို့ “SWE” သို့မဟုတ် “POSTSWE”ဟု စာတိုပေးပို့ကာ အခမဲ့ရယူနိုင်ပါသည်။

*စည်းကမ်းချက်များအတိုင်းသာ

  1. ဆွေသဟာ အသုံးပြုသူများအနေဖြင့် တစ်နာရီစာဆက်တိုက်ခေါ်ဆိုမှုအားလုံးအတွက် ၅မိနစ်စာသာ ဖုန်းခေါ်ဆိုခပေးရမည်ဖြစ်ပါသည်။
    – တစ်ကြိမ်ခေါ်ဆိုလျှင် အများဆုံး တစ်နာရီကြာခေါ်ဆိုနိုင်ပြီး သတ်မှတ်ချိန်အတွင်း အကြိမ်ကြိမ်ခေါ်ဆိုနို်င်ပါသည်။ ပထမ ၅မိနစ်စာသာ
    ကျသင့်မှာဖြစ်ပြီး ကျန်၅၅မိနစ်တွက် အခမဲ့ပြောဆိုခွင့်ရမှာဖြစ်ပါတယ်။
  2. ဖုန်းခေါ်ဆိုမှုမှာ တစ်နာရီထက်ကျော်လွန်သွားပါက ပုံမှန်ခေါ်ဆိုခနှုန်းထားဖြစ်သော တစ်မိနစ်ကို ၂၃ကျပ်နှုန်းဖြင့် ကောက်ခံမည်ဖြစ်ပါသည်။
  3. ပရိုမိုးရှင်းအစီအစဉ်မှာ ဆွေသဟာသုံးစွဲသူတိုင်းသည် MPT နံပါတ်အားလုံးကိုခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။
  4. ဤအထူးအစီအစဉ်သည် မိနစ်၆၀ ဆက်တိုက်ဖုန်းခေါ်ဆိုမှုအတွက် ဖြစ်ပြီး၊ မည်သည့်ထပ်ဆောင်းလျှောက်ထားမှုမှ ပြုလုပ်စရာမလိုဘဲ(အလိုလျောက်ရရှိ) မည်ဖြစ်ပါသည်။
  5. ဤအထူးအစီအစဉ်သည် ဆွေသဟာအသုံးပြုသူ pre-paid နှင့် post-paid နှစ်မျိုးစလုံးအတွက် အကျုံးဝင်ပါသည်။
  6. ဤပရိုမိုးရှင်းအစီအစဉ်သည် ညနေ ၆နာရီမှ ည၁ဝနာရီအတွင်း ဖုန်းခေါ်ဆိုမှုအတွက် အကျုံးမဝင်ပါ။
  7. ဤပရိုမိုးရှင်းအစီအစဉ်သည် ၂၀၁၅ခုနှစ် စက်တင်ဘာ ၃ဝရက်နေ့အထိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။