×

နိုင်ငံတကာမှ ထိပ်တန်းအဆိုတော်များ၏ နောက်ဆုံးပေါ်သီချင်းများကို MPT ၏ ခေါ်သူနားဆင် တေးသံစဉ် ဝန်ဆောင်မှု (CRBT) တွင် ရယူနိုင်

01 Aug 2016

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁ ရက်) မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် ဒစ်ဂျစ်တယ်နည်းပညာကုမ္ပဏီဖြစ်သည့် Mobimedia International နှင့် ပူးပေါင်းပြီး MPT ၏ ခေါ်သူနားဆင် တေးသံစဉ် ဝန်ဆောင်မှု (CRBT) တွင် ကမ္ဘာတစ်ဝှမ်းမှ လူကြိုက်များသည့် တေးသီချင်းများကို ရယူနိုင်ရန် စီစဉ်ထားကြောင်း ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

MPT ၏ သန်း ၂၀ သော သုံးစွဲသူမိဘပြည်သူများ၏ စဉ်ဆက်မပြတ်အားပေးခဲ့မှုအပေါ် ကျေးဇူးတုံ့ပြန်သော အားဖြင့် အဆိုပါဝန်ဆောင်မှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ မိမိနှစ်သက်ရာ သီချင်းအား ခေါ်ဆိုသူများမှ မိမိထံသို့ ခေါ်ဆိုနေစဉ်အတွင်းတွင် ကြားနိုင်အောင်ပြုလုပ်ပေးသည့် ဝန်ဆောင်မှု (CRBT) အတွက် Taylor Swift ၊ Justin Bieber အစရှိသည့် နိုင်ငံတကာမှ နာမည်ကြီးအဆိုတော်များ၏ နောက်ဆုံးပေါ်တေးသီချင်းများကို ရွေးချယ် နိုင်မည်ဖြစ်သည်။

MPT ၏ GSM နှင့် WCDMA အသုံးပြုသူများသည် အဆိုပါဝန်ဆောင်မှုအတွက် Daily plan ၊ Monthly plan ဟူ၍ ရွေးချယ်နိုင်မည် ဖြစ်သည်။ Daily plan အတွက် တစ်ရက်လျှင် ၄၇ ကျပ်သာ ကျသင့်မည်ဖြစ်ပြီး ၇၉၇၉ သို့ REG D ဟူ၍ စာတိုပေးပို့ကာ ရယူနိုင်မည်ဖြစ်သည်။ Monthly plan အတွက် တစ်လလျှင် ၁,၀၅၀ ကျပ်ဖြင့် ၇၉၇၉ သို့ REG M ဟူ၍ စာတိုပေးပို့ကာ မိမိနှစ်သက်ရာ တေးသီချင်းများကို မိမိဖုန်းတေးသံစဉ်အဖြစ် ရယူနိုင်မည်ဖြစ်သည်။

အဆိုပါဝန်ဆောင်မှုကို အသုံးပြုရာတွင် daily plan နှင့် monthly plan အတွက် နေ့စဉ်ကြေး၊ လစဉ်ကြေး တို့အပြင် သီချင်းတစ်ပုဒ်လျှင် ၃၁၅ ကျပ်ဖြည့်သွင်းရမည် ဖြစ်ပြီး အဆိုပါ သီချင်းဝယ်ယူမှုသည် လကုန်သည်အထိ ရရှိ အကျုံးဝင်မည်ဖြစ်ကာ သီချင်းကို ဆက်လက် ဝယ်ယူလိုပါက လစဉ် ဖြည့်သွင်းပေးရန် လိုအပ်မည်ဖြစ်သည်။ နေ့စဉ်ကြေးဖြင့် ခေါ်သူနားဆင် တေးသံစဉ် ဝန်ဆောင်မှုသည် မိမိရယူသည့်နေ့၏ ည ၁၂ နာရီ တွင် ကုန်ဆုံးမည်ဖြစ်သည်။

“MPT ရဲ့ အမြဲသုံးစွဲသူမိဘပြည်သူများကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပြည်တွင်းမှသာမက နိုင်ငံတကာမှ အကြောင်းအရာများနဲ့ ဆန်းသစ်ထားတဲ့ ဝန်ဆောင်မှုများကို နိုင်ငံတစ်ဝှမ်းရှိ MPT ကွန်ရက်များအားလုံးမှာ ဆောင်ကျဉ်းပေးနိုင်ဖို့ အမြဲရှေးရှုလျက်ရှိပါတယ်။ အခုဆိုရင် CRBT ဝန်ဆောင်မှုကို ရယူပြီး နိုင်ငံတကာမှ နာမည်ကြီးတေးသီချင်းများကို ဖုန်းခေါ်ဆိုသံအဖြစ် နားထောင်နိုင်ပြီဖြစ်လို့ မြန်မာနိုင်ငံမှ ဂီတဝါသနာအိုးများ အတွက် ပိုအဆင်ပြေမှာ ဖြစ်ပါတယ်” ဟု MPT-KSGM Joint Operation မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ဆိုသည်။

Mobimedia International သည် Universal Music အုပ်စု၏ တေးသီချင်းများကို ရယူခွင့်လိုင်စင် တစ်ဦးတည်းသီးသန့် ရရှိထားသည့်အတွက် နိုင်ငံတကာမှ တေးသီချင်းအမျိုးမျိုးကို MPT သုံးစွဲသူများထံ အရောက်ယူဆောင်ပေးနိုင်မည် ဖြစ်သည်။ “MPT နဲ့ ခုလိုပူးပေါင်းပြီး နိုင်ငံတကာမှ တေးသီချင်း အမြောက်အများကို မြန်မာနိုင်ငံသို့ ရယူပေးနိုင်ခဲ့တဲ့အတွက် တကယ့်ကို စိတ်လှုပ်ရှားမိပါတယ်” ဟု Mobimedia International ၏ CEO ဖြစ်သူ David van Herwaarde က ပြောကြားခဲ့သည်။
“အခုလို ဆက်သွယ်ရေးဝန်ဆောင်မှုနဲ့ အခြားဆန်းသစ်တဲ့ ဂီတထုတ်ကုန်များက တစ်ဆင့် မြန်မာ့ ဂီတပရိသတ်များဆီကို Mobimedia ရဲ့ တေးသီချင်းများဝန်ဆောင်မှု ပေးလာတာဟာ မြန်မာနိုင်ငံအတွက် ပထမ ဦးဆုံးဖြစ်ပါတယ်။ ဒီလို ကြီးထွားလာတဲ့စျေးကွက်ကို သိရှိပြီး အလေးပေးတတ်တဲ့ Mobimedia က ကျွန်တော်တို့အတွက် စံထားရမယ့် မိတ်ဖက်လုပ်ငန်းတစ်ခုပဲ ဖြစ်ပါတယ်” ဟု မလေးရှားနှင့် စင်္ကာပူ၏ Universal Music Group MD Kenny Ong က မှတ်ချက်ပေးခဲ့သည်။

ခေါ်သူနားဆင် တေးသံစဉ် ဝန်ဆောင်မှုအတွက် အပတ်စဉ် သီချင်းအပုဒ်ရေ ၂၅၀ ထည့်ပေးသွားမှာဖြစ်ပြီး နိုင်ငံတကာမှ လူကြိုက်အများဆုံး တေးသီချင်းဇယားများမှလည်း နှစ်သက်ရာတေးသီချင်းများကို ရွေးချယ်နိုင်မည်ဖြစ်သည်။ Maroon 5 ၊ Demi Lovato ၊ Rihanna ၊ 5 Seconds of Summer ၊ Ariana Grande ၊ Avicii ၊ Ellie Goulding ၊ Drake ၊ Selena Gomez တို့နှင့် အခြားသောနာမည်ကြီးအဆိုတော်များ ၏ တေးသီချင်းများကို MPT ၏ “LoTaYa” Web portal CRBT http://lotayamm.com/service/crbt/MPTRingTune.

CRBT-10

အသုံးပြုသူများသည် CRBT ဝန်ဆောင်မှုကို ရယူပြီးသည်နှင့် CRBT စာမျက်နှာတွင် ဖော်ပြထားသည့် နှစ်သက် ရာသီချင်း၏ ကုဒ်နံပါတ် ၁၀ လုံးကို BUY နှင့်တစ်ကွ ပူးတွဲရေးသားပြီး ၇၉၇၉ သို့ စာတိုပေးပို့ခြင်းဖြင့် ဖုန်းတေးသံစဉ်ကို လက်ခံရရှိမည်ဖြစ်သည်။ ဥပမာ – Calvin Harris နှင့် Rihanna တို့၏ This is What You Came For သီချင်းကို ရယူလိုပါက ၇၉၇၉ သို့ BUY 0000087207 ဟူ၍ ပေးပို့ရမည်ဖြစ်သည်။

အဆိုပါဝန်ဆောင်မှုနှင့် ဒေါင်းလုတ်ရယူထားသည့် သီချင်းများအတွက် ကုန်သွယ်လုပ်ငန်းခွင် ၅% ပါဝင်ပြီးဖြစ်သည်။