×

နောက်ဆုံးအဆင့်သို့တက်လှမ်းနိုင်မည့် ပြိုင်ပွဲဝင်များကို ခန့်မှန်းခြင်းဖြင့် ဆုလက်ဆောင်များရရှိမည့် “Guess & Win” ပြိုင်ပွဲအစီအစဉ်သစ်အား The Voice Myanmar ၏ အမာခံပရိသတ်များအတွက် MPT က စတင်မိတ်ဆက်

23 May 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် မေလ ၂၃ ရက်) – The Voice Myanmar အမာခံပရိသတ်များအတွင်းမှ အဖြေမှန်သူ (၃) ဦးကိုရွေးချယ်၍ ပေးအပ်သွားမည့် “Guess & Win” ပြိုင်ပွဲအစီအစဉ်သစ်ကို MPT က ယနေ့ သတင်းထုတ်ပြန်ကြေညာလိုက်သည်။ ၎င်းပြိုင်ပွဲအစီအစဉ်သည် The Voice Myanmar သီချင်းဆိုပြိုင်ပွဲ၌ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ တက်လှမ်းနိုင်မည့် ပြိုင်ပွဲဝင်များအား မှန်ကန်စွာ ခန့်မှန်းခြင်းဖြင့် new iPad 9.7’’ (32 GB) နှင့် Grand Final ပွဲသို့ သွားရောက်ကြည့်ရှုနိုင်မည့် လက်မှတ် (၂) စောင်စီ ပေးအပ်သွားမည် ဖြစ်သည်။

ယခုအပတ်မှစတင်၍ The Voice Myanmar ကြိုက်နှစ်သက်သူများက The Voice Myanmar သီချင်းဆိုပြိုင်ပွဲ Grand Final သို့ တက်ရောက်ခွင့်ရရှိမည့် ပြိုင်ပွဲဝင် (၄) ဦးအား MPT ၏ Facebook စာမျက်နှာ လင့်ခ် http://bit.ly/MPT-PollContestForTheVoice မှတစ်ဆင့် ခန့်မှန်းရမည်ဖြစ်ပြီး မေလ ၂၇ရက် ညနေ ၆ နာရီအထိ နောက်ဆုံးထား၍ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ The Voice Myanmar အမာခံပရိသတ် များက နောက်ဆုံး အဆင့်ပြိုင်ပွဲသို့ တက်လှမ်းနိုင်မည့် ပြိုင်ပွဲဝင်များအား မှန်ကန်စွာရွေးချယ်နိုင်ခြင်းဖြင့် ဆုလက်ဆောင်များရရှိမည့် အစီအစဉ်တွင် ပါဝင်ပြီးသားဖြစ်ကာ ပါဝင်ယှဉ်ပြိုင်သူများအတွင်းမှ (၃) ဦးကို ကျပန်းစနစ်ဖြင့် ရွေးချယ်၍ ဆုများချီးမြှင့်သွားမည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ အခုဆိုရင် The Voice Myanmar မှာ ပြိုင်ပွဲဝင် (၄) ယောက်ပဲ ကျန်ရှိတော့မယ့် နောက်ဆုံးအဆင့်ကို ရောက်ရှိလာ တော့မှာဖြစ်သလို ပရိသတ်တွေကလည်း စိတ်အားထက်သန်စွာနဲ့ အားပေးနေကြပါတယ်။ နောက်ဆုံးအဆင့်ပြိုင်ပွဲဝင်တွေက ဘယ်သူတွေလဲဆိုတာသိရဖို့ စောင့်နေရတဲ့ အခုလိုအချိန်ကို ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းသွားအောင် အဆင့်တက်သွားမယ့်ပြိုင်ပွဲဝင်တွေကို ခန့်မှန်းရင်း ဆုလက်ဆောင်တွေ ရယူနိုင်မယ့် ပြိုင်ပွဲတစ်ခု ဖြစ်တဲ့ “Guess & Win” အစီအစဉ်ကို တစ်နိုင်ငံလုံးကနေအားပေးနေကြတဲ့ ပရိသတ်တွေအတွက် MPT က စတင် လုပ်ဆောင်ပေးလိုက်ပါပြီ။ နောက်ဆုံးအဆင့်ကို တက်ရောက်သွားမယ့် သီချင်းဆိုပြိုင်ပွဲဝင်တွေကို မှန်ကန်စွာ ခန့်မှန်းနိုင်တဲ့ ပရိသတ်တွေအတွက် new iPad 9.7″ နဲ့ Grand Final ပွဲစဉ်ကြည့်ရှုခွင့် လက်မှတ်တွေ ရရှိမယ့်အခွင့်အရေးတွေ ရှိနေပါတယ်” ဟုပြောကြားသည်။

MPT သုံးစွဲသူများအတွက် ကံစမ်းမဲအစီအစဉ်
အွန်လိုင်းစနစ်ဖြစ်သည့် thevoice.mptvote.com မှတစ်ဆင့် မိမိတို့ အနှစ်သက်ဆုံးပြိုင်ပွဲဝင်များအား မဲပေးခဲ့ ကြသည့် MPT သုံးစွဲသူများအနက်မှ ကံထူးရှင် (၁၅) ဦးကို လာမည့်တနင်္ဂနွေနေ့တွင် ကျပန်းစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး ကံထူးရှင် (၁၀) ဦးမှာ 2GB ဒေတာသုံးစွဲခွင့်လက်ဆောင်ကို ရရှိမည်ဖြစ်သည်။ ကျန်ရှိသည့် ကံထူးရှင် (၅) ဦးမှာ 2GB ဒေတာသုံးစွဲခွင့်လက်ဆောင် အပြင် MRTV-4 စတူဒီယိုတွင် ရိုက်ကူးသွားမည့် လာမည့်ရက်သတ္တပတ်အတွက် အပိုင်းသစ်အား သွားရောက်ကြည့်ရှုခွင့်လက်မှတ် (၂) စောင်စီ ရရှိမည် ဖြစ်သည်။

ထို့အပြင် မဲပေးသူများက ရှေ့ဆက်ထုတ်လွှင့်သွားမည့် အပိုင်းများရိုက်ကူးနေမှုအား တိုက်ရိုက်ကြည့်ရှုနိုင်မည့် စတူဒီယိုဝင်ခွင့်လက်မှတ်များ၊ ဒေတာလက်ဆောင် များ၊ နောက်ဆုံးပေါ် iPhone X ဟန်းဆက်များ အစရှှိသည့် ဆုလက်ဆောင်များအပြင် သုံးစွဲသူများ ထင်မှတ်မထားလောက်သည့် ထူးထူးခြားခြားအစီအစဉ်များကိုလည်း ကံထူးနိုင်သည့် အခွင့်အရေးများ ရရှိနိုင်ကြမည်ဖြစ်သည်။

Semi-Final အဆင့်
Grand Final သို့ တက်ရောက်ခွင့်ရရှိရန်အတွက် ပြိုင်ပွဲဝင်များဖြစ်ကြသည့် Team Lynn Lynn မှ Ip Shen Paung၊ Ngwe Soe၊ Team Ni Ni မှ Grace Monica၊ Mark Jason၊ Team Kyar Pauk မှ Ye Naing Htoo၊ Hnin Eaindray Shin နှင့် Team Yan Yan Chan မှ Khaine Myael Thit Sar နှင့် Thaw Di တို့ (၈) ဦးက လာမည့် ရက်သတ္တပတ်ကုန်ရက်တွင် ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ၎င်းတို့ထဲမှ (၄) ဦးမှာ Semi-Final သို့ တက်ရောက်ခွင့် ရရှိသွားကြမည် ဖြစ်သည်။ ပြိုင်ပွဲ၏ နောက်ဆုံးယှဉ်ပြိုင်မှုအဆင့်သို့ နီးကပ်လာသည်နှင့်အမျှ ယှဉ်ပြိုင်မှု ပွဲစဉ်များတွင်ရရှိမည့် မဲအရေအတွက်မှာလည်း အလွန်အရေးကြီးလာကာ ပြိုင်ပွဲဝင်များအနေဖြင့် မဲရရှိနိုင်ရေးအတွက် အကောင်းဆုံးသောဖျော်ဖြေ တင်ဆက်မှုများကို ပြသသွားကြရမည် ဖြစ်သည်။

The Voice Myanmar နှင့် MPT ၏ ဝန်ဆောင်မှုများ၊ အစီအစဉ်များနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline နံပါတ် ၁၀၆ သို့မဟုတ် MPT ၏ တရားဝင် Facebook စာမျက်နှာ facebook.com/mptofficialpage သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ The Voice Myanmar အစီအစဉ်ကို MRTV-4 တီဗီရုပ်သံအစီအစဉ်တွင် အပတ်စဉ် တနင်္ဂနွေနေ့ည ၉နာရီအချိန်တွင် ထုတ်လွှင့်ပြသပေးနေပါသည်။