×

MPT သုံးစွဲသူများ၏ နေ့စဉ်လူနေမှုဘဝများပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် “ဗျို့” Lifestyle ဝန်ဆောင်မှုအသစ်ကို MPT က မိတ်ဆက်

28 Sep 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် “ဗျို့” Lifestyle ဝန်ဆောင်မှု အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ ဝန်ဆောင်မှုတွင် စိတ်ဝင်စားဖွယ်ရာကဏ္ဍပေါင်း ၅၀ ကျော်ပါဝင်သည့် ကျန်းမာရေး၊ အလှအပ၊ ဖျော်ဖြေရေး၊ ဖက်ရှင်၊ အသိပညာဗဟုသုတ၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်မြင့်မားမှု၊ နည်းပညာ အစရှိသော အကြောင်းအရာများ၊ ဖျော်ဖြေမှုရသနှင့် ရယ်မောစရာ ဟာသဗွီဒီယိုများကို တစ်နေရာတည်းတွင် စုဆည်းထားသော ဝန်ဆောင်မှုဖြစ်ပြီး www.byoh.com.mm မှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ ကံကြမ္မာကိုသိရှိစေရန် ဗေဒင်ဝန်ဆောင်မှုကို ရယူခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များအကြောင်းကို ကျွမ်းကျင်သူများဆီမှ အကြံဉာဏ်များအား သိရှိနိုင်ခြင်း၊  ယောဂကျင့်စဉ်နှင့် Zumba အကဆိုင်ရာလမ်းညွှန်ချက်ဗွီဒီယိုများကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ “ဗျို့” Lifestyle ၀န်ဆောင်မှု တွင် သတင်း၊ ဖက်ရှင်၊ အစားအသောက်၊ ကျန်းမာရေး၊ အပန်းဖြေ အနားယူမှုနှင့် အားလပ်ချိန် လုပ်ဆောင်မှုဆိုင်ရာ အကြောင်းအရာများကို ဈေးနှုန်းသက်သာစွာဖြင့် တစ်ရက်လျှင် ၉၉ ကျပ်နှုန်းဖြင့် ဖတ်ရှုနိုင်မည်ဖြစ်သည်။

“ဗျို့” Lifestyle ဝန်ဆောင်မှု (Application နှင့် ပေါ်တယ်ဝန်ဆောင်မှု) ကိုရယူလိုပါက “8637” သို့ ON ဟု SMS (စာတို) ပေးပို့၍ သော်လည်းကောင်း၊ www.byoh.com.mm (သို့မဟုတ်) https://lotaya.mpt.com.mm/landing/byoh မှတစ်ဆင့် ဝင်ရောက်ပြီး လိုအပ်သည့် လုပ်ဆောင်ချက် များကို တစ်ဆင့်ပြီး တစ်ဆင့်ပြုလုပ်၍ ဝန်ဆောင်မှုအားရယူနိုင်ပါသည်။ Android ဖုန်း အသုံးပြုသူများ အနေဖြင့် အဆိုပါ Application ကို ရယူအသုံးပြုနိုင်ပြီး iOS အသုံးပြုသူများအနေဖြင့် www.byoh.com.mm သို့ဝင်ရောက်၍ အသုံးပြုနိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “MPT အနေဖြင့် သုံးစွဲသူတွေရဲ့ ဒီဂျစ်တယ်ဘဝတွေ ပိုမိုကောင်းမွန်လာစေဖို့ တစိုက်မတ်မတ်နဲ့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ MPT အနေနဲ့ ထူးခြားဆန်းသစ်တဲ့ မိုဘိုင်းလ် အက်ပလီကေးရှင်း/ ပေါ်တယ်ဝန်ဆောင်မှု အသစ်တွေကို ဖန်တီးပေးပြီး သုံးစွဲသူတွေရဲ့နေ့စဉ်လူနေမှုဘဝတွေ တိုးတက်ကောင်းမွန်ပြီး အိမ်မက်တွေ အမှန်တကယ်အကောင်အထည်ဖော်ပေးနိုင်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ ဆောင်ရွက်ပေးလျက် ရှိနေပါတယ်။ ဖျော်ဖြေရေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေကို  မိမိကိုယ်တိုင်လုပ်ဆောင်နိုင်မယ့် နည်းလမ်းပြ ဗွီဒီယိုတွေ (သို့မဟုတ်) ကျန်းမာရေးနှင့်လျော်ညီတဲ့ ချက်ပြုတ်နည်းလမ်းပြ ဗွီဒီယိုတွေကလည်း ကျွန်တော်တို့ အထူးတင်ဆက်ထားတဲ့ ကဏ္ဍတွေထဲက တစိတ်တစ်ဒေသ ဖြစ်ပါတယ်။  စုံလင်များပြားတဲ့ ကဏ္ဍတွေထဲမှာ အနုပညာရှင်တွေရဲ့ သတင်းတွေ၊ မိက်ကပ်အလှပြုပြင်နည်းတွေ၊ သိပ္ပံဆိုင်ရာသတင်းတွေ၊ ကဗျာတွေ၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်မြင့်မားမှု အကြောင်းအရာတွေ၊ နည်းပညာဆိုင်ရာအချက်အလက်တွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ မိုဘိုင်းလ်ဖုန်းသုံးစွဲသူတွေအနေနဲ့ “ဗျို့” Lifestyle ဝန်ဆောင်မှုကို အသုံးပြုပြီးတော့ မိမိဝါသနာပါရာ၊ စိတ်အားထက်သန်ရာတွေကို ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်ပြီးတော့ ကျန်းမာတဲ့ လူနေမှုဘဝပုံစံကိုလဲ ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ တန်ဖိုးထားရတဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ စိတ်ကျေနပ်မှုရရှိဖို့ အခုလို အလွန်ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို  ဆောင်ရွက်ပေးနိုင်တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်” ပြောကြားသွားပါသည်။

“ဗျို့” Lifestyle ဝန်ဆောင်မှု နှင့်ပတ်သက်၍အသေးစိတ်ထပ်မံသိရှိလိုပါက 106 သို့ခေါ်ဆို၍ သော်လည်းကောင်း၊ 01-2305273 သို့ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏တရားဝင် Facebook Page ဖြစ်သော https://www.facebook.com/mptofficialpage/ နှင့် “ဗျို့” Lifestyle ဝန်ဆောင်မှု၏ Facebook Page ဖြစ်သော https://www.facebook.com/byohls/ တို့တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။