×

နှစ်သက်ဖွယ်စျေးနှုန်းသစ်ဖြင့် MPT ၏ ခေါ်သူနားဆင် တေးသံစဉ် ဝန်ဆောင်မှု (CRBT)ကိုအသုံးပြု၍ တေးသီချင်းများကို နားဆင်နိုင်ပြီ

27 May 2016

(ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ မေလ ၂ရရက်) မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ယခုချိန်တွင် သုံးစွဲသူပေါင်း သန်း၂ဝကျော်သို့ ရောက်ရှိပြီဖြစ်သည်။ ထိုအောင်မြင်မှုကို ကျေးဇူးတုံ့ပြန်သောအားဖြင့် MPT ၏ ‘Caller Ring Back Tone’ (CRBT) ဝန်ဆောင်မှု အသုံးပြုသူများအား နှစ်သက်ဖွယ်ရာစျေးနှုန်းဖြင့် သီးသန့်ဖုန်းတေးသံ အသုံးပြုနိုင်မည့် အစီအစဉ်ကို မိတ်ဆက်လိုက်သည်။

CRBT ဝန်ဆောင်မှုသည် တစ်စုံတစ်ဦး သင့်ဖုန်းကို ခေါ်ဆို၍ ဖုန်းပြန်လည်ဖြေကြားမှုကိုစောင့်ဆိုင်းနေစဉ် အချိန်အတွင်း သီချင်းများနားဆင်နိုင်မည့် ဝန်ဆောင်မှုဖြစ်သည်။ ယခုချိန်တွင် ရွေးချယ်နိုင်မည့် သီချင်းအပုဒ်ရေ တစ်ထောင်ကျော် ရှိနေပြီး အပတ်စဉ်တိုင်း သီချင်းအသစ်များ ထပ်မံဖြည့်ဆည်းပေးသွားမည်ဖြစ်ကာ အဆိုပါဝန်ဆောင်မှုသည် မိုဘိုင်းဖုန်းအသုံးပြုသူများအတွက် မိမိနှစ်သက်ရာတေးသံစဉ်များဖြင့် နားဆင်နိုင်မည့် ့အခွင့်အလမ်းများ ပိုမိုခံစားနိုင်မည်ဖြစ်သည်။

ဇွန်လ ၁ရက်နေ့မှ တင်၍ MPT GSM နှင့် WCDMA ဖုန်း အသုံးပြုသူများသည် ယခုအခါ လစဉ်ကြေး ၁ဝဝဝကျပ်နှင့် သီချင်းတစ်ပုဒ်လျှင်တစ်လ ၃၀၀ ကျပ်နှုန်းဖြင့် CRBT ခေါ်သူနားဆင်တေးသံစဉ်ဝန်ဆောင်မှုကို ရွေးချယ်အသုံးပြုနိုင်ပါသည်။ ယခုသတ်မှတ်လိုက်သည့် စျေးနှုန်းသစ်သည် ယခင်က လစဉ်ကြေး ၂ဝဝဝကျပ်နှင့် သီချင်းတစ်ပုဒ်ဝယ်ယူတိုင်း ၃၀၀ ကျပ်နှုန်း ပေးရသည့် ပမာဏထက် သိသာစွာ လျှော့ချလိုက်သည့် စျေးနှုန်းသစ်လည်းဖြစ်သည်။ (အဆိုပါ ဝန်ဆောင်ခများကို ကုန်သွယ်လုပ်ငန်းခွန် ၅% ထပ်ဆောင်း ပေးဆောင်ရပါမည်)။ အဆိုပါ CRBT ဝန်ဆောင်မှုကို ရယူလိုသူများသည် နှစ်သက်ရာသီချင်းများကို MPT မှ မတ်လအတွင် မိတ်ဆက်ခဲ့သည့် (http://lotayamm.com) စာမျက်နှာတွင် ရွေးချယ် နားဆင် ပြီးရယူနိုင်ပါသည်။ CRBT ဝန်ဆောင်မှုကို ရယူအသုံးပြုလိုသူများသည် REG ဟုရိုက်နှိပ်ပြီး 7979 သို့ စာတိုပေးပို့ကာ ဇွန်လ ၁ရက်နေ့မှ စတင်ရယူနိုင်ပါသည်။

အသုံးပြုလိုသူများသည် ပြည်တွင်း နာမည်ကျော်အဆိုတော်များ ဖြစ်သည့် မျိုးကြီး၊ အိုင်းရင်းဇင်မာမြင့်၊ နီနီခင်ဇော်၊ ဝိုင်းဆုခိုင်သိန်း၊ ဝဏ္ဏ၊ ရွှေထူး၊ နိုင်းဝမ်း နှင့် ဂျီဂျီကဲ့သို့သော အဆိုတော်များ၏ သီချင်းများအပြင် နိုင်ငံတကာမှ နာမည်ကျော်သီချင်းများကိုလည်း ရွေးချယ်ရယူနိုင်သည်။ ထို့အပြင် ယခင် နံပါတ် 1772 နှင့် 1773 များသို့ မက်ဆေ့ချ်ပေးပို့၍ CRBT ဝန်ဆောင်မှု ရယူထားသူများမှာ ယခု စျေးနှုန်းအသစ်ကို ရယူနိုင်ရန် ပထမဦးစွာ ယခင်ရယူထားသော CRBT ဝန်ဆောင်မှုကို ပယ်ဖျက် (Unsubscribe) ရမည်ဖြစ်ပြီး ယခင်စျေးနှုန်းဖြင့် ဒေါင်းလုဒ်ရယူထားသည့် သီချင်းများကိုမူ ဆက်လက်အသုံးပြု၍ ရနိုင်တော့မည်မဟုတ်ပါ။ MPT ၏ CRBT ဝန်ဆောင်မှုကို ရယူထားသူများအတွက် အထူးအစီအစဉ်များရှိနေသည့်အတွက် နောင်လာမည့် အထူးအစီအစဉ်များကို လက်မလွှတ်စေရန်လည်း အမြဲမပြတ် စောင့်ကြည့်ထားသင့်သည်။

“ယခုလိိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ CRBT ဝန်ဆောင်မှုကို အသုံးပြုလိုကြတဲ့ လူငယ်လူရွယ်တွေအများအပြား ရှိနေပါတယ်။ ဒီလိုမျိုး သီချင်းတွေအများကြီးကို နှစ်သက်ဖွယ်ရာစျေးနှုန်းနဲ့ ရယူနိုင်အောင် ပံ့ပိုးပေးခြင်ဟာ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေနဲ့ ဆန္ဒတွေကို MPTက ဖြည့်ဆည်းပေးသလိုဖြစ်တာကြောင့် CRBT ဝန်ဆောင်မှုကိုလည်း ပိုမို အသုံးပြုလာလိမ့်မှာဖြစ်ပါတယ်။” ဟု MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase ကပြောသည်။