×

ပညာရေးကို လူတိုင်းလက်လှမ်းမီ လေ့လာနိုင်ရန်အတွက် တက်လမ်းအွန်လိုင်း ပညာရေးဝန်ဆောင်မှု ကို MPT နှင့် ပြည်တွင်းနည်းပညာကုမ္ပဏီတို့ ပူးပေါင်းမိတ်ဆက်

05 Jun 2019

ယနေ့ခေတ်မြန်မာလူငယ်များ၏ ပိုမိုတောက်ပသည့်အနာဂတ်ကို ပိုင်ဆိုင်နိုင်ရန်၊ အရည်အချင်းနှင့်အရည်အသွေးပိုမိုတိုးတက်စေရန်အတွက် အမျိုးအစားစုံလင်လှသည့် ပညာရေးဆိုင်ရာ ဗွီဒီယိုများနှင့် သင်ခန်းစာများကို သင်ယူလေ့လာနိုင်မည်
( ရန်ကုန် ၊ ၂၀၁၉ ခုနှစ် ၊ ဇွန်လ ၅ ရက်)- နည်းပညာတိုးတက်ပြောင်းလဲမှုသည် ယနေ့ခေတ်လူမှု အဖွဲ့အစည်းတွင် အဓိကကျသော ပေါင်းကူးတစ်ခု ဖြစ်ပြီး မိမိသိလိုသည့် အသိပညာ ဗဟုသုတများ၊ ပညာရေးနှင့် ပတ်သက်သည့် အချက်အလက်များကို နေရာမရွေး အချိန်မရွေးလေ့လာနိုင်မည်ဖြစ်သည်။ ကမ္ဘာတလွှားမှ လူငယ်များသည် အသိပညာနှင့် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုများကို ကျောင်းစာသင်ခန်း အတွင်း သာမက အင်တာနက်စာသင်ခန်းများမှာပါ စုဆောင်းရှာဖွေနေကြပြီ ဖြစ်သည်။ တိုးတက်ပြောင်း လဲလာသော ခေတ်ရေစီးကြောင်းကိုလိုက်၍ မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT သည် ပြည်တွင်း နည်းပညာနှင့် သတင်းအချက်အလက် ကုမ္ပဏီတစ်ခုဖြစ်သည့် ထွဋ်ကုမ္ပဏီနှင့် ပူးပေါင်း၍ ပညာရေး ဝန်ဆောင်မှု ပလက်ဖောင်း တစ်ခုဖြစ်သည့် တက်လမ်းအွန်လိုင်းပညာရေး ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန် ကြေညာသည်။
တက်လမ်းအွန်လိုင်း ပညာရေးဝန်ဆောင်မှုကို တက်လမ်း အက်ပလီကေးရှင်း နှင့် တက်လမ်းဝက်ဘ်ပေါ်တယ် (http://tatlanapp.com) တွင် ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ အွန်လိုင်းပညာရေး ဝန်ဆောင်မှုမှ တစ်ဆင့် မြန်မာလူငယ်၊ ကျောင်းသားကျောင်းသူများသည် ၎င်းတို့သင်ခန်းစာနှင့်ပတ်သက်သည့် သင်ကြားရေး အထောက်အကူပြုနည်းလမ်းများ သာမက စာသင်ခန်းပြင်ပမှနေ၍ ၎င်းတို့သိလိုသည်များကို မိမိတို့ကိုယ်ပိုင်အချိန်များတွင်ပါ လေ့လာနိုင်မည့် အထွေထွေ အင်္ဂလိပ်၊ စီးပွားရေးသုံး အင်္ဂလိပ်၊ ဈေးကွက်စီမံ ခန့်ခွဲမှု၊ အိုင်တီ၊ ကွန်ပျူတာလေ့လာနည်း၊ ပန်းချီ၊ ဂီတ စသည့် ကဏ္ဍအစုံအလင်ပါဝင်သင်သည့် သင်ကြားရေးဗွီဒီယိုများနှင့် သင်ခန်းစာများကို မိမိတို့နှစ်သက်ရာ ဘာသာရပ်အလိုက် ရွေးချယ်သင်ယူလေ့ လာနိုင်မည်ဖြစ်သည်။
ဗွီဒီယို သင်ခန်းစာများသည် အခြားမည်သည့် နိုင်ငံ၏ သင်ရိုးများကို ပြန်လည်မှီငြမ်းထားခြင်းမရှိဘဲ ၁၀၀ ရာနှုန်းပြည့် မြန်မာ့ပတ်ဝန်းကျင်နှင့် လိုအပ်ချက်များကိုအခြေခံထားခြင်း ဖြစ်သောကြောင့် မြန်မာကျောင်းသား လူငယ်များအနေဖြင့် အလွယ်တကူ နားလည်သဘောပေါက် နိုင်မည်ဖြစ်သည်။ ဝန်ဆောင်မှုသုံးစွဲသူများအနေဖြင့် သင်ခန်းစာဗွီဒီယိုများတွင် သင်ကြားပို့ချပေးမည့် ဆရာ၊ ဆရာမများ၏ အချက်အလက်များနှင့် ၎င်းတို့ သင်ကြားပေးနေသော သင်တန်းကျောင်းများ၏ အချက်အလက်များကိုလည်း အလွယ်တကူရယူနိုင်မည်ဖြစ်သည်။ ထို့အပြင် အသုံးပြုသူများ ပိုမိုအဆင်ပြေလွယ်ကူသက်သာစေရန် မိမိတို့ကြိုက်နှစ်သက်သည့် သင်ခန်းစာဗွီဒီယိုများကို တက်လမ်း အက်ပလီကေးရှင်းတွင် သိမ်းဆည်း ထားနိုင်မည် ဖြစ်ပြီး လိုအပ်ချိန်တွင် ပြန်လည်ကြည့် ရှုနိုင်မည် ဖြစ်သည်။
MPT သုံးစွဲသူများအနေဖြင့် တက်လမ်းအွန်လိုင်းပညာရေးဝန်ဆောင်မှုကို သက်သာသောနှုန်းထားဖြစ်သည့် တစ်ရက်လျှင် ၁၀၅ ကျပ် ဖြင့် သင်ခန်းစာအစုံအလင်ကို ရယူလေ့လာ နိုင် မည်ဖြစ်သည်။ ၎င်းဝန်ဆောင်မှုကို ရယူလိုသူများအနေဖြင့် 8228 သို့ ON ဟု စာတို (SMS) ပေးပို့ပြီး ဝင်ရောက် အသုံးပြုနိုင်မည့် လင့်ခ်များကို အခမဲ့ ဒေါင်းလုတ်ရယူနိုင်မည် ဖြစ်သည်။ ထို့်အပြင် တက်လမ်း ဝက်ဘ်ပေါ်တယ် http://tatlanapp.com နှင့် လိုတရ ဝက်ဘ်ပေါ်တယ် http://lotayamm.com တို့တွင်လည်း လည်းရယူနိုင်မည် ဖြစ်သည်။ Android သုံးစွဲသူများအနေဖြင့်လည်း တက်လမ်းအက်ပလီကေးရှင်းကို Google Play store တွင် ဒေါင်းလုတ်ပြုလုပ်၍ ရယူနိုင်မည် လည်းဖြစ်သည်။
အထူးပရိုမိုရှင်းအဖြစ် တက်လမ်းအွန်လိုင်းပညာရေးဝန်ဆောင်မှုကို ရယူထားသော MPT သုံးစွဲသူများသည် ပရိုမိုးရှင်းကာလ(၃) လ ဖြစ်သည့် ဇွန်လ ၅ ရက်နေ့ မှ စက်တင်ဘာလ ၄ ရက် အတွင်း ငွေကျပ် ၁၀ သိန်း တန်ဖိုးရှိ ပညာသင်ဆု ၃ ဆု နှင့်အတူ ၃,၀၀၀ တန် MPT ငွေဖြည့်ကတ်ပေါင်း ၁၅၀ ကိုလည်း ကံထူးနိုင်ကြမည်ဖြစ်သည်။ ပညာသင်ဆုနှင့် ငွေဖြည့်ကတ် ကံထူးသူများကို တက်လမ်းအွန်လိုင်းပညာ ရေး ဝန်ဆောင်မှု၏ တရားဝင် ဖေ့စ်ဘွတ် စာမျက် နှာ https://www.facebook.com/TatLanEdu/ တွင် ကြေညာသွားမည် ဖြစ်ပြီး ဖုန်းဖြင့်လည်း တိုက်ရိုက် ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များကို http://tl.lotayamm.com တွင် ကြည့်ရှုနိုင်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr Reizo Umeda မှ “ ပညာရေးတိုး တက်လာဖို့က လူသားတွေရဲ့ တိုးတက်မှုှုဖြစ်စဉ်အတွက် အလွန် အရေးကြီးပါတယ်။ ကျွန်တော်တို့MPT အနေနဲ့ တက်လမ်းအွန်လိုင်းပညာရေးဝန်ဆောင်မှု နဲ့အတူ လူငယ်တွေကို သူတို့မှာရှိတဲ့ အရည်အချင်းကောင်းတွေ ကို အောင် မြင်မှုအဖြစ် ပြောင်းလဲဖို့အတွက် အထောက်အပံ့ကောင်းအဖြစ် ပေးအပ်နိုင်ခဲ့ပါပြီ။ ဒီ အွန်လိုင်းပညာရေးဝန်ဆောင်မှုဟာ မိမိလေ့လာချင်တဲ့ ပညာရပ်တွေကို လေ့လာဖို့ စိတ်အားထက်သန်တဲ့ လူငယ်တွေအတွက် အင်တာနက်ရှိရုံနဲ့ မိမိတို့တိုးတက်ရာဘဝတက်လမ်းအတွက် လမ်းပြထောက်ပံ့ပေးသွားမယ့် အသိပညာ အတတ်ပညာတွေ၊ ဘာသာစကားတွေ၊ သင်ကြားရေးဆိုင်ရာ တွေကို အသက်သာဆုံးနှုန်းထားဖြစ်တဲ့ တစ်ရက်ကို ၁၀၅ ကျပ်နှုန်း နဲ့ အလွယ်တကူ ဝင်ရောက်လေ့လာ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ အလားအလာကောင်းပြီး အရည်အချင်းရှိတဲ့ မြန်မာလူငယ်တွေအပေါ် အပြည့်အဝ ယုံကြည်ထား တာကြောင့် ကျွန်တော်တို့ရဲ့3G-4G/LTE ကွန်ရက်ပေါ်ကတစ်ဆင့် သူတို့ရဲ့ လေ့လာမှုတွေမှာ အထောက်အကူပြုနိုင်မယ့် ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို ပေးအပ်ရင်း ပိုမိုကောင်းမွန်တဲ့အနာဂတ်တွေကို ဖန်တီးသွားမှာပါ။ “ ဟုပြောကြားခဲ့သည်။
ထွဋ်ကုမ္ပဏီ ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဦးဝေဖြိုးထွဋ် က “ပညာရေးကို လူတိုင်းလက်လှမ်းမီ လေ့လာနိုင်ရန်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ တက်လမ်း အွန်လိုင်းပညာရေး မိုဘိုင်းလ်အက်ပလီကေးရှင်းကို အခုလို MPT နှင့် လက်တွဲပြီး သုံးစွဲသူတွေဆီ ယူဆောင်ပေးခဲ့နိုင်ခဲ့တဲ့အတွက် များစွာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့အနေနဲ့ဆက်လက်ပြီး အသုံးဝင်မယ့် အက်ပလီကေးရှင်းများစွာကို အကောင်းဆုံးဝန်ဆောင်မှုများနှင့် ဆက်လက်ထုတ်လုပ်နိုင်အောင် ကြိုးစားသွားမှာပါ” ဟုပြောကြားပါသည်။

တက်လမ်းအွန်လိုင်းပညာ ဝန်ဆောင်မှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Call Center နံပါတ် ၁၀၆ သို့ခေါ်ဆို၍ လည်းကောင်း ၊ တက်လမ်းအွန်လိုင်းပညာရေးဝန်ဆောင်မှု၏ Hotline နံပါတ် ၀၉ ၈၉၈ ၈၇ ၆၇ ၈၇ နှင့် ၀၉ ၈၉၈ ၈၇ ၆၇ ၉၇ သို့ခေါ်ဆို၍ လည်းကောင်း တက်လမ်းအွန်လိုင်းပညာရေးဝန်ဆောင်မှု၏ တရားဝင် ဖေ့စ်ဘွတ် စာမျက်နှာhttps://www.facebook.com/TatLanEdu/ တွင် လည်းကောင်း ၊ MPT ၏ တရားဝင် ဖေ့စ်ဘွတ် စာမျက်နှာ www.facebook.com/mptofficialpage တွင် လည်းကောင်း MPT ၏ တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာ www.mpt.com.mm တွင် လည်းကောင်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။