×

ပရိသတ်များ၏ တစ်ခဲနက်ထောက်ခံအားပေးမှုဖြင့် “N OO L” က The Voice Myanmar Season 3 ၏ အနိုင်ရရှိသူဖြစ်လာ

21 Dec 2020

(The Voice Myanmar ပရိသတ်များမှ ထိုက်တန်စွာရွေးချယ်ပေးခဲ့သည့်
အနုပညာကြယ်တစ်ပွင့် ထပ်မံပေါ်ထွက်လာပြီ)

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၁ ရက်) – ရက်သတ္တပတ်များစွာ ကြာမြင့်ခဲ့သည့် ထူးခြား ပြောင်မြောက်သော တိုက်ရိုက်သီဆိုယှဉ်ပြိုင်ဖျော်ဖြေမှု အပြီးတွင် ရင်ခုန်စိတ်လှုပ်ရှားစရာ အခိုက်အတန့်များနှင့် ပရိသတ်များ၏ တစ်ခဲနက်အားပေးထောက်ခံမှု ရရှိခဲ့သည့် “N OO L” ကို The Voice Myanmar Season 3 ၏ အနိုင်ရရှိသူအဖြစ် MPT က ယနေ့ထုတ်ပြန် ကြေညာလိုက်သည်။ ယခု Season 3 တွင် အနိုင်ရရှိသူသည် ဆုကြေးငွေကျပ်သိန်း ၂၀၀၊ FG Entertainment နှင့် solo music album ထုတ်ခွင့်ရမည့်အပြင် အသစ်စက်စက် Morris Garages ကားကြီးကိုပါ ဆွတ်ခူးရရှိနိုင် ခဲ့ပြီဖြစ်သည်။

MPT သည် The Voice Myanmar Season 3 ၏ Official Telecom Partner အနေဖြင့် အထူးသဖြင့် ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားပြီး စိန်ခေါ်မှုများ ကြုံတွေ့နေရသည့်ကာလတွင် ပွဲစဉ်တစ်လျှောက်လုံး ပြိုင်ပွဲဝင် များကို ထောက်ခံအားပေးခဲ့ကြသော တစ်နိုင်ငံလုံးရှိ ပရိသတ်များအား ကျေးဇူးတုံ့ပြန်မှုကို ပြသသည့်အနေဖြင့် ပြုလုပ်ခဲ့သည့် “Choose A Winner, Be A Winner” အစီအစဉ်မှ ကံထူးရှင် ၁၆ ဦးကိုလည်း ဂုဏ်ယူ ဝမ်းမြောက်စွာ ကြေညာလိုက်ပါသည်။

MPT prepaid စနစ် သုံးစွဲသူများသည် The Voice Myanmar Season 3 ၏ Live Round ၄ ခုအတွင်း ၎င်းတို့နှစ်သက်အားပေးသည့် ပြိုင်ပွဲဝင်ကို SMS ဖြင့် မဲပေးခြင်းအပြင် တရားဝင် အွန်လိုင်း Web Portal မှတစ်ဆင့် မဲပေးခြင်းဖြင့်လည်း ပါဝင်ဆင်နွှဲခဲ့ပါသည်။ MPT ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် “Choose A Winner, Be A Winner” အစီအစဉ်၏ ပထမအပတ်, ဒုတိယအပတ်နှင့် တတိယအပတ်၏ ကံထူးရှင်များကို ကြေညာခဲ့ပြီး ယနေ့တွင်မူ စတုတ္ထအပတ် ၏ ကံထူးရှင်များကိုလည်း ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။
“Choose A Winner, Be A Winner” အစီအစဉ်တွင် ကျပန်းစနစ်ဖြင့် ရွေးချယ်ခဲ့သော ကံထူးရှင်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ပထမအပတ် (Live Round – 1)

စဉ်အမည်နေရပ်ဖုန်းနံပါတ်ဆုလက်ဆောင်
ဒေါ်လွင်စန္ဒာစိုးပဲခူးတိုင်းဒေသကြီး09450509xxxiPhone 12
ဦးအောင်သူဖြိုးရန်ကုန်တိုင်းဒေသကြီး09440609xxxiPad Air
ဒေါ်ဂျူလီယာရန်ကုန်တိုင်းဒေသကြီး09455727xxxAirPods Pro
ဦးမျိုးထွန်းအောင်ရန်ကုန်တိုင်းဒေသကြီး09445980xxxAirPods Pro

ဒုတိယအပတ် (Live Round – 2)

စဉ်အမည်နေရပ်ဖုန်းနံပါတ်ဆုလက်ဆောင်
မကေထားခိုင်ကရင်ပြည်နယ်09893614xxxiPhone 12
ကိုဝင်းနိုင်စိုးရန်ကုန်တိုင်းဒေသကြီး09428025xxxiPad Air 2020
မရူပါရန်ကုန်တိုင်းဒေသကြီး09441303xxxAirPods Pro
မဟေမာနှင်းနေပြည်တော်09421716xxxAirPods Pro

တတိယအပတ် (Live Round – 3)

စဉ်အမည်နေရပ်ဖုန်းနံပါတ်ဆုလက်ဆောင်
မကပ်လမ်နှဲမ်စစ်ကိုင်းတိုင်းဒေသကြီး09225798xxxiPhone 12
ကိုမင်းမင်းဦးရန်ကုန်တိုင်းဒေသကြီး09421285xxxiPad Air 2020
ကိုဇင်နိုင်ဖြိုးရန်ကုန်တိုင်းဒေသကြီး09459895xxxAirPods Pro
ကိုမြင့်နိုင်ရန်ကုန်တိုင်းဒေသကြီး0989414xxxAirPods Pro

စတုတ္ထအပတ် (Live Round – 4)

စဉ်အမည်နေရပ်ဖုန်းနံပါတ်ဆုလက်ဆောင်
မသဥ္ဇာထွန်းမန္တလေးတိုင်းဒေသကြီး09441004xxxiPhone 12
မခိုင်မီမီကျော်ရန်ကုန်တိုင်းဒေသကြီး095024xxxiPad Air 2020
မမေသက်ကျော်ရန်ကုန်တိုင်းဒေသကြီး0943006xxxAirPods Pro
မဂျူးဂျူးစံမန္တလေးတိုင်းဒေသကြီး09892953xxxAirPods Pro

 

“The Voice Myanmar သီချင်းဆိုပြိုင်ပွဲအစီအစဉ်ကနေ မြန်မာလူငယ်အဆိုပါရမီရှင်တွေကို ရှာဖွေဖော်ထုတ်ပြီး မြေတောင်မြှောက်ပေးတဲ့ ဒီလမ်းခရီးတစ်စိတ်တစ်ပိုင်းမှာ မိတ်ဖက်အဖွဲ့အစည်းအနေနဲ့ ကာလရှည်ကြာစွာ ပါဝင်ရပ်တည်ခဲ့ရတာဟာ ကျွန်တော်တို့အတွက် အခွင့်ကောင်းတစ်ခုဖြစ်သလို ဂုဏ်ယူစရာ လည်းဖြစ်ခဲ့ပါတယ်။ အနိုင်ရရှိသူကိုတော့ တစ်ဦးတည်း ရွေးချယ်ခဲ့ရပေမယ့် ပြိုင်ပွဲဝင်တွေအားလုံးဟာ ပြိုင်ပွဲစဉ်တစ်လျှောက်မှာ လုံးဝထင်မှတ်မထားတဲ့ အကောင်းဆုံး သီဆိုယှဥ်ပြိုင်မှုတွေနဲ့ ဖျော်ဖြေတင်ဆက်မှုတွေ ပြသနိုင်ခဲ့တဲ့ အဆိုတော်တွေဖြစ်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ကျွန်တော်အနေနဲ့ The Voice Myanmar Season 3 ရဲ့ အနိုင်ရရှိသူ “N OO L” ကို ဝမ်းသာဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ် ” ဟု MPT-KSGM Joint Operations စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima က ပြောကြားခဲ့သည်။
“The Voice Myanmar သီချင်းဆို ပြိုင်ပွဲက မြန်မာပရိသတ်တွေကြားမှာ ပေါက်ရောက်အောင်မြင်ခဲ့တဲ့ ရေပန်း အစားဆုံး သီချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပြီး အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက် ရောဂါပြန့်ပွားပြီး ပြင်းထန်တဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့နေရတဲ့ အခုလိုကာလကြီးမှာ ဒီအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်း အဖြစ်ပါဝင်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ အရမ်းဂုဏ်ယူမိပါတယ်။ ကူးစက်ရောဂါ ပြန့်ပွားနေတဲ့ကာလအတွင်း ပုံမှန်အခြေအနေသစ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရောဂါကူးစက်မှုကို ထိန်းချုပ်တဲ့အနေနဲ့ ပြိုင်ပွဲကို အွန်လိုင်း ကနေ ဆက်လက်ရိုက်ကူး တင်ဆက်ရတဲ့အချိန်မှာ MPT က Official Telecom Partner အဖြစ် စိန်ခေါ်မှု အားလုံးကို ကျော်လွှားနိုင်ဖို့ လိုအပ်တဲ့နည်းပညာပံ့ပိုးမှုနဲ့ ဒီဂျစ်တယ်နည်းလမ်းတွေထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။” ဟု ထပ်မံ ပြောကြားခဲ့သည်။
“ကျွန်တော် The Voice Myanmar Season 3 ရဲ့ winner တစ်ယောက်ဖြစ်လာတဲ့အတွက် ဘယ်လောက်တောင် ဂုဏ်ယူဝမ်းမြောက်မိလဲဆိုတာ ပြောမပြတတ်လောက်အောင်ပါပဲ။ ဒီပြိုင်ပွဲဟာ ရှည်လျားပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ခရီးလမ်းတစ်ခုဖြစ်ခဲ့ပေမယ့်လည်း ကျွန်တော့်ကို ပံ့ပိုးကူညီပေးတဲ့အပြင် ပြိုင်ပွဲစဉ်တစ်လျှောက် မဲတွေပေးခဲ့ကြတဲ့ မြန်မာတစ်နိုင်ငံလုံးကနေ အားပေးနေတဲ့ ပရိသတ်တွေရဲ့ ကျေးဇူးကြောင့် ကျွန်တော်ရဲ့ အိပ်မက် တကယ်ဖြစ်လာပါပြီ။ ကျွန်တော်နဲ့အတူတူ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေ၊ ဒိုင်လူကြီးတွေ၊ ပွဲစီစဉ်တဲ့သူတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ အထူးသဖြင့် Official Telecom Partner ဖြစ်တဲ့ MPT ကို ကျေးဇူးတင်ကြောင်း ဒီနေရာကနေပြောကြားလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ စိတ်ဆန္ဒတွေ၊ ကြိုးစား အားထုတ်မှုတွေနဲ့ ကတိကဝတ်တွေကြောင့် ကျွန်တော်တို့အနေနဲ့လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားမှု ကြုံတွေ့ခံစားနေရတဲ့ အချိန်မှာ စိန်ခေါ်မှုတွေကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ် ” ဟု The Voice of Myanmar Season 3 ၏ အနိုင်ရရှိသူ N OO L က ၎င်းအား စိတ်လှုပ်ရှားဖွယ်ရာ ထောက်ခံအားပေးခဲ့သည့် ပရိသတ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။

၂၀၁၈ ခုနှစ်တွင်စတင်ခဲ့သည့် ပထမဆုံး The Voice Myanmar အစီအစဉ်မှစ၍ MPT သည် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ထားရှိခဲ့သည့် ကတိကဝတ်အတိုင်း မြန်မာနိုင်ငံတစ်ဝန်း အရည်အချင်းရှိသည့် ယှဉ်ပြိုင်သူများစွာ ရှာဖွေဖော်ထုတ်ပေးရန်၊ မြှင့်တင်ပေးရန်နှင့် အခွင့်အလမ်းများ အဆင်ပြေချောမွေ့စွာ ရရှိနိုင်ရန်နှင့် ယခုကဲ့သို့ ခက်ခဲသော အချိန်များအတွင်း ကောင်းမွန်သော ဖျော်ဖြေမှုများဖြင့် မြန်မာပြည်သူတို့၏ စိတ်ခွန်အားမြှင့်တင်မှုတို့တွင် ပါဝင်ကူညီခြင်းပင် ဖြစ်သည်။
“The Voice Myanmar” နှင့်ပတ်သက်၍ သိရှိလိုပါက “The Voice Myanmar” ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သော www.facebook.com/thevoicemyanmar သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ MPT နှင့် ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက ၁၀၆ သို့ ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ တရားဝင်ဝက်ဘ်ဆိုက် ဖြစ်သည့် www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။