×

ပိုမိုကောင်းမွန်သည့် လူနေမှုဘဝများကို ဖန်တီးပေးမည့် MPT ၏ ထပ်ဆောင်းဝန်ဆောင်မှုများ

15 Feb 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က ထပ်ဆောင်းဝန်ဆောင်မှုများ(VAS)ကို သုံးစွဲသူများထံသို့ ထပ်မံယူဆောင်လာပြီဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ နိုင်ငံ၏ အကြီးမားဆုံး 3G နှင့် 4G/LTE+ ကွန်ရက်များမှတစ်ဆင့်ပြီးပြည့်စုံသော လူမှုဘဝများကို ရရှိနိုင်ရန်အတွက် ၎င်းတို့နှင့် ကိုက်ညီမှုရှိသည့် ဆန်းသစ်တီထွင်မှုရှိသော ထပ်ဆောင်းဝန်ဆောင်မှုမျာဖြစ်သည့် သတင်းများ၊ ဖျော်ဖြေရေးကဏ္ဍ၊ ဂီတ၊ ကျန်းမာရေး၊ အားကစားနှင့်ဗေဒင် အစရှိသည့် ဆန်းသစ်တီထွင်မှုရှိသော ဒီဂျစ်တယ်ဝန်ဆောင်မှုများကို စိတ်ဝင်စားဖွယ်နှုန်းထားများဖြင့် ပေးအပ်လျက်ရှိပြီး MPT သုံးစွဲသူများအနေဖြင့်လည်း မိမိတို့နှစ်သက်ရာ ဒေတာပက်ကေ့ချ်များဖြင့်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်များကတည်းက MPT သည် ပြည်တွင်းရှိ လုပ်ငန်းများနှင့် အတူပူးပေါင်း၍ မတူကွဲပြားသောအကြိုက်မျိုးစုံနှင့် လိုအပ်ချက်တို့ပေါ်တွင် အခြေခံပြီး၊ အသုံးဝင်သည့် ပြီးပြည့်စုံသော ဝန်ဆောင်မှုများစွာကို မိတ်ဆက်ပေလျက်ရှိပါသည်။

MPT အနေဖြင့် လက်ရှိဆောင်ရွက်နေသည့် ထပ်ဆောင်းဝန်ဆောင်မှုများအပြင် ယနေ့တွင် စိတ်ဝင်စားဖွယ် ကောင်းသည့် မင်းသိင်္ခဗေဒင် ၊ သိပြီးပြီလား ပရိုမိုးရှင်းသတင်း အချက်အလက်ဝန်ဆောင်မှု နှင့် Sellel အွန်လိုင်းတေးသီချင်းဝန်ဆောင်မှု အက်ပလီကေးရှင်းများကို ထပ်မံ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်သည်။ မင်းသိင်္ခ ဗေဒင်ဝန်ဆောင်မှုတွင် အချစ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ငွေရေးကြေးရေး၊ ပညာရေး၊ လူမှုရေး ကိစ္စများအား တိုင်ပင်ဆွေးနွေးမေးမြန်းနိုင်ရန်အတွက် သင့်တင့်သောဈေးနှုန်းထားဖြင့် အသုံးပြုနိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်သည်။ ဗေဒင်ထပ်ဆောင်းဝန်ဆောင်မှု တွင် သုံးစွဲသူများ၏ အရေးပါသော လူမှုရေး၊ မိသားစုအရေး နှင့် စီးပွားရေး စသည့်အကြောင်းအရာတို့နှင့် ပတ်သက်၍ အထောက်အကူဖြစ်စေမည့် အကြံဉာဏ်များနှင့် အနာဂတ်ဟောစတမ်းများအား အဆင်ပြေလွယ်ကူစွာ ဖတ်ရှုရရှိနိုင်မည်ဖြစ်သည်။

သိပြီးပြီလား ပရိုမိုးရှင်းသတင်းအချက်အလက်ဝန်ဆောင်မှုနှင့် ပူးပေါင်း၍ သုံးစွဲသူများအတွက် စိတ်ဝင်စားဖွယ်ကောင်းသည့် ရန်ကုန်ရှိ ပရိုမိုးရှင်းသတင်းများ နှင့် ပွဲသတင်းများ စသည်တို့ကို အချိန်နှင့်တပြေးညီသိရှိနိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်ပြီး ၎င်းဝန်ဆောင်မှုကို အသုံးပြုသူများ အနေဖြင့် သိရှိလိုသည့် အကြောင်းအရာခေါင်းစဉ်၊ အကွာအဝေး၊ အဆင့်သတ်မှတ်ချက်များပေါ်တွင် မူတည်၍ အလွယ်တကူ ရှာဖွေနိုင်မည်ဖြစ်သည်။

MPT သည် နောက်ဆုံးပေါ် မိုဘိုင်းလ်တေးသီချင်း အက်ပလီကေးရှင်းတစ်ခုဖြစ်သည့် Sellel နှင့် ပူပေါင်းကာ ကမ္ဘာတစ်ဝှမ်းမှ ပြည်တွင်းတေးသီချင်း နှစ်သက်သူ ပရိသတ်များအတွက် ပြည်တွင်းရှိတေးသီချင်းများ နားဆင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားခြင်း ဖြစ်ပြီး သုံးစွဲသူများသည် မိမိတို့နှစ်သက်သည့် တေးသီ ချင်းများအား သက်သာသောနှုန်းထားဖြင့် အချိန်မရွေး၊ နေရာမရွေး နားဆင်နိုင်မည် ဖြစ်သည်။

မင်းသိင်္ခဗေဒင်ဝန်ဆောင်မှု၊ သိပြီးပြီလား ပရိုမိုးရှင်းသတင်းအချက်အလက် ဝန်ဆောင်မှု၊ Sellel အွန်လိုင်း တေးသီချင်း ဝန်ဆောင်မှု တို့နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များအား တွဲလျက်ပါ သီးသန့်ရေးသားထားသော အချက်အလက်စာရွက်တွင် ကြည့်ရှု နိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့ အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် အမြဲအဆင်သင့်ရှိနေပါတယ်။ အခုလို အသုံးဝင်တဲ့ ထပ်ဆောင်းဝန်ဆောင်မှုတွေကို ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဆီကို ကမ်းလှမ်းခွင့်ရလို့ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ဂီတ၊ သတင်း၊ ဗေဒင် ဒါမှမဟုတ် ကျန်းမာရေးအကြံပေးချက်စတဲ့ အချက်အလက်တွေနဲ့အတူ နိုင်ငံတစ်ဝှမ်းရှိ 3G နှင့် 4G/LTE+ ကွန်ရက်များမှ တစ်ဆင့် သန်းနဲ့ချီတဲ့ သုံးစွဲသူတွေရဲ့ အတွေ့အကြုံတွေကို အနာဂတ်မှာ ပိုမိုမြှင့်တင်စေဖို့နဲ့ ဆန်းသစ်တဲ့ဝန်ဆောင်မှုတွေကို ပိုမိုပေးစွမ်းနိုင်ဖို့ MPT က ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအနေနဲ့ မိုဘိုင်းလ် ဆက်သွယ်ရေးပစ္စည်းတွေကနေ အကောင်းဆုံးတွေကိုပဲ လိုချင်ကြတယ်ဆိုတာ နားလည်ထားပါတယ်။ ဒါကြောင့်ကျွန်တော်တို့ရဲ့ အမြန်ဆုံးနဲ့ ယုံကြည်စိတ်ချရတဲ့ ကွန်ရက်ကတစ်ဆင့် သုံးစွဲသူတွေ လိုအပ်နေတဲ့ သတင်းအချက်အလက် ဒါမှမဟုတ် ဖျော်ဖြေရေး ဝန်ဆောင်မှုတွေကို တကယ့်ကို သက်သာ တဲ့နှုန်းထားနဲ့ ပေးစွမ်းဖို့အတွက် သန္နိဌာန်ချပြီး ဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ ထပ်ဆောင်းဝန်ဆောင်မှုတွေထဲမှာ မင်းသိင်္ခအွန်လိုင်းဗေဒင်ဝန်ဆောင်မှု၊ သိပြီးပြီလား ပရိုမိုးရှင်းသတင်းအချက်အလက် ဝန်ဆောင်မှု နဲ့ Sellel အွန်လိုင်းတေးသီချင်းအက်ပလီကေးရှင်း ဝန်ဆောင်မှုတွေကို MPT ရဲ့ ထပ်ဆောင်းဝန်ဆောင်မှု အသစ်အနေနဲ့ ထပ်မံဖြည့်ဆည်းလိုက်ပါပြီ။ မင်းသိင်္ခ ဗေဒင် ဝန်ဆောင်မှုဟာဆိုရင် ဗေဒင်မေးဖို့အတွက် စောင့်ဆိုင်းစရာမလို၊ ခရီးဝေးသွားစရာ မလိုတဲ့အပြင်၊ သုံးစွဲသူတွေရဲ့ တန်ဖိုးရှိတဲ့ အချိန်နဲ့ ငွေကို အလေအလွင့်မဖြစ်စေဘဲ အင်တာနက်ရရှိရုံနဲ့ အဆင်ပြေစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သိပြီးပြီလား ဝန်ဆောင်မှုဟာဆိုရင်လည်း ကုန်စည်အမျိုးမျိုးနဲ့ သတင်းအချက်အလက်တွေကို သက်သာတဲ့ နှုန်းထားနဲ့ တစ်နေရာတည်းမှာ ရရှိနိုင်ဖို့ ဆောင်ရွက်ထား တာဖြစ်ပါတယ်။ Sellel အွန်လိုင်းတေးသီချင်း အက်ပလီကေးရှင်း ဝန်ဆောင်မှုကို မိုဘိုင်းလ်ဖုန်းနံပါတ်ရှိရုံဖြင့် ရိုးရှင်းလွယ်ကူစွာဝင်ရောက်နိုင်မှာဖြစ်ပြီး အသုံးပြုသူတွေဟာ အမျိုးအစားစုံလင်လှတဲ့ ပြည်တွင်းကတေးသီချင်းပေါင်းများစွာကို ခံစားနားဆင်နိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့လူမှုနေ့စဉ်ဘဝတွေကို ပိုမိုအကျိုးရှိစွာဖန်တီးနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့ ထပ်ဆောင်းဝန်ဆောင်မှုတွေကို နှစ်ခြိုက်စွာနဲ့ ဆက်လက်အသုံးပြုကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ထပ်မံပြောကြားခဲ့သည်။
ယခုဝန်ဆောင်မှုများနှင့်ပတ်သက်၍ အသေးစိတ်ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ခေါ်ဆိုခြင်း သို့မဟုတ် MPT ၏ တရားဝင် ဝက်ဘ်ဆိုက် http://mpt.com.mm/ နှင့် ဖေ့စ်ဘွတ် စာမျက်နှာ facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Detail Link :  Min Thein Kha Astrology  App

Detail Link :  Selle Music App

Detail Link :  Thi Pi Pi Lar App