×

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊နည်းပညာဌာနကြီး ဆက်သွယ်ရေးနည်းပညာဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

20 Jul 2017

၁။                ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ နည်း ပညာဌာနကြီး၊ ဆက်သွယ်ရေးနည်းပညာဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ရိဒ်-မင်းတပ်1.5 Gigabit မိုက္ကရို‌ဝေ့ဗ်ဆက်ကြောင်း(13 Hops) တွင် စက်ပစ္စည်းများ ပို့ဆောင်/ တပ်ဆင်ခြင်းလုပ်ငန်းများအား ဆက်ကြောင်းဖွင့်လှစ်အသုံးပြုနိုင်သည်အထိ ဆောင်ရွက်ပေးရန် လုပ်ငန်းအပ်နှံဆောင်ရွက်လိုပါသဖြင့် ဖိုင်ဘာနှင့်မိုက္ကရို Transmission တည်ဆောက်ရေးလုပ်ငန်း အတွေ့အကြုံရှိသော ကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

စက်ပစ္စည်းများ Site အရောက်ပို့ဆောင်ခြင်း နှင့် တပ်ဆင်ခြင်း

(၁)  စက်ပစ္စည်းများ အားဆိပ်ကမ်း/လေဆိပ်မှထုတ်ယူ၍ MPT ဂိုဒေါင်အရောက်ပို့ဆောင်ခြင်း

(၂) MPT ဂိုဒေါင်မှ စက်ပစ္စည်းများ အား Site အရောက်ပို့ဆောင်ခြင်း

(၃) 4 Legged Self Supporting Tower တပ်ဆင်ခြင်း၊ ဆေးသုတ်ခြင်း၊ Earthing  ပြုလုပ် ခြင်း (၃၀မီတာ၊၄၀မီတာ၊၅၀မီတာ၊၇၀မီတာ၊၁၀၀မီတာ)

(၄) Shelter Installation ပြုလုပ်ရန်။

(၅) Power & Facility Installation

(၆) 1.5 Gigabit Radio Equipment Installation

(၇) STM-1 (SDH) Installation

(၈) Fiber (24 Cores)O/H (45)Km သွယ်တန်းခြင်း။(Concrete Post Design  7M  ,Span 50m) ,  Footing   ပါရမည်။

၂။       တင်ဒါပုံစံများကို ကျပ် ၅၀၀၀၀ိ/-(ကျပ်ငါးသောင်းတိတိ)ဖြင့် (၂၄.၇.၂၀၁၇)ရက်နေ့မှ (၁.၈.၂၀၁၇)ရက်နေ့ထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး တင်ဒါအဆိုပြုလွှာများကို (၂၃.၈.၂၀၁၇) ရက်နေ့ (ပြင်ဆင်ချက်) (၁၄း၀၀) နာရီ တိတိ နောက်ဆုံး ထား၍ ပေးသွင်းရန် ဖြစ်ပါသည်။

၃။      အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ဖော်ပြပါလိပ်စာသို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါသည်။

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ နည်းပညာဌာနကြီး၊

ဆက်သွယ်ရေးနည်းပညာဌာန

အမှတ် (၁၂၅)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

တယ်လီဖုန်းအမှတ်-၀၉-၄၅၀၀၀၀၁၈၁ ၊၀၉-၄၅၀၀၀၀၂၇၅ 

E-mail Address: [email protected]

E-mail Address: [email protected]