×

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်ဆက်သွယ်ရေး အရေအသွေးတိုးတက်ကောင်းမွန်နိုင်ရန်အတွက်အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

08 Nov 2016

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်း၊ Internet၊ ADSL၊ အော်တိုတယ်လီဖုန်း(ကြိုးဖုန်း) ဆက်သွယ်ရေးလုပ်ငန်းများကို ဝန်ဆောင်မှုပေးလျှက်ရှိပြီး ဆက်သွယ်ရေး အရည်အသွေးတိုးတက် ကောင်းမွန်နိုင်ရန်အတွက် အစဉ်ကြိုးပမ်း ဆောင်ရွက်လျှက်ရှိ ပါသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အော်တိုတယ်လီဖုန်း(ကြိုးဖုန်း) သုံးစွဲသူများ၏ အော်တိုတယ်လီ ဖုန်းလိုင်း ချို.ယွင်းမှုများနှင့် ပတ်သက်၍ ရန်ကုန်မြို.ရှိ MPT Call Center (106)သို့ တိုင်ကြားလာသော ချို.ယွင်းတယ်လီဖုန်းလိုင်းများ ပြန်လည်ကောင်းမွန်စေရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အချိန်နှင့်တပြေးညီ ပြုပြင်ဆောင်ရွက်ပေးလျှက်ရှိပါသည်။
ယခုအခါ အော်တိုတယ်လီဖုန်း(ကြိုးဖုန်း) ဆက်သွယ်ရေးစနစ် ပိုမိုကောင်းမွန်လာစေရန်အတွက် သက်တမ်းလွန် အိတ်ချိန်းများအား ခေတ်မီအိတ်ချိန်း(Soft Switch)ဖြင့် အစားထိုးလဲလှယ်ခြင်း၊ ကေဘယ်လိုင်းများ ကြံ့ခိုင်ရေးအတွက် စီမံချက်ရေးဆွဲ၍ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက် ရှိပါသည်။ အော်တိုတယ်လီဖုန်း(ကြိုးဖုန်း) သုံးစွဲသူများအနေဖြင့် တယ်လီဖုန်းလိုင်း ချို.ယွင်း၍ (106) Complaint သို့ တိုက်ရိုက်တိုင်ကြားလာပါက အမြန်ဆုံးကောင်းမွန်ရန်အတွက် ပိုမိုကောင်းမွန် မြန်ဆန်သော စနစ်ကို အသုံးပြု၍ သက်ဆိုင်ရာအိတ်ချိန်း နယ်မြေနှင့် ပြည်နယ်/တိုင်းဒေသကြီးများသို့ MPT Call Center မှ ချက်ခြင်းအကြောင်းကြား၍ အချိန်မီ ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပြည်နယ်/တိုင်း ဒေသကြီးများအသီးသီးရှိ အော်တိုတယ်လီဖုန်း (ကြိုးဖုန်း)သုံးစွဲသူများ အနေဖြင့် တယ်လီဖုန်းလိုင်း ချို.ယွင်းမှုဖြစ်ပေါ်ပါက မိုဘိုင်းဖုန်းများမှလည်းကောင်း၊ ကြိုးဖုန်းများမှ လည်းကောင်း (106)ကို တိုက်ရိုက်နှိပ်၍ တိုင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည်။