
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒုတိယကြီးကြပ်ရေးမှူး ရာထူးစာမေးပွဲဖြေဆိုရန် အကြောင်းကြားခြင်း
13 Oct 2017၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ခေါ်ယူထားသော လစာနှုန်းကျပ် (၁၈၀၀၀ဝ-၂ဝဝဝ-၁၉ဝဝဝဝ) ဒုတိယကြီးကြပ်ရေးမှူး ရာထူးနေရာများအတွက် ရေးဖြေ စာမေးပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ လာရောက် ဖြေဆိုနိုင်ရန် အကြောင်းကြားပါသည်-
(က) ကျင်းပမည့်နေ့ – ( ၂၈-၁၀-၂၀၁၇ ) နှင့် ( ၂၉-၁၀-၂၀၁၇ )
(ခ) အချိန် – နံနက်( ၉) နာရီမှ ညနေ ( ၅ ) နာရီအထိ ( ၉:ဝဝ – ၁၁:ဝဝ ) ( ၁၂:၃ဝ – ၁၄:၃ဝ) ( ၁၅:ဝဝ – ၁၇:ဝဝ )
(ဂ) ဘာသာရပ် – Personality and Behavior Test (၂၈-၁၀-၂၀၁၇) (စနေနေ့) / မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ (၂၉-၁၀-၂၀၁၇) (တနင်္ဂနွေနေ့)
(ဃ) ကျင်းပမည့်နေရာ – အ-ထ-က (၆) ၊ ဗိုလ်တထောင်၊ ရန်ကုန်မြို့
၂။ စာမေးပွဲဖြေဆိုခွင့်ရရှိသူများ၏ ခုံနံပါတ်များအား ( ၂၀ – ၁၀ -၂၀၁၇) ရက်နေ့တွင် ဝန်ကြီးဌာန Website, MPT Website နှင့် Official Facebook Page များတွင် ထုတ်ပြန် ကြေညာထားမည် ဖြစ်ပြီး တယ်လီဖုန်းအမှတ်၊ ၀၁-၂၀၂၆၀၀ ၊ ၀၉-၄၂၃၀၀၆၃၄၈ ၊ ၀၉-၅၀၂၁၀၅၉ သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင်ပါသည်။
၃။ စာမေးပွဲ ဝင်ရောက် ဖြေဆိုမည့်သူများသည် အောက်ပါစာရွက်စာတမ်းများ ယူဆောင်၍ စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို (၂၅-၁၀-၂၀၁၇) ရက်နေ့မှ (၂၇-၁၀-၂၀၁၇) ရက်နေ့အထိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ စီမံရေးရာနှင့် ဥပဒေရေးရာဌာနကြီး၊ လူ့စွမ်းအားအရင်းအမြစ်ဌာန ( အမှတ်၊ ၄၄ / ၁၄၄ ) အောက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့ တွင် လာရောက်ထုတ်ယူရပါမည် –
(က) နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း
(ခ) လျှောက်လွှာနှင့်အတူ ပူးတွဲထားသည့် စာရွက်စာတမ်း (မူရင်း)
၄။ စာမေးပွဲဖြေဆိုမည့်နေ့ရက်တွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း များ ယူဆောင်ရန် ပျက်ကွက်ပါက စာမေးပွဲသို့ ဝင်ရောက် ဖြေဆိုခွင့်ပြုမည် မဟုတ်ကြောင်း အကြောင်း ကြားပါသည်။