×

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒု-ကြီးကြပ်ရေးမှူးရာထူး နေရာများအတွက် လူတွေ့စစ်ဆေးမည့်ရက် ကြေညာခြင်း

12 Jan 2018

၁။            ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ခေါ်ယူ ထားသော လစာနှုန်းကျပ်(၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ဒု-ကြီးကြပ်ရေးမှူး ရာထူး နေရာများ အတွက် စာမေးပွဲအောင်မြင်သူများ၏ အမည်စာရင်းကို(၃-၁-၂၀၁၈)ရက်နေတွင် ထုတ်ပြန်ကြေညာ ထားပြီးဖြစ်ပါသည်။

၂။             လူတွေ့စစ်ဆေးမည့် သူများ၏ အမည်စာရင်း၊ သတင်းပို့ရမည့် ရက်/ အချိန်နှင့် လူတွေ့ စစ်ဆေးမည့် ရက်/ အချိန်စာရင်းတို့ကို (၁၂-၁-၂၀၁၈)ရက်နေ့တွင် ဝန်ကြီးဌာန Website, MPT Website နှင့် Official Facebook Page များတွင် ထုတ်ပြန်ကြေညာထားပါသည်။

၃။      လူတွေ့ဖြေဆိုသူများသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီမံရေးရာနှင့် ဥပဒေရေးရာဌာနကြီး၊ လူ့စွမ်းအားအရင်းအမြစ်ဌာန(အမှတ်၊ ၄၄/ ၁၁၄ )အောက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့တွင် သတင်းပေးပို့ရန်နှင့် ဖြေဆိုရမည် ဖြစ်ပါကြောင်း အကြောင်းကြားပါသည်။

အချိန်ဇယားအသေးစိတ်အား အောက်ပါ Link သို့ နှိပ်၍ Download ပြုလုပ်ပြီး ကြည့်ရှုနိုင်ပါသည်။

https://goo.gl/Tp9KFK