×

ပျော်ရွှင်ကံထူးနှစ်သစ်ကူးအစီအစဉ်၏ နောက်ဆုံးကံထူးရှင်ရွေးချယ်ပွဲကြီးကို Junction Square တွင် ကျင်းပကာ ဆုမဲပေါင်း ၂ သောင်းအား MPT မှ ပေးအပ်သွားမည်

05 Jan 2016

ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဆုမဲပေါင်း ၂ သောင်းပါဝင်မည့် နောက်ဆုံးကံထူးရှင်ရွေးချယ်ပွဲကြီးကို ဇန်နဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ Junction Square ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ကံထူးရှင်ရွေးပွဲတွင် မြန်မာ နိုင်ငံအတွင်း နေထိုင်သူများအားလုံး ပျော်ရွှင်စွာဆင်နွှဲနိုင်ရန်အတွက် နာမည်ကြီးအဆိုတော်များ၏ ဖျော်ဖြေမှုများနှင့် ဆော့ကစားနိုင်သည့် ဂိမ်း အစီအစဉ်များလည်းပါဝင်မည်ဖြစ်ပြီး ဆုမဲပေါင်းများစွာကို ကံထူးနိုင်မည့်အခွင့်အရေးများလည်း ရရှိမည်ဖြစ်သည်။

ကံထူးရှင်ရွေးချယ်သည့်နေ့တွင် လာရောက်ကြည့်ရှုသူ ပရိသတ်များထဲမှ ပရိသတ်တစ်ချို့ကို စင်မြင့်ပေါ်သို့ ဖိတ်ကြားပြီး ကံထူးရှင်ကို ကိုယ်တိုင်ပါဝင်ရွေးချယ်ပေးနိုင်မည်ဖြစ်သည်။ MPT အသုံးပြုသူအားလုံး ကံထူးနိုင်မည့် ဆုမဲများမှာ တိုယိုတာလန်ခရူဇာ ကားသစ် ၁ စီး၊ iPhone 6s ၁၀ လုံး၊ iPad air2 ၁၀ လုံး၊ ဆိုနီ လက်မ ၄၀ တီဗွီ ၁၀ လုံး၊ ၁ ကျပ်သား ရွှေဆွဲကြိုး ၁၁ ကုံး၊ MPT ၅ ထောင်တန် ငွေဖြည့်ကတ်ပေါင်း ၁၉,၉၅၉ ခုတို့ ပါဝင်မည်ဖြစ်သည်။ MRTV-4 မှလည်း ညနေ ၃း၄၅ မှ ၄း၄၅ အထိ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ပြီး ထိုအချိန်အတွင်း လန်ခရူဇာကား ကံထူးရှင် ရွေးချယ်ခြင်းကို ကြည့်ရှုနိုင်မည်ဖြစ်သည်။

ပျော်ရွှင်ကံထူးနှစ်သစ်ကူး အစီအစဉ်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်ခဲ့ပြီး အပတ်စဉ် စနေနေ့တိုင်းတွင် MPT သုံးစွဲသူများအတွက် ဆုပေါင်း ၁ သောင်းစီကို ကံစမ်းပေးခဲ့သည်။ နောက်ဆုံးကံထူးရှင်ရွေးချယ်ပွဲကြီးတွင် ဆုအရေအတွက် ၂ ဆဖြင့် ဆုပေါင်း ၂သောင်း စီကံစမ်းပေးမည်ဖြစ်ပြီး ကံစမ်းမဲကာလအတွင်းစုစုပေါင်း ဆုအရေအတွက် ၇ သောင်းကို ဤပျော်ရွှင်ကံထူးနှစ်သစ်ကူးအစီအစဉ်မှ MPT သုံးစွဲသူ မိဘပြည်သူအားလုံးအတွက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က “ခုလို လူအများစုဝေးတဲ့ Junction Square လိုနေရာမျိုးမှာ ပျော်ရွှင်ကံထူးနှစ်သစ်ကူးအစီအစဉ်ရဲ့ နောက်ဆုံးကံထူးရှင်ရွေးချယ်ပွဲကြီးကို ကျင်းပပြုလုပ်ရင်း ဆုတွေရရှိတဲ့လူတွေရဲ့ အပြုံးကိုမြင်တွေ့ခွင့်ရဖို့အတွက် အရမ်းပဲ ဝမ်းသာစိတ်လှုပ်ရှားမိပါတယ်၊ MPT ဟာ မြန်မာနိုင်ငံအတွင်း နေထိုင်သူများအကြားမှာ အချိန်အကြာကြီးအတူရှိခဲ့ပြီးပါပြီ။ အသုံးပြုသူတွေကလည်း ကျွန်တော်တို့ပေးတဲ့ ဝန်ဆောင်မှုတွေကို အပြည့်အဝ အားပေးသုံးစွဲကြပါတယ်။ ဒီလိုအမြဲအားပေးကြတဲ့ မိဘပြည်သူတွေအတွက် ဆုမဲအစီအစဉ်တွေပြုလုပ်ပေးပြီး နှစ်သစ်မှာ ကံထူးမှုတွေ ပေးခွင့်ရတာကို အရမ်းကျေနပ်ပါတယ်” ဟု ပြောသည်။

ကံစမ်းမဲအစီအစဉ်အစမှ ဇန်နဝါရီ ၇ ရက် အထိ ကံစမ်းမဲကာလ တစ်လျှောက်တွင် သုံးစွဲသူများ ရရှိထားခဲ့သော ကံစမ်းမဲလက်မှတ်များအား ဇန်နဝါရီ ၉ ရက်နေ့တွင် ပြုလုပ်မည့် နောက်ဆုံးကံထူးရှင်ရွေးချယ်ပွဲတွင် ပြန်လည်ထည့်သွင်း ရေတွက်ပေးသွားမည်ဖြစ်သဖြင့် ယခင်ဆုမဲများနှင့် လွဲချော်ခဲ့သူများလည်း ပြန်လည်ကံစမ်းနိုင်ခွင့်ကိုရရှိမည်ဖြစ်သည်။ ကံစမ်းမဲ လက်မှတ် တစ်စောင်မျှ မရရှိသေးသူများလည်း ပါဝင်နိုင်ရန် အချိန်ကျန်ရှိသေးသည်။

ကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်ရန်အတွက် ကံစမ်းမဲလက်မှတ်များကို အောက်ပါနည်းလမ်း ၃ မျိုးဖြင့် ရရှိနိုင်သည်။

  • MPT ငွေဖြည့်ကတ်အသုံးပြုသူများ (GSM/WCDMA နှင့် CDMA) မှ ၃ ထောင်ကျပ်ထက်ပိုသော ငွေဖြည့်ကတ် ဝယ်ယူဖြည့်သွင်းခြင်း သို့မဟုတ် e top-up စနစ်ဖြင့် ဖြည့်သွင်းခြင်း။ ငွေဖြည့်ကတ် များများဖြည့်သွင်းခြင်းဖြင့် လက်မှတ်များများရရှိပြီး ကံထူးရှင်ဖြစ်ရန် အခွင့်အလမ်းပိုမိုရရှိမည်ဖြစ်သည်။ ကျပ် ၁၀၀ ဖိုး ငွေဖြည့်ခြင်းအတွက် လက်မှတ် ၁ စောင်ရရှိမည်ဖြစ်သည်။ ဥပမာ- ငွေဖြည့်ကတ် ၃၀၀၀ တန်ကို ဝယ်ယူဖြည့်ခြင်းဖြင့် ကံစမ်းမဲလက်မှတ် ၃၀ ရရှိမည် ဖြစ်သည်။
  • ၁ မိနစ်ထက်ကျော်သော MPT ဖုန်းအချင်းချင်းခေါ်ဆိုမှုအတွက် လက်မှတ် ၁ စောင် ရရှိမည်ဖြစ်သည်။ MPT ဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုမှု များများပြုလုပ်ခြင်းဖြင့် လက်မှတ်များများရရှိကာ ကံထူးရှင်ဖြစ်ရန် အခွင့်အလမ်း ပိုမိုရရှိနိုင်ပါသည်။ ၁ မိနစ်ကြာဖုန်းခေါ်ဆိုမှုတိုင်းအတွက် ကံစမ်းမဲလက်မှတ် ၁ စောင်ရရှိမည်ဖြစ်သည်။
    MPT ၏ ဆင်မ်းကတ်အသစ်များကို ဝယ်ယူ၍ စတင်အသုံးပြုခြင်းဖြင့်လည်း ကံစမ်းနိုင်ပါသည်။ MPT ဆင်းမ်ကတ်အသစ်ကို ဝယ်ယူအသုံးပြုပါက MPT ၏ ဝန်ဆောင်မှုကို အသုံးပြုခြင်းအတွက် ကြိုဆိုသည့်အနေဖြင့် ကံစမ်းမဲလက်မှတ် အစောင် ၃၀ ရရှိမည်ဖြစ်သည်။
  • MPT GSM/WCDMA အသုံးပြုသူများအနေဖြင့် ကံထူးရှင်ရွေးချယ်ပွဲအစီအစဉ်တစ်လျှောက် ၎င်းတို့ရရှိထားသော ကံစမ်းလက်မှတ်များကို စစ်ဆေးလိုပါက SMS နံပါတ် 3000 သို့ “lucky” ဟုစာတိုပေးပို့ကာ စစ်ဆေးနိုင်ပြီး CDMA အသုံးပြုသူများအနေဖြင့် SMS နံပါတ် 3001 သို့ “lucky” ဟုစာတိုပေးပို့ကာ စစ်ဆေးနိုင်မည်ဖြစ်သည်။

နောက်ဆုံးကံထူးရှင်ရွေးချယ်ပွဲတွင် ကံထူးရှင်တစ်ဦးအား ရွေးချယ်ပြီးသည်နှင့် အစီအစဉ်ကြေညာသူမှ ၄င်း၏မိုဘိုင်းဖုန်းကို ခေါ်ဆိုပေးမည်ဖြစ်သည်။ ဖုန်းခေါ်ဆို၍ မရပါက နောက်ထပ်တစ်ကြိမ်ထပ်မံခေါ်ဆိုပေးမည်ဖြစ်သည်။ ၂ ကြိမ်ခေါ်ဆို၍ မရပါက ထိုဆုမဲရှင်သည် ဆုကို ကံထူးရန်အခွင့်အရေးဆုံးရှုံးမည်ဖြစ်ပြီး ထိုဆုမဲအတွက် အခြားကံထူးရှင်ကို ထပ်မံရွေးချယ်သွား မည်ဖြစ်သည်။ ကံထူးဆုအားလုံးကို ထိုနေ့ရက်တွင် အပြီးသတ်ချီးမြှင့်သွားမည်ဖြစ်သည်။ ကံထူးရှင်ရွေးချယ်ပွဲအစအဆုံး ပြန်လည်ပြသခြင်းကို ထိုနေ့ည ၉ နာရီအချိန်၌ MRTV-4 တွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။ ငွေဖြည့်ကတ် ကံထူးသူများအား ဇန်နဝါရီလ ၁၀ ရက်နေ့ တနင်္ဂနွေနေ့တွင် ဆက်သွယ်အကြောင်းကြားကာ ငွေဖြည့်သွင်းပေးသွားမည် ဖြစ်သည်။

Click here for Terms & Conditions[:]