×

ဘောလုံးချစ်သူများအတွက် အထူးပရိုမိုးရှင်း အစီအစဉ် မှ KIA Picanto ကား ကံထူးရှင် ထွက်ပေါ်လာ

14 Sep 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၄ ရက်) – MPT ၏ “ဘောလုံးချစ်သူများအတွက် အထူးပရိုမိုးရှင်းအစီအစဉ်” ကံထူးရှင်ရွေးချယ်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်နေ့က ကျင်းပခဲ့ပြီး ပြင်ပမှ လွတ်လပ်သော ပုဂ္ဂလိကအဖွဲ့အစည်းဖြစ်သည့် ‘သက်’ စာရင်းစစ်အဖွဲ့နှင့် မီဒီယာအဖွဲ့အစည်းများမှ ကိုယ်စားပြု စာနယ်ဇင်း မီဒီယာများရှေ့တွင် ကံထူးရှင်ကို ရွေးချယ်ခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၂ရက်မှ သြဂုတ်လ ၁၂ ရက်အတွင်း ဘောလုံးစတားဝန်ဆောင်မှုကို ရယူခဲ့ကြသော သုံးစွဲသူများထဲမှ ကံထူးရှင်အား ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ ဘောလုံးစတား အက်ပလီကေးရှင်းမှာ ဘောလုံးချစ်သူများ၏ သည်းခြေကြိုက် ကစားပွဲများကို တစ်နေရာတည်းတွင် အစုံအလင် ရနိုင်သည့် အွန်လိုင်းဝန်ဆောင်မှုဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “MPT က တန်ဖိုးထားရတဲ့ သုံးစွဲသူတွေအတွက် ကျင်းပပေးခဲ့တဲ့ ကံထူးရှင်ရွေးချယ်ပွဲအစီအစဉ်ကနေ ကံထူးရှင်ကို ကြေညာနိုင်ခဲ့ပြီဖြစ်လို့ အရမ်းဝမ်းမြောက်မိပါတယ်။ အထူးပရိုမိုးရှင်းအစီအစဉ်မှာပါဝင်ခဲ့ကြတဲ့ ဘောလုံးစတားသုံးစွဲသူတွေကို ပြန်လည်ကျေးဇူးဆပ်နိုင်ဖို့ အခွင့်အရေးတစ်ခုလို့ မှတ်ယူမိပါတယ်။ ကံထူးရှင်ဆုကို ပိုင်ဆိုင်သွားတဲ့ ကံထူးရှင်အတွက်လည်း အထူးပဲဂုဏ်ယူပါတယ်။ “ဘောလုံးချစ်သူများအတွက် အထူးပရိုမိုးရှင်းအစီအစဉ်” ကနေ ဆုကြီးနဲ့ လွဲချော်ခဲ့ရတဲ့ သုံးစွဲသူတွေအတွက်လည်း ကျွန်တော်တို့ရဲ့ Facebook Page မှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ အစီအစဉ်သစ်တွေကိုလည်း ဝင်ရောက်ကြည့်ရှု၊ စောင့်ကြည့်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။”ဟု ပြောကြားခဲ့သည်။
ထွဋ်ကုမ္ဗဏီ မှ မန်နေဂျင်းဒါရိုက်တာ ဦးဝေဖြိုးထွဋ်က “ဘောလုံးစတား ကံထူးရှင်ရွေးချယ်ပွဲကနေ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ ပျော်ရွှင်စေမယ်ဆိုတာ ယုံကြည်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ မာတိကာ၊ အသွင်အပြင်တွေနဲ့ အဆင့်မြှင့်ထားတဲ့ ဘောလုံးစတားမိုဘိုင်းလ်အက်ပလီကေးရှင်းကို သုံးစွဲသူတွေဆီ ပေးအပ်နိုင်ပြီဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဘောလုံးစတားအက်ပလီကေးရှင်းကို မြန်မာနိုင်ငံရဲ့နံပါတ်တစ် ဘောလုံးအက်ပလီကေးရှင်းဖြစ်အောင် MPT နဲ့အတူ ကြိုးစားဆောင်ရွက်နေပါတယ်။ ဘောလုံးချစ်သူတွေအတွက် အကောင်းဆုံးဝန်ဆောင်မှု၊ တန်ဖိုးရှိပြီး ဆွဲဆောင်နိုင်တဲ့ ပရိုးမိုးရှင်းတွေလို ပိုမို ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

Android သုံးစွဲသူများအနေဖြင့် လိုတရ Portal (http://bs.lotayamm.com/)မှဖြစ်စေ၊ Google Play Store တွင်ဖြစ်စေ၊ 8118 ကို DL ဟု SMS ပေးပို့၍ဖြစ်စေ ဘောလုံးစတား အက်ပလီကေးရှင်းကို ဒေါင်းလုပ် ရယူနိုင်မည်ဖြစ်သည်။ အဆင့်မြှင့်တင်ထားသည့် ဗားရှင်း 3.0 တွင် အဓိက နိုင်ငံတကာလိဂ် ပွဲစဉ် ၅ ခု (Premier League, Seire A, Laliga, Bundesliga and Ligue 1) ၊ တိုက်ရိုက်ထုတ်လွှင့်သည့် ပွဲစဉ်များ၊ ပွဲစဉ်ဇယား နှင့် ပွဲကြိုခန့်မှန်းချက်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို သုံးစွဲသူများ ရယူ နိုင်မည်ဖြစ်သည်။ ဆန်းသစ်ထားသည့် အသွင်အပြင်ကြောင့် သုံးစွဲသူများမှာ ဗီဒီယို၊ ကစားကွက်၊ အချိန်ဇယား၊ ရှုံး/ထွက် ပွဲပယ်များနှင့် ဒဏ်ရာရ နောက်ဆုံးသတင်းများ၊ တိုက်ရိုက်ဂိုးရလဒ်များကဲ့သို့ သီးသန့် အကြောင်းအရာများကို ရယူကြည့်ရှုနိုင်မည်ဖြစ်သည်။

ဘောလုံးစတား အက်ပလီကေးရှင်း၏ ဗားရှင်းအသစ်

ဘောလုံးစတားအက်ပလီကေးရှင်းနှင့် ပတ်သက်၍ အချက်အလက်များ ပိုမိုသိရှိလိုပါက သုံးစွဲသူများအနေဖြင့် MPT Call Center ၁၀၆ သို့ ခေါ်ဆို၍ ဖြစ်စေ ၊ Customer Service Team ဖုန်းနံပါတ် ၀၉ ၄၅၅၅ ၀၀၄၄၀ သို့မဟုတ် ၀၉ ၄၅၅၅ ၀၀၈၈၀ ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။