×

ဘောလုံးပရိသတ်များအတွက် မြန်မာနေရှင်နယ်လိဂ်အသင်းများပါဝင်သည့်ငွေဖြည့်ကဒ်များ MPT က စတင်ထုတ်လုပ်

08 May 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ မေလ ၇ ရက်)- မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT သည် ၂၀၁၈ ခုနှစ် ဘောလုံးရာသီအတွက် နာမည်ကြီး ဘောလုံးသမားများ၏ ဓာတ်ပုံများပါဝင်သော ဖုန်းငွေဖြည့်ကတ်အသစ်များကို အထူးအစီအစဉ်တစ်ရပ်အဖြစ် ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ MPT အနေဖြင့် မြန်မာ့ဘောလုံးအားကစား တိုးတက်မှုအတွက် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် အထောက်အပံ့ပြု ဆောင်ရွက်နေသည့်အပြင် MPT သုံးစွဲသူများအနေဖြင့်လည်း မိမိတို့ကြိုက်နှစ်သက်သော
ဘောလုံးသမားပုံများကို ဂုဏ်ယူစွာသိမ်းဆည်းပြီး မြန်မာ့ဘောလုံးအားကစားကို အားပေးနိုင်တော့မည်ဖြစ်ပါသည်။

၂၀၁၈ ပွဲစဉ်များအတွက် မတူညီသော ကလပ်အသင်း ၁၂ သင်းမှ မြန်မာနေရှင်နယ်လိဂ် ဘောလုံးသမား ၃ ဦး၏ရုပ်ပုံပါဝင်သည့် ငွေဖြည့်ကတ် ၁၂ မျိုးကို ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ၅၀၀၀ကျပ်တန် အထူးထုတ် ငွေဖြည့်ကဒ်များကို ဘောလုံးပြိုင်ပွဲများရှိရာ ကစားကွင်းများ၊ MPT အမှတ်တံဆိပ်စတိုးဆိုင်များ၊ MPT ငွေဖြည့်ကတ် ရောင်းချသည့် ဆိုင်များတွင် ဝယ်ယူနိုင်မည် ဖြစ်သည်။ ယင်းငွေဖြည့်ကတ်များကို တိုင်းနှင့်ပြည်နယ် အသီးသီးတွင် စတင်ဖြန့်ဖြူးရောင်းချလျက်ရှိပြီး မကြာမီကာလအတွင်း နေရာဒေသအစုံတွင် ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ဘောလုံးအားကစားက မြန်မာနိုင်ငံရဲ့ နံပါတ် ၁ အားကစားဖြစ်သလို မြန်မာလူမျိုးတိုင်းကလည်း ဘောလုံးအားကစားကိုနှစ်သက်ကြပါတယ်။ ကျွန်တော်အနေနဲ့ MPT သုံးစွဲသူများနဲ့ MNL ပရိသတ်တွေအတွက် ရည်ရွယ်ပြီး အထူးထုတ်လုပ်ထားတဲ့ ငွေဖြည့်ကတ်ကို မိတ်ဆက်ပေးခွင့်ရလို့ တကယ်ပဲဝမ်းသာပျော်ရွှင်မိပါတယ်။ ရှေ့ သို့ လှမ်းချီမြန်မာပြည်ဆိုတဲ့ MPT ရဲ့ဦးတည်ချက်အတိုင်း မြန်မာ့ဘောလုံးအားကစား တိုးတက်ဖို့ ဖြစ်မြောက်နိုင်မယ့်နည်းလမ်းတွေနဲ့ အတတ်နိုင်ဆုံး ကူညီပေးခွင့်ရလို့ အရမ်းလည်း ဂုဏ်ယူမိပါတယ်။ မြန်မာနေရှင်နယ်လိဂ်ပရိသတ်တွေအနေနဲ့ မိမိနှစ်သက်တဲ့ ဘောလုံးသမားပုံပါတဲ့ ငွေဖြည့်ကဒ်အသစ်တွေကို ဘောလုံးကွင်းနဲ့ နီးစပ်ရာ MPT အရောင်းဆိုင်တွေမှာ အားပေးနိုင်ပါပြီ” ဟု ပြောကြား ခဲ့သည်။

MPT အနေဖြင့် မြန်မာနိုင်ငံအတွင်း ဘောလုံးအားကစားကို အားပေးအားမြှောက်ပြုရန် စိတ်အားထက်သန်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ်တွင် MPT သည် မြန်မာနေရှင်နယ်လိဂ်၏ အဓိကမိတ်ဖက်အဖြစ်ပါဝင်ခဲ့ပြီး မျိုးဆက်သစ်ဘောလုံး အားကစားသမားများအကြား ဘောလုံးစွမ်းရည်ပိုမိုကျွမ်းကျင်မှုရှိလာစေရန် အားသွန်ခွန်စိုက်ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် တက္ကသိုလ်များရှိ ကျောင်းသူ/ကျောင်းသား လူငယ်အားကစားသမားများအတွက် နိုင်ငံအနှံ့ ပြိုင်ပွဲများကိုစီစဉ်ပေးပြီး ယခုထက်ပိုမို
ကောင်းမွန်သည့် ပတ်ဝန်းကျင်ရှိသော အဆင့်မီ အားကစားကွင်းများတွင် ယောင်္ကျားလေးရော မိန်းကလေးပါမကျန် ကစားနိုင်မည့် အခွင့်အလမ်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုအစီအစဉ်သည် မြန်မာ့လူငယ်များအတွက် ပိုမိုကောင်းမွန်တောက်ပသည့် အနာဂတ်နှင့် ကျန်းမာကြံ့ခိုင်သည့် ဘဝကို ရရှိစေရန် MPT က အားထုတ် ဆောင်ရွက်နေသည့် အစီအစဉ်တစ်ရပ်ဖြစ်ကာ နှလုံးသားထဲကမြန်မာဟူသည့် အတိုင်း မြန်မာနိုင်ငံနှင့် MPT သုံးစွဲသူ ပြည်သူများအတွက် အကျိုးအမြတ်ကောင်းများကို ဖော်ဆောင်ပေးမည် ဟူသောကတိကဝတ်ကို အားဖြည့် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ဒေသလည်း ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက MPT၏ တရားဝင် Facebook Page facebook.com/mptofficialpage သို့မဟုတ် MPT ဖုန်းနံပါတ်ဖြင့် ၁၀၆ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။