×

မကြာခင်ကျင်းပမည့် မြန်မာဆိုက်ဘာဆီးဂိမ်းပြိုင်ပွဲတွင် MPT မှ Diamond စပွန်ဆာအဖြစ်ဆောင်ရွက်မည်

08 Oct 2015

[:my]မန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT မှ မြန်မာ့အိုင်တီလူငယ်များအတွက်စိတ်လှုပ်ရှားစရာအစီအစဉ်တွင်ပူးပေါင်းကူညီမည်

ရန်ကုန်၊ မြန်မာ။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၈ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် မကြာခင်ပြုလုပ်မည့် မြန်မာဆိုက်ဘာဆီးဂိမ်းပြိုင်ပွဲတွင် Diamond စပွန်ဆာအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

ပြိုင်ပွဲ၏ ပထမအဆင့်ကို ရန်ကုန်မြို့ MICT Park (Conference Hall) ၌ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် အသင်းဝင် ၃ ယောက်စီပါဝင်သော အသင်း ၁၀ သင်းက ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပထမ၊ ဒုတိယ၊ တတိယဆုများကို ဂျပန်ဒိုင်လူကြီးများမှ အကဲဖြတ်ပေးမည်ဖြစ်ပြီး အနိုင်ရရှိသော အသင်းက ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် Japan-ASEAN Cyber SEA Games သို့ တဆင့်တက်လှမ်းကာ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

“ဒီပွဲက မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ ဆိုက်ဘာဆီးဂိမ်းပွဲဖြစ်ပါတယ်။ ဒီပွဲမှာ sponsor ပေးရတဲ့ ရည်ရွယ်ချက်ကတော့ MPT အနေနဲ့ လူငယ်တွေရဲ့ နည်းပညာဗဟုသုတတွေ ပိုမိုတိုးတက်လာဖို့နဲ့ ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်တဲ့ စွမ်းရည်တွေပိုမိုလုံလောက်ဖွံ့ဖြိုးလာဖို့ ကြိုးပမ်းတဲ့နေရာမှာ ကူညီပံ့ပိုးချင်တာကြောင့်ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ နည်းပညာနဲ့ အိုင်တီပိုင်းဆိုင်ရာ ဗဟုသုတတွေ ပိုမိုတိုးတက်လာအောင် ထောက်ပံ့ကူညီခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ သဘောထားကို ဒီပွဲမှာပြသလိုက်တာပါပဲ” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase ကပြောသည်။

ယခုကျင်းပမည့် ဆိုက်ဘာဆီးဂိမ်းပွဲကို Forensics, Reverse Engineering, CND (Computer Network Defense Hardening), and Pentest အသုံးပြုသူများအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်လိုသူများသည် အသက် ၃၀ နှစ်အောက်ဖြစ်ရမည်ဖြစ်ပြီး အခြေခံ IT/system engineering တတ်ကျွမ်းနားလည်သူဖြစ်ရမည်။ လက်ရှိ National CERT အသင်း အဖွဲ့ဝင်/ ဝန်ထမ်း သို့မဟုတ် လက်ရှိတွင် ဆိုက်ဘာလုံခြုံရေးဥပဒေအတွက် အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် အဆိုပါပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်မဟုတ်ပါ။

ဆုကြေးငွေများအနေဖြင့် ပထမဆု ၅ သိန်းကျပ်၊ ဒုတိယဆု ၃ သိန်းကျပ်နှင့် တတိယဆု ၂ သိန်းကျပ်တို့ကို အသီးသီးချီးမြှင့်သွားမည်ဖြစ်သည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ရွေးချယ်ခံရသော အသင်းသည် ဂျပန်-အာဆီယံ ပူးပေါင်းအဖွဲ့၏ ရံပုံငွေဖြင့် ဂျပန်သို့ ဖိတ်ခေါ်ခြင်း ခံရမည်ဖြစ်သည်။

ဤဆိုက်ဘာဆီးဂိမ်းပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် လျှောက်လွှာများကို www.mcfmyanmar.org/images/pdf/cyber-sea-game-entry-form.pdf တွင်ရယူ၍ဖြစ်စေ ဝက်ဘ်ဆိုက်တွင် လျှောက်ထား၍ဖြစ်စေ ပါဝင်နိုင်သည်။ အသေးစိတ်သိရှိလိုသည်များကိုwww.mcfmyanmar.org/images/pdf/cyber-sea-game-rules-and-details.pdf တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်သည်။[:]