×

မကွေးတိုင်း ရေနံချောင်း စက်မှုဇုန် အိတ်ချိန်းရှိ အော်တိုတယ်လီဖုန်းနံပါတ်များ အား ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲမည်

14 Jun 2016

ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ ခုနှစ် ဇွန်လ ၁၄ ရက် – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများကိုပေးနိုင်ရန် မကွေးတိုင်း ရေနံချောင်းစက်မှုဇုံအိတ်ချိန်းနယ်မြေအ တွင်း အော်တိုတယ်လီဖုန်းနံပါတ်များအား ခေတ်မီအိတ်ချိန်းစက် များနှင့်ပြောင်းလဲမည်ဖြစ်ပါသည်။ ပြောင်းလဲမည့်နေ့ရက်နှင့် တယ်လီဖုန်းနံပါတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဧရိယာ လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ် အသစ်ပြောင်းလဲမည့် ဖုန်းနံပါတ် နေ့စွဲ
ရေနံချောင်းစက်မှုဇုံ အိတ်ချိန်း ဧရိယာ(ရေနံချောင်းမြို့နယ်၊ မကွေးတိုင်း) ၀၆၀-၃၀-xxx ၀၆၀-၈၈၀-၀-xxx ဇူလိုင်လ ၁ရက်၊ ၂၀၁၆

အဆိုပါ နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် MPT မှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများအနေဖြင့် ဆက်သွယ်မှု အဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ၂၀၁ရခုနှစ် ဇူလိုင်လကုန်အထိ အခမဲ့ ပေးထားမည်ဖြစ်ပါသည်။