×

မန္တလေး CDMA ဖုန်းနံပါတ်များ ပြောင်းလဲမည်

27 Jun 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် ဇွန်လ ၂၇ ရက်) – MPT သည် ပြောင်းလဲနေသောဆက်သွယ်ရေးကဏ္ဍ နှင့်အတူ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးစွမ်းနို်င်ရန်အတွက် ဖုန်းနံပါတ်အချို့ကို ယနေ့နောက်ဆုံးပေါ် အဆင့်မြှင့်နည်းပညာများဖြင့် ပြုပြင်ပြောင်းလဲ လုပ်ဆောင်ပေးလျက်ရှိပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ လိုအပ်ချက်အရ ၀၉၆xxxxxx နှင့်စသော နံပါတ်များအား ၀၉၈၉၆xxxxxx နံပါတ်များအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပါသည်။ အဆိုနံပါတ်များပြောင်းလဲခြင်းကို ဇွန်လ ၂၉ ရက်နေ့ သန်းခေါင်ယံမှ ဇွန်လ ၃၀ ရက်နေ့ နံနက်အစောပိုင်း အတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြောင်းလဲမည့် အဆိုပါ နံပါတ်အသစ် နှင့် လက်ရှိနံပါတ်အဟောင်း နှစ်ခုစလုံးကို (၂၀၁၇ ဇူလိုင်လ မှ စက်တင် ဘာလ ကုန်အထိ) သုံးလတာ ကြားကာလ ခေါ်ဆိုအသုံးပြုနိုင်မည် ဖြစ်ပါသည်။ သတ်မှတ်ထားသောကာလ ပြီးဆုံးပါက ၀၉၆xxxxxx နှင့်စသောနံပါတ်အဟောင်းများကို ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနသို့ ပြန်လည် ပေးအပ်သွားမည်ဖြစ်ပါသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလ အကုန်တွင် ၀၉၆xxxxxx နံပါတ်အဟောင်းများကို ကိုင်ဆောင်ထားသော သုံစွဲသူများအနေဖြင့် ၎င်းတို့၏ ဆင်းမ်ကတ်အဟောင်းများကို အသုံးပြုနိုင်တော့မည်မဟုတ်ပါ။

အဆိုပါနံပါတ်များပြောင်းလဲရာတွင် ၀၉၆xxxxxx နှင့်စသည့် နံပါတ်များအသုံးပြုနေသူအနည်းငယ် အပေါ်တွင် သက်ရောက်မှုရှိမည် ဖြစ်ပြီး အခြေခံ ဝန်ဆောင်မှုများဖြစ်သော ဖုန်း အဝင်၊အထွက်ခေါ်ဆိုမှုများ နှင့် စာတို SMS (ပေးပို့ခြင်းနှင့် လက်ခံခြင်း)များ၊ ဖုန်းငွေဖြည့်သွင်းခြင်းများ ၊ ဖုန်းငွေလက်ကျန်စစ်ဆေးခြင်းများ ကို ဇွန်လ ၃၀ ရက်နေ့ နံနက် ၀၀:၀၀ နာရီ မှ နံနက် ၁:၃၀ အတွင်း ခေတ္တအသုံးပြု၍မရနိုင်ပါ။

ထို့ပြင် ဇွန်လ ၂၉ ရက်နေ့ ည ၁၀ နာရီမှ ဇွန်လ ၃၀ ရက်နေ့ နံနက် ၂:၃၀ နာရီ အတွင်း ၀၉၆xxxxxx နှင့် ၀၉၄၇xxxxxx နှင့် စသော CDMA 450 သုံးစွဲသူများအနေဖြင့် ခေါ်သူနားဆင်တေးသံစဉ် ဝန်ဆောင်မှု၊ Call Waiting နှင့် Call Forwarding အစရှိသည့် ဝန်ဆောင်မှုများကို အသုံးပြုရာတွင် အခက်အခဲအနည်းငယ်ရှိမည်ဖြစ်ပါသည်။

အောက်ဖော်ပြပါ ဇယားကွက်တွင် ပြောင်းလဲမည့်နံပါတ်များ ကိုရှင်းလင်းသေချာစေရန် ဖော်ပြထားပါသည်။

အမျိုးအစား နိုင်ငံကုဒ် ဧရိယာကုဒ် လက်ရှိနံပါတ်များ ပြောင်းလဲမည့်နံပါတ်များ
နံပါတ်များ အရေအတွက် နံပါတ်များ အရေအတွက်
 

CDMA 450 MHZ

 

 

၉၅

 

 

၆၃xxxxx 7လုံး ၈၉၆၃xxxxx 9လုံး
၆၄xxxxx 7လုံး ၈၉၅၄xxxxx 9လုံး
၆၅xxxxx 7လုံး ၈၉၆၅xxxxx 9လုံး
၆၆xxxxx 7လုံး ၈၉၆၆xxxxx 9လုံး
၆၇xxxxx 7လုံး ၈၉၆၇xxxxx 9လုံး
၆၈xxxxx 7လုံး ၈၉၆၈xxxxx 9လုံး