×

မဟာမိုဘိုင်းလ် အက်ပလီကေးရှင်းနှင့် ပူးပေါင်းထားသည့် ပထမဦးဆုံးသော ဒေတာပက်ကေ့ခ်ျ ကို MPT က မိတ်ဆက်

01 Nov 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် ထူးခြားဆန်းသစ်သည့် Mahar Data Pack ကို မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ အထူး ဒေတာပက်ကေ့ခ်ျမှာ
မဟာမိုဘိုင်းလ် အက်ပလီကေးရှင်းတွင်ပါဝင်သည့် မြန်မာရုပ်ရှင်ဇာတ်ကားအားလုံးကို စာရင်းသွင်းခ ထပ်ဆောင်း ပေးသွင်းရန် မလိုဘဲ ကြည့်ရှုနိုင်မည့် ဝန်ဆောင်မှုဖြစ်သည်။ ၅၉၉ ကျပ်ဖြင့် 570 MB ပါဝင်သော Mahar Data Pack ကိုဝယ်ယူခြင်းဖြင့် ခိုးဆိုးလုနှိုက်(၂)တောကျီးကန်း၊ ရွှေကြာ နှင့် Special 9 စသည့် နာမည်ကြီးရုပ်ရှင်ဇာတ်ကားများကို တစ်ပတ်စာ စာရင်းသွင်းခ ပေးသွင်းရန်မလိုဘဲ ကြည့်ရှုနိုင်မည်ဖြစ်သည်။

မဟာမိုဘိုင်းလ် အက်ပလီကေးရှင်းကို ၂၀၁၈ ခုနှစ်တွင် ကြည့်သလောက် ကျသင့်သည့်(Pay Par View) အစီအစဉ်ဖြင့် စတင်မိတ်ဆက်ခဲ့ပြီး မြန်မာရုပ်ရှင် ချစ်သူများအနေဖြင့် အမျိုးမျိုးသော ဟာသ၊ ဒရမ်မာ၊ အချစ်အလွမ်း၊ အက်ရှင်နှင့် သည်းထိတ်ရင်ဖိုစသည့် ရုပ်ရှင်များကို မဟာမိုဘိုင်းလ် အက်ပလီကေးရှင်းမှ တစ်ဆင့် ကြည့်ရှုခံစားနေနိုင်ပြီ ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ရုပ်ရှင်နှင့် ဗွီဒီယိုများကို အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုနိုင်မည် ဖြစ်သည့်အပြင် ရုပ်ရှင်ဇာတ်ကားများအား ဒေါင်းလုတ်ပြုလုပ်ထားပြီး ၇ ရက်အတွင်း ပြန်လည် ကြည့်ရှုနိုင်မည်ဖြစ်သည်။

“ရုပ်ရှင်ဇာတ်ကားကောင်း စုစည်းမှုအားလုံးကို အလွယ်တကူကြည့်ရူနိုင်တဲ့ မဟာမိုဘိုင်းလ် အက်ပလီကေးရှင်း ကနေတစ်ဆင့် မြန်မာနိုင်ငံရဲ့ အနုပညာဖန်တီးမှုကို ထောက်ပံ့ကူညီနိုင်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ အလွန်ပဲ အားရကျေနပ်မိပါတယ်။ ကျွန်တော်တို့ MPT အနေနဲ့ မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာရှိတဲ့ ပရိသတ်တွေအတွက် ပထဝီအနေအထားအမျိုးမျိုးနဲ့ ယဉ်ကျေးမှုအမျိုးမျိုးကို တံတားအဖြစ် ပေါင်းကူးပေးထားတဲ့ ဖျော်ဖြေတင်ဆက်မှုပုံစံမျိုးစုံကို ယူဆောင်လာမယ်လို့ ကတိပြုပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှု အသစ်ဖြစ်တဲ့ (၇) ရက်စာ Mahar Data Pack နဲ့ ဆိုရင် မြန်မာ့ရုပ်ရှင်ချစ် ပရိသတ်တွေဟာ သူတို့ရဲ့ အကြိုက်ဆုံး သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ရိုက်ကူးသူတွေရဲ့ ဖန်တီးမှုတွေကို စိတ်ကြိုက်ကြည့်ရှုခံစားနိုင်မှာပါ။ ဒါ့အပြင် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေရရှိဖို့အတွက် Mahar Data 570 MB ကို ထည့်သွင်းထားပါတယ်။” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြားခဲ့သည်။

မဟာမိုဘိုင်းလ် အက်ပလီကေးရှင်းကို Google® Play Store ၊ MPT ဝက်ဘ်ဆိုက် နှင့် လိုတရပေါ်တယ်တို့တွင် ဒေါင်းလုတ် ပြုလုပ်၍ ရယူနိုင်မည် ဖြစ်သည်။ *8004# သို့ ခေါ်ဆို၍ Mahar Data Pack ကို ဝယ်ယူနိုင်ပြီး ရယူသုံးစွဲသူများအနေဖြင့်လည်း အထူးအသုံးပြုခွင့် (Premium Access) အတွက် Mahar လင့်ခ် ပါဝင်သည့် စာတို (SMS) တစ်စောင်ကို လက်ခံ ရရှိမည်ဖြစ်သည်။