×

မိုဘိုင်းဖုန်းအသုံးပြုသူများ လုံခြုံစွာနှင့်အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် mobile seminar များကို တနိုင်ငံလုံးအနှံ့ MPT မှ ပြုလုပ်သွားမည်

02 May 2016

(ရန်ကုန်။ ၂၀၁၆ ခုနှစ် မေလ ၂ ရက်) — မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ ဖေဖော်ဝါရီလတွင်ပြုလုပ်ခဲ့သော မိုဘိုင်းဖုန်းပညာဆွေးနွေးပွဲများ၏ အောင်မြင်မှုကြောင့် ယခုအခါတွင် ဆွေးနွေးပွဲများကို တနိုင်ငံလုံးအနှံ့တွင်ပြုလုပ်သွားကာ သုံးစွဲသူပေါင်း ၂၃,၀၀၀ ကို ရည်ရွယ်ဦးတည်လျက်ရှိကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။ ၂၀၁၆ ခုနှစ် မေလ ၁၆ ရက်နေ့မှ ဇူလိုင် ၁၇ ရက်အတွင်း မြို့နယ်ပေါင်း ၆၇ ခုတွင် စမတ်ဖုန်းများအသုံးပြုပုံနှင့် အင်တာနက်ကိုလုံခြုံစွာအသုံးပြုနိုင်ရန် ဦးတည် ရည်ရွယ်၍ ဆွေးနွေးပွဲများကိုပြုလုပ်သွားမည်ဖြစ်သည်။

အခမဲ့တက်ရောက်ခွင့်ရမည့် ဤပညာပေးဆွေးနွေးပွဲများကို မြန်မာတနိုင်ငံလုံးရှိ MPT အမှတ်တံဆိပ် သီးသန့်အရောင်းဆိုင်များတွင် ပြုလုပ်သွားမည်ဖြစ်ပြီး အထက်တန်းကျောင်းများ၊ တက္ကသိုလ်များနှင့် စက်ရုံအလုပ်ရုံများမှ ပညာပေးဆွေးနွေးပွဲများ ပြုလုပ်လိုကြောင်း တရားဝင်ဆက်သွယ်လာပါကလည်း ထိုနေရာများတွင် SPOT မိုဘိုင်းဆွေးနွေးပွဲများ စီစဉ်ကျင်းပသွားမည်ဖြစ်သည်။ ဆွေးနွေးပွဲပြုလုပ်ပေးစေလိုသူများအနေဖြင့် www.mpt.com.mm ဝက်ဆိုက်သို့သွားရောက်ကာ လျှောက်လွှာဖောင်ကို ဒေါင်းလုဒ်ရယူ ရမည်ဖြစ်ပြီး ထိုဖောင်ကိုဖြည့်သွင်း၍ အီးမေးလ်လိပ်စာ [email protected] သို့ ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။ MPT ၏ Customer Care ဌာနမှ လျှောက်ထားသူထံသို့ ပညာပေးဆွေးနွေးပွဲပြုလုပ်မည့် နေ့ရက်နှင့် အချိန်နေရာအသေးစိတ်များကို အတည်ပြုပြန်လည် အကြောင်းကြားမည်ဖြစ်သည်။

ဆွေးနွေးပွဲများတွင် MPT မှဟောပြောပေးသူများက သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ စမတ်ဖုန်းများကို ပိုမို အကျိုးရှိစွာ အသုံးပြုနိုင်ရန်နှင့် လုံခြုံစိတ်ချမှုအပြည့်ဖြင့် အသုံးဝင်သည့်နေရာတိုင်းတွင် အသုံးချနိုင်ရန်ရှင်းလင်းပြောကြား သွားမည် ဖြစ်သည်။

မြန်မာလူမျိုးတို့၏ ဘဝကိုမြှင့်တင်ပေးမည်ဟူသည့် MPT ၏ ခံယူချက်နှင့်အညီ MPT မှ စမတ်ဖုန်းများ၏ အသုံးဝင် ပုံများ၊ စမတ်ဖုန်းကို လွဲမှားစွာအသုံးပြုပါက ဖြစ်ပေါ်လာနိုင်သောပြဿနာရပ်များနှင့် MPT ၏ ဝန်ဆောင်မှုများအား အကောင်းဆုံးအသုံးပြုပုံများကို ရှင်းလင်းပြောကြားပေးမည်ဖြစ်သည်။ ထို့ပြင် မိုဘိုင်းဒေတာအသုံးပြုမှုများကို မည်သို့ ထိန်းချုပ်ရမည်၊ မရည်ရွယ်ဘဲ အသုံးပြုမှုမရှိစေရန် မည်သို့ပြုလုပ်ရမည် စသည့်အကြံပေးချက်များကိုလည်း ထည့်သွင်းပြောကြားမည်ဖြစ်သည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က “စမတ်ဖုန်းတွေ ရောင်းချရမှုဟာ မြင့်တက်လာပြီး ဖုန်းနဲ့အင်တာနက်အသုံးပြုမှုဟာလည်း ပိုမိုများပြားလာတဲ့အတွက် MPT အနေနဲ့ သုံးစွဲသူတွေကို အင်တာနက်လုံခြုံရေးနဲ့ ပတ်သက်ပြီး ပိုမိုသိရှိနားလည်လာစေဖို့ လိုလားပါတယ်၊ ဒါကြောင့်လည်း ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေက တိုက်ရိုက်တောင်းဆိုလာတဲ့ ဒီမိုဘိုင်းအသိပညာပေးဆွေးနွေးပွဲတွေကို ထပ်ပြီး တိုးချဲ့စတင်လိုက်ဖို့ ဆုံးဖြတ်ခဲ့တာပါ၊ ဒီဆွေးနွေးပွဲတွေကို တနိုင်ငံလုံးအနှံ့လုပ်ဆောင်ခြင်းအားဖြင့် MPT အနေနဲ့ ပိုမို များပြားတဲ့သုံးစွဲသူတွေနဲ့ ထိတွေ့နိုင်လာပြီး ဖုန်းတွေဘယ်လိုအသုံးပြုရမယ်၊ အင်တာနက်လုံခြုံရေးတွေဘယ်လိုရှိတယ် ဆိုတာတွေ ရှင်းပြရင်း ကျွန်တော်တို့ ပေးထားတဲ့ ဝန်ဆောင်မှုတွေကို ဘယ်လိုအကောင်းဆုံးသုံးမလဲဆိုတာပါ မျှဝေနိုင်လာမှာဖြစ်ပါတယ်” ဟု ပြောသည်။

ယခုနှစ် အစောပိုင်းက ပြုလုပ်ခဲ့သော MPT ၏ မိုဘိုင်းဆွေးနွေးပွဲများမှ သုံးစွဲသူ ခုနှစ်ထောင် ကျော်အား အသိပညာများမျှဝေခဲ့ကြသည်။ ဖေဖော်ဝါရီနှင့် မတ်လတွင် MPT မှ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၂၈ ခုတွင် ဆွေးနွေးပွဲပေါင်း ၅၆ ခု ပြုလုပ်ပေးခဲ့သည်။ ဆွေးနွေးပွဲများကို ဒေသခံ ကျောင်းများ၊ တက္ကသိုလ်များနှင့် စက်မှုဇုံများတွင် ပြုလုပ်ခဲ့ကာ MPT အဖွဲ့သားများမှ အကြံဉာဏ်များနှင့် နည်းစနစ်များကို ဝေမျှခဲ့ခြင်းဖြစ်သည်။

ယခုအခါတွင် MPT မှ အောက်ပါတိုင်းဒေသကြီးများရှိ မြို့နယ် ၆၇ ခုတွင် မိုဘိုင်းဆွေးနွေးပွဲများပြုလုပ်ရန် စီစဉ်ထားရှိသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှာ – ပဲခူး၊ ချင်း၊ ကချင်၊ ကရင်၊ မကွေး၊ နေပြည်တော်၊ မွန်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်အရှေ့ပိုင်း၊ တနင်္သာရီနှင့် ရန်ကုန် တိုင်းဒေသကြီးတို့ ဖြစ်ကြသည်။

MPT Mobile Seminar ကျင်းပရန် လိုအပ်ချက်များ

သင်၏ကျောင်း၊ ဌာန၊ အလုပ်ရုံတွင် MPT Mobile Seminar ဆွေးနွေးပွဲကို ကျင်းပနိုင်ရန် အောက်ဖော်ပြပါအချက်များနှင့် ကိုက်ညီရန် လိုအပ်ပါသည်။ MPT၏ဆွေးနွေးပွဲကိုလက်ခံပြုလုပ်ရန် အဆင့်သင့်ဖြစ်ပါက ဆွေးနွေးပွဲတောင်းခံလွှာကို တင်သွင်းပါ။ 


ဆွေးနွေးပွဲကြာမြင့်ချိန်                       – ၁ နာရီခွဲ

ဆွေးနွေးပွဲ ဝန်ဆောင်ခ               – အခမဲ ့

တက်ရောက်မည့်သူ                                 – အနည်းဆုံး ၁၀၀

ဆွေးနွေးပွဲအတွက်လိုအပ်သည့်အရာများ                     – ကျင်းပလိုသူမှ သင့်လျော်သော ခန်းမ၊ခုံများ စီစဉ်ရပါမည်။

တက်ရောက်မည့်သူအသက်ကန် ့သတ်ချက်                  – အသက်၁၅နှစ်နှင့်အထက်ဖြစ်ရမည်

# ဆွေးနွေးပွဲ၏အစီအစဉ်နဲ ့ပက်သက်ပြီး [email protected] သို ့ဆက်သွယ်ပြီးစုံစမ်းမေးမြန်းနိုင််ပါသည်။

Click here to download the registration form.