×

မြန်မာကျောင်းသားလူငယ် ၄,၀၀၀ ကျော်မှ ဘောလုံးစွမ်းရည်များ ပြသနိုင်ခဲ့သည့် နိုင်ငံတစ်ဝှမ်း MPT လူငယ်ဘောလုံးပွဲတော်များနှင့် အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲများမှ ကြီးမားသည့်အောင်မြင်မှုများ ရရှိခဲ့

06 Dec 2018

(ရန်ကုန်၊ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၆ ရက်) – မြန်မာနိုင်ငံ၏ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က မြန်မာနေရှင်နယ်လိဂ် MNL ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF အပြင် အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ နောင်လာမည့် မျိုးဆက်သစ်ဘောလုံးအားကစားသမားကောင်းများ မွေးထုတ်ထောက်ပံ့ပေးနိုင်စေရေး၊ နည်းစနစ်ပိုင်းဆိုင်ရာ ဖွ့ံဖြိုးတိုးတက်လာစေရေး၊ လူငယ်များအတွက် ကျန်းမာသန်စွမ်းသည့် ဘဝနေထိုင်မှုပုံစံကို မွေးမြူတတ်စေရန် MPT လူငယ်ဘောလုံးပွဲတော်များနှင့် အသက် ၁၄နှစ်အောက်ဘောလုံးပြိုင်ပွဲများကို ယခုနှစ် ဇူလိုင်လ မှ စတင်၍ နိုင်ငံတစ်ဝှမ်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်ကစားသမားများ တက်ကြွစွာပါဝင်ဆင်နွှဲမှုနှင့်အတူ အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံး ပြိုင်ပွဲများ နှင့် လူငယ်ဘောလုံးပွဲတော်များကို မန္တလေး၊ မုံရွာ၊ ပဲခူး၊ မော်လမြိုင်၊ စစ်တွေ၊ ပုသိမ်၊ ရန်ကုန် နှင့် တောင်ကြီးမြို့ တို့တွင် ကျင်းပခဲ့ပြီး အဆိုပါပွဲများက နိုင်ငံတစ်ဝှမ်းမှ ဘောလုံးအသင်းပေါင်း ၁၀၀ကျော်ကို အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ဆွဲဆောင်ပါဝင်လာစေနိုင်ခဲ့သည်။ လူငယ်များ အားကစားကဏ္ဍတွင် ပိုမိုအောင်မြင်မှု ရရှိလာစေရေးအတွက် တိုက်တွန်းလှုံ့ဆော်ခြင်းများကို “နှလုံးသားထဲက မြန်မာ” အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် နိုင်ငံ၏ အနာဂတ်လူငယ်များအတွက် အထောက်အပံ့ကောင်းများစွာပေးနေသော MPT ၏ လူမှုအကျိုး ပြုလုပ်ငန်းများအတွင်းမှ ဆောင်ရွက်နေခြင်းဖြစ်သည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးှမှ အရာရှိချုပ်ဖြစ်သူ Mr. Yoshiaki Benino က “အခုလို လူငယ် အားကစားသမားလေးတွေအတွက်ရည်ရွယ်ပြီး နိုင်ငံတစ်ဝှမ်းမှာကျင်းပတဲ့ ဘောလုံးပွဲတော်တွေ အောင်အောင်မြင်မြင်ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဟာ ဒီနိုင်ငံကမျိုးဆက်သစ်လူငယ်တွေရဲ့ အားကစားပေါ်မှာ စိတ်အားထက်သန်ပြီး ဇွဲလုံ့လဘယ်လောက်ရှိတယ်ဆိုတာကို သက်သေပြလိုက်တာဖြစ်ပါတယ်။ အခုလို တက်တက်ကြွကြွနဲ့ အားကစားမှာပါဝင်ဆောင်ရွက်ခြင်းက များပြားတဲ့ကောင်းကျိုးတွေကို ရရှိစေမှာဖြစ်ပြီး ဒီအရာတွေက ရုပ်ပိုင်းဆိုင်ရာကျန်းမာသန်စွမ်းမှုတိုးတက်လာခြင်းတွေ၊ အသင်းအဖွဲ့နဲ့ ဆောင်ရွက်တတ်ဖို့ အတွက် သင်ယူလေ့လာနိုင်ခြင်းတွေအပြင် မှန်ကန်တဲ့လမ်းညွှန်ပြသမှုတွေအောက်မှာ ပြင်းပြင်းထန်ထန် ကြိုးစားသင်ယူပြီး လက်ရွေးစင်ကစားသမားတွေ ဖြစ်လာဖို့ အခွင့်အလမ်းတွေပါပဲ။ ကျွန်တော်တို့ရဲ့မိတ်ဖက် တွေနဲ့အတူ မြန်မာ့အားကစားတိုးတက်ရေးမှာ တစ်စိတ်တစ်ဒေသအဖြစ်ပါဝင်တဲ့ အခုလို ဘောလုံးပြိုင်ပွဲတွေကို ကျင်းပခွင့်ရတဲ့အတွက် MPT အနေနဲ့များစွာ ဂုဏ်ယူဝမ်းမြောက်မိတယ်ဆိုတာအပြင် အခုလို အခွင့်အလမ်း ကောင်းတွေမှာပါဝင်ခဲ့ကြတဲ့ ကစားသမားတိုင်း၊ နည်းပြတစ်ဦးချင်းစီတိုင်းနဲ့ နိုင်ငံရဲ့ဘောလုံးအားကစားကို အမြဲတမ်းမြင့်မားတဲ့အဆင့်အတန်းတစ်ခုမှာရပ်တည်နေနိုင်ဖို့ရာ သူတို့ကို အမြဲပံ့ပိုးကူညီပေးနေသူအားလုံးကိုပါ ဝမ်းမြောက်ဂုဏ်ယူနေတယ်ဆိုတဲ့အကြောင်းပြောကြားလိုပါတယ်” ဟု ပြောကြားသည်။

မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ၏ ပံ့ပိုးကူညီမှုနှင့်အတူ မြန်မာနေရှင်နယ်လိဂ်အဖွဲ့အစည်း၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အသက်အရွယ်အပိုင်းအခြားဖြင့် အမျိုးစုံသောအသင်းအဖွဲ့များ တိုးမြှင့်ပါဝင်လာပြီး အသက် ၆ နှစ်မှ ၁၂ နှစ် အတွင်းရှိ ကလေးငယ်များပါဝင်ခဲ့သည့် MPT လူငယ်ဘောလုံးပွဲတော်၊ အသက်၁၄ နှစ်အောက်လူငယ်ဘောလုံးပြိုင်ပွဲနှင့် တက္ကသိုလ်များအဆင့် ဘောလုံးပြိုင်ပွဲများကိုလည်း ကျင်းပနိုင်ခဲ့သည်။ ထို့အပြင် လူငယ်ခြေတက်ကစားသမားများ၏ တက်သစ်စ ဘောလုံးစွမ်းရည်များ ပိုမိုထူးချွန်လာစေရန်အတွက် MPT မှ ဘောလုံးအခြေခံအားကစားနည်း သင်ကြားရေး ဗွီဒီယို ရုပ်သံစီးရီးအစီအစဉ် ပါဝင်သည့် ဒီဗွီဒီအချပ်ရေ ၁၅,၀၀၀ ကျော်ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ စတင်၍ အထက်ပါ ဘောလုံးအားကစားပွဲတော်များတွင် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မီဒီယာ channel များမှ တစ်ဆင့်လည်း ထုတ်လွှင့်ပြသပေးလျက် ရှိသည်။

အသက် ၁၄ နှစ်အောက်လူငယ်ဘောလုံးပြိုင်ပွဲများနှင့် လူငယ်ဘောလုံးပွဲတော်များမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်၏ လူငယ်ခြေတက်ကစားသမားများ ရှာဖွေမြေတောင်မြှောက်နေသည့် အစီအစဉ်များ၏ တစ်စိတ်တစ်ဒေသ ဖြစ်ပြီး အဖွဲ့ချုပ်နှင့်နည်းပြများက နိုင်ငံတစ်ဝှမ်းမှ စွမ်းရည်ပါရမီရှိ ကစားသမားများကို ရွေးချယ်စိစစ်၍ နိုင်ငံအဆင့်အသင်းများတွင် ဝင်ရောက်ကစားနိုင်စေရန် ရှာဖွေစုဆောင်းခြင်းလည်းဖြစ်သည်။ ထို့အပြင် တစ်နှစ်ပတ်လုံးတွင် လူငယ်ဘောလုံးပွဲတော်အတွက် ကလေးငယ်များ၏ ဘောလုံးနည်းပြအဖြစ်ပါဝင် ဆောင်ရွက်ပေးခဲ့ကြသည့် အခြေခံပညာကျောင်းများမှ ကာယပညာလေ့ကျင့်သင်ကြားရေး ဆရာ ၄၀၀ ကျော် ကိုလည်း ထောက်ပံ့ပေးခဲ့ပြီး ၎င်းတို့အတွက် ကျွမ်းကျင်ဘောလုံးနည်းပြများဖြင့် အခြေခံဘောလုံးနည်းစနစ်များ သင်ကြားလေ့ကျင့်မှုကို ဦးစွာပြုလုပ်ပေးခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အဆိုပါ လေ့ကျင့်ရေးဆရာများမှ ၎င်းတို့ ရရှိထားသည့် ဘောလုံးနည်းစနစ်များကို သက်ဆိုင်ရာတာဝန်ကျရာ ကျောင်းများတွင် ပြန်လည်အသုံး ချနိုင်ခြင်းဖြင့် ရေရှည်တည်တံ့သော နည်းစနစ်ကောင်းတစ်ခုကို ရရှိမည်ဖြစ်ပြီး အနာဂတ်တွင် မြန်မာ့ဂုဏ်ဆောင် လူငယ်အားကစားသမားများ ထွက်ပေါ်လာစေရန်အတွက် နည်းစနစ်မှန်ကန်စွာဖြင့် ပျိုးထောင်ပံ့ပိုးသွားနိုင်မည် ဖြစ်ကာ ဒေသတွင်းအဆင့်ထိသာမက နိုင်ငံအဆင့်ထိပါ တက်လှမ်းအောင်မြင်နိုင်မည်ဖြစ်ပါသည်။

မြန်မာနေရှင်လိဂ်၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ ဦးစိုးမိုးကျော်က “အခုလို တစ်နိုင်ငံလုံးက လူငယ်တွေများစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ လူငယ် ဘောလုံးပြိုင်ပွဲတွေကို အောင်အောင်မြင်မြင်နဲ့ အခက်အခဲမရှိ ကျင်းပနိုင်ခဲ့တဲ့ အတွက် မြန်မာနေရှင်နယ်လိဂ်နဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့အနေနဲ့ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိ ပါတယ်။ ဒီပြိုင်ပွဲတွေဟာ ကျွန်တော်တို့အတွက် လူငယ်ခြေတက် ကစားသမားတွေကို ရှာဖွေဖို့ အခွင့်အလမ်း တွေ ပေးနေတာဖြစ်ပြီး လူငယ်တွေအတွက်လည်း ဘောလုံးအားကစားကို ဆက်ပြီးလေ့လာ လိုက်စားချင် လာစေမယ့် တွန်းအား တစ်ခုလည်း ဖြစ်စေပါတယ်။ ဒီ ၂၀၁၈ ခုနှစ်မှာ နိုင်ငံအဝန်းက ပြည်နယ်နဲ့ တိုင်း ၈ ခုမှာ ကျင်းပတဲ့ ဒီလူငယ် ဘောလုံးပြိုင်ပွဲတွေက တစ်ဆင့် ဘောလုံးအခြေခံကောင်းပြီး အသင်းအဖွဲ့နဲ့ပူပေါင်းပြီး ပိုမိုကြိုစားအားထုတ်တတ်တဲ့ အရည်အချင်းတွေနဲ့ ပြည်စုံပြီး တစ်ချိန်မှာ နိုင်ငံလက်ရွေးစင် အသင်းတွေ အတွက် အားထားရနိုင်မယ့် မျိုးဆက်သစ် ဘောလုံးသမားကောင်းလေးတွေ ပေါ်ထွက်လာမယ်လိုု့ ကျွန်တော်တို့ ယုံကြည်မျှော်လင့် မိပါတယ်။ ဘောလုံးအနာဂါတ်အတွက် တကယ့်ကို တန်ဖိုးရှိ အကျိုးဖြစ်ထွန်းစေတဲ့ ဒီလို လူငယ် ဘောလုံးပွဲတော်တွေ၊ လူငယ်ဘောလုံး ပြိုင်ပွဲတွေကို တစ်ပြည်လုံးနီးပါးအနှံ့ စည်စည်ကားကား ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့တဲ့အတွက်လည်း ကျွန်တော်တို့အားလုံး စိတ်လှုပ်ရှားပျော်ရွှင်နေကြပါတယ်။ ဒီအတွက်လည်း အဓိကပံ့ပိုးပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ Partner ဖြစ်တဲ့ MPT ကို အထူး ကျေးဇူးတင်မိသလို ပါဝင်ပံ့ပိုး ပေးခဲ့ကြတဲ့ အခြား စပွန်ဆာတွေနဲ့ အဖက်ဖက်မှ ပါဝင်ပူးပေါင်း ကူညီပံ့ပိုးပေးခဲ့ကြတဲ့ နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်အားလုံး၊ ကျောင်းအားလုံး၊ ကျောင်းသားလူငယ်တွေ အားလုံး၊ မိဘ ဆရာများ၊ နည်းပြဆရာများ အားလုံးကိုလည်း MFF, MNL နဲ့ MPT ကိုယ်စား ကျေးဇူးမှတ်တမ်း တင်ပါကြောင်း ထပ်လောင်း ပြောကြား ချင်ပါတယ်။ အနာဂါတ်မှာ အားထားရမယ့် လူငယ်တွေအတွက် ဒီလိုစီမံကိန်း လုပ်ငန်းကောင်းပေါင်း များစွာ ကျွန်တော်တို့ အနေနဲ့ ဆက်လက် အကောင်ထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်သလို ဒီလို ဆောင်ရွက်နိုင်ဖို့ လူငယ်လေးတွေ အတွက် အစဉ်အမြဲ အမှန်တကယ် ပံ့ပိုးပေးဖို့ စိတ်အားထက်သန်စွာ သံန္နိဌာန် ချမှတ်ထားပြီး ဖြစ်တဲ့ MPT ရဲ့ ပံ့ပိုးကူညီမှုနဲ့ အတူ အနာဂတ်မှာ ပိုမိုစီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

MPT အနေဖြင့် နိုင်ငံတစ်ဝှမ်းတွင် လူမှုအကျိုးပြုလုပ်ငန်းများစွာကို အထူးသဖြင့် တိုင်းပြည်၏အနာဂတ် ကို ဦးဆောင်မည့်လူငယ်များအတွက် ပညာရေး၊ ကျန်းမာရေး နှင့် စွန့်ဦးတီထွင် စသည့် ကဏ္ဍများတွင် အကျိုးပြုစေမည့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဆက်သွယ်ခြင်း (သို့) www.mpt.com.mm နှင့် တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mptofficialpage သို့ ဝင်ရောက်လေ့လာ နိုင်ပါသည်။